Why Do We Tired

အခုတော့ ကျွန်တော်တို့ WHY DO WE BLOG ဆိုတဲ့ seminer ကြီးအောင်မြင်စွာပြီးသွားပါပြီ။ ကျွန်တော်တို့ ထင်ထားတာထက် ပိုမိုများပြားစွာ လာရောက် အားပေးနားထောင်ကြပါတာကို တွေ့ရပါတယ်။ ခုံများလိုအပ်၍ ထပ်မံထည့်ရပါတယ်။

ကျွန်တော်တို့တွေ ဒီseminer ကြီးကို ကျင်းပနိုင်ရေးအတွက် ၁ လမတိုင်ခင်ကတည်းက ဆွေးနွေးခဲ့တယ်။ sponser တွေကိုရှာခဲ့ရပါတယ်။ အစည်းအဝေးတွေ အကြိမ်ကြိမ်လုပ်ပြီးတိုင်ပင်ခဲ့ရပါတယ်။ ဖိတ်စာရိုက်ခြင်း အင်္ကျီပေါ်တွင် sticker ရိုက်ခြင်း စာအုပ်ရိုက်ခြင်း အပြင်အခြားအရာပေါင်း သောင်းပြောင်းထွေလာများပြားစွာလုပ်ခဲ့ရပါတယ်။ တကယ်ကို ကျွန်တော်တို့ organizer တွေအရမ်းကို ပင်ပန်းခဲ့ပါတယ်။ အစည်းအဝေးရှိတိုင်းလာရတဲ့အတွက် ကျွန်တော်ဆို ဆီဖိုး ၊ တက္ကစီဖိုးတွေလည်း ကုန်ခဲ့ပါတယ်။ bus ကားစီးပါလားဆိုတော့ ကိုညီလင်းဆက်ပြောတဲ့အတိုင်းပါပဲ။ လူနံ့ မခံနိုင်လို့ပါ။ ကြာကြာမတပ်မရပ်နိုင်လို့ပါ။ ကျွန်တော့်စာမေးပွဲက ၃ ရက်နေ့ဖြေရပါမယ်။ မနေ့ည ၃၁ရက်နေ့ကဆို အိမ်ကို ၁၀ နာရီကျော်မှ ပြန်ရောက်ပါတယ်။ ဒီနေ့အတွက် လိုအပ်တာတွေ ပြင်ဆင်နေရလို့ပါ။ အကုန်လုံးလည်း အဲဒီအချိန်လောက်မှ အိမ်ပြန်ရကြရတာ။ power point persentation အတွက်လည်း ကြိုတင်ပြင်ဆင်ရပါတယ်။ ၃၁ မတိုင်ခင်ကတည်း ပြောမယ့်အကြောင်းအရာနဲ့ ပတ်သက်ပြီး ကြိုတင်ရေးသားထားပြီး လိုအပ်တာတွေကို အကုန်လုံး ဝိုင်းဝန်းဖြည့်စွက်ကြခဲ့ပါတယ်။ မနေ့ညကတော့ ထပ်မံပြီး စစ်ဆေးပါတယ်။ နောက်ပြီး power point persentation ကိုအကြိမ်ကြိမ်ပြင်ခဲ့ရပါတယ်။ ကိုမျက်လုံးဆို အိမ်မှာ hard disk ကြွသွားတဲ့အတွက် ည၁၁ နာရီထိ persentation ကို လုပ်ခဲ့ရပါတယ်။

အခုလိုအပင်ပန်းခံပြီး လုပ်ရတဲ့ကျိုးနပ်ပါတယ်….
လာရောက်အားပေးသူတွေကို ကျေးဇူးတင်ပါတယ်…
မြန်မာ Blogger တွေကိုလည်း ကျေးဇူးတင်ပါတယ်…
Blog ဖတ်ပရိသတ်တွေကိုလည်း အထူးကျေဇူးတင်ပါတယ်….
စလုံးကနေ အမြန်ပြန်လာပြီး အားပေးသွားတဲ့ ကိုဝေယံလင်းကိုလည်း ကျေးဇူးတင်ပါတယ်…
Alpha Zawgyi မှ ဦးရဲမြတ်သူကိုလည်း ကျေးဇူးတင်ပါတယ်..
လာရောက်သွားခဲ့တဲ့ သတင်းထောက်များကိုလည်းကျေးဇူးတင်ပါတယ်…
ကျေးဇူးတင်ဖို့ ကျန်ခဲ့တူတွေကိုလည်း ကျေးဇူးတင်ပါတယ်…
ကျွန်တော်လည်း ဒီနေ့မှ စပြီး စာစလုပ်ရမှာပါ….
ဘာစာမှကို မကျက်ရသေးပါဘူး…
Why Do We Blog ဆိုတဲ့ Blog လေးမှာ ဒီနေ့ seminer photo လေးတွေရှိပါတယ်ခင်ဗျာ..

လိုအပ်တာလေးတွေရှိရင်လည်း ကျွန်တော်တို့ကို နားလည်ခွင့်လွှတ်စေချင်ပါတယ်..
သိလိုသမျှ မေးခွန်းအားလုံးကို အချိန်အခက်အခဲကြောင့် ဖြေမပေးနိုင်ခဲ့တဲ့အတွက် နားလည်ခွင့်လွှတ်စေချင်ပါတယ်…

Leave a Comment

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.