iOS 26 ရဲ့ Liquid Glass ကို Xcode 26 beta နဲ့ စမ်းကြည့်ပြီးတော့မှ နောက်ပိုင်း cross platform တွေ ရေးဖို့ မလွယ်တော့တာ တွေ့ရတယ်။ Flutter က လက်ရှိ Material 3 ကို support လုပ်ဖို့ လုပ်နေတယ်။ Liquid Glass ကို အခု support လုပ်ဖို့ မရှိသေးဘူး ဆိုထားတယ်။
Material 3 က function တွေကို အသားပေးထားတယ်။ နောက်ပြီး အရောင်အသွေး စုံတယ်။ Liquid Glass iOS 26 Beta 1 မှာ glass ပဲ ပါမယ့် နောက် version မှာ glass ကို အရောင်ပြောင်းလို့ ရလာလိမ့်မယ်။ Buttton glassProminent ကို WWDC မှာ ပြောထား ပေမယ့် beta 1 မှာ မပါလာဘူး။
အရင်က guide line တွေ ချိုးဖောက်ပြီး guide line အသစ် တွေ ထပ်ဖြည့်ထားတယ်။ Toolbar နဲ့ ဆိုင်တာတွေ က guide line အသစ်တွေ ဖြစ်ကုန်တယ်။ Material 3 နဲ့ မတူညီတာတွေ အများကြီး ဖြစ်သွားတယ်။ အရင်က Material Design က iOS အတွက်လည်း အဆင်ပြေတယ်။ အခုကတော့ နောက်ပိုင်း iOS 26 က စပြီး material design က iOS မှာ လုံးဝ match မဖြစ်တော့သည့် ပုံစံ ဖြစ်သွားတယ်။ Toolbar အယူအဆ တွေ UI/UX အသုံးပြုပုံတွေ တော်တော်များများ ပြောင်းသွားတယ်။ Toolbar မှာ button တွေက အကြီးကြီးတွေ။ ဥပမာ Reminder app မှာ ဆိုရင် add new အတွက် သုံးထားသည့် toolbar button တွေကို ကြည့်ရင် တွေ့နိုင်ပါတယ်။ နောက်ပြီး toolbar က အောက်ဘက်မှာ အရင်က အတန်းလိုက်ကြီး ဖြစ်တာကြောင့် action ၂ ခုလောက်ပဲ ထည့်သည့် အခါမှာ UI က အဆင်မပြေဘူး။ အခု တော့ toolbar group တွေ ပါလာတယ်။ action တွေ နည်းနည်းများများ အဆင်ပြေသွားပြီ။ Navigation bar ကလည်း title ကို font size ကြီးကြီး နဲ့ ဘယ်ဘက်မှာ ထားပြီး ညာဘက်မှာ toolbar နဲ့ တွဲသုံးသည့် UX ဘက်ကို ပြောင်းသွားတယ်။
UI/UX က Liquid Glass နဲ့ Material 3 မှာ ကွဲထွက်သွားပြီ။ Flutter နဲ့ Material design သုံးပြီးလုပ်ထားပေမယ့် App တွေက native feel ကို ခံစားရမှာ မဟုတ်တော့ဘူး။ Cross platform ကို ဖန်တီးသည့် အခါမှာ ပုံမှန် အားဖြင့် UI အတူတူပဲ ဖန်တီး ကြပါတယ်။ iPad မှာ ဆိုရင် လုံးဝ ပြောင်းလဲ မှုတွေ ရှိလာတယ်။ File Menu တွေ ပါလာတယ်။ iPhone, iPad နှစ်ခု လုံးကို support ဖို့ အတွက် native ပြန်ရေးရမယ့် သဘောဖြစ်နေတယ်။ Flutter မှာဆိုရင် iPad က ပုံစံ tab bar မရဘူး။ နောက်ပိုင်း cross platform သမား က native ပြန်ရေးရသည့် ခေတ်ပြန်ရောက်လာမလား ဆိုတာကတော့ စောင့်ကြည့်ရမှာပဲ။
အခု Liquid Glass က launcher တစ်ခု တည်းမဟုတ်ပါဘူး။ လုံးဝကို အသစ် Design System တစ်ခုပါ။ သူ့ရဲ့ UI/UX design အယူအဆ တွေက အရင် နဲ့ ကွာတာ ကို တွေ့ရလိမ့်မယ်။ Material Design နဲ့ ကွာတာ ကို တွေ့ရလိမ့်မယ်။ အဓိက ပြသနာက Liquid Glass အတွက် Human Interface Guideline အကုန် ပြန်လေ့လာရတာပဲ။