Palm OS မှ LG WebOS

Nokia အကြောင်း လိုက်ဖတ်နေရင်းနဲ့ Nokia က မမှားခဲ့ဘူး ဆိုတာ​ သူတို့တွေ အသစ်တွေ အများကြီး လုပ်တယ်။ စမ်းသပ်တယ်။ Device တွေ မျိုးစုံ ထုတ်ခဲ့တယ်။ ခက်တာက ဘောင်ထဲ က တီထွင်မှု တွေ ဖြစ်နေတာပဲ။ Nokia ဖုန်း က ရိုးရိုး keypad ဖုန်း ၊ game ဆော့တာကို design လုပ်ထားသည့် N-Gage, ခေါက်ဖုန်းတွေ နောက်ပြီး video camera focus N93 စတာတွေ အများကြီး ထုတ်ခဲ့တာပဲ။ ပြဿနာက Thinking inside a box ဖြစ်နေတာပဲ။ Thinking outside the box ဆိုတာ ထင်သလောက် မလွယ်ဘူး။ အကုန်လုံးက keypad ကိုပဲ design ထုတ်ခဲ့တာ ဖြစ်နေတာ့ keypad လုံးဝ မပါသည့် iPhone ထွက်လာတော့ မယှဥ် နိုင်တော့ဘူး။

iPhone မတိုင်ခင် Android ဖုန်း ကိုယ်တိုင်က Nokia ရဲ့ Symbian OS clone ပဲ။ iPhone ထွက်လာတော့ Touch Screen နဲ့ iPhone clone ဖြစ်လာတာပေါ့။ အဲဒီ အချိန်က Palm, Windows PDA, Symbian OS, Blackberry တွေ အကုန်လုံးက keyboard အခြေပြု business အတွက် ထုတ်ထားသည့် ဖုန်းတွေပဲ။ iPhone က လုံးဝ revolution ဖြစ်သွားတာ။ အခုအချိန်မှာ iPhone ကိုယ်တိုင်က thiking outside the box မလုပ်နိုင်တော့ဘူး။ ဒီ ဘောင်ထဲ က အတွင်း စဥ်းစားပြီး design ထုတ် ပိုက်ဆံ ရှာ ပုံစံပဲ။ ဟိုးအရင် က Nokia လည်း ဒီလိုပဲ။ Innovation ရှိတယ်။ ဒါပေမယ့် ဖုန်း screen နဲ့ keyboard ပါမယ်ဆိုသည့် ဘောင် ထဲ ကနေ ပဲ စဥ်းစားပြီး innovation တွေ လုပ်ခဲ့တာ။ အဲဒီ အချိန်က stylus နဲ့ keyboard သုံးတာ လုံးဝ အဆင်မပြေခဲ့ဘူး။ အခု အချိန်မှာ iPhone ရဲ့ innovation က ဘောင်ထဲက ပဲ ပြောင်းလဲ နေသည့် သဘောပဲ။

Nokia Story က လူတိုင်း သိကြပေမယ့် ကျွန်တော် စိတ်ဝင်စားခဲ့သည့် OS , မျှော်လင့်ခဲ့သည့် OS တစ်ခု ရှိခဲ့တယ်။ အဲဒါက WebOS ပဲ။ WebOS မတိုင်ခင် ပထမဆုံး Palm OS ကို 1996 မှာ ထွက်ခဲ့တာ။

iPhone ထွက်ပြီးနောက် Android ထွက်လာတယ်။ iPhone မတိုင်ခင်မှာ PalmOS က နာမည်ကြီးပြီး လုံးဝ future ပဲ။ iPhone မှ high end market နဲ့ Android က low end market ကို နေရာယူလိုက်ပြီးသည့် အချိန်မှ Palm က WebOS ကို မိတ်ဆက်ခဲ့တာ။ အရမ်းကို နောက်ကျသွားတယ်။ Android မတိုင်ခင် ထွက်လာခဲ့ရင် Second Choice ကို WebOS ဖြစ်လာခဲ့မှာ။

WebOS ကို ၂၀၀၉ CES မှာ မိတ်ဆက်ခဲ့တာ။ 2007 June မှာ iPhone ကို မိတ်ဆက်လာတယ်။ 2008 September မှာ Android 1.0 ထွက်လာတယ်။ Android 1.0 HTC Dream က လုံးဝ အမိုက်စားပဲ။ HTC ရဲ့ build quality က iPhone ရဲ့ buid quality ကို ယှဥ်နိုင်တယ်။ Android OS ကလည်း open source ပဲ။ Android ကလည်း 2008 September မှာ Android 1.0 ကို Java နဲ့ SDK ပါ ထွက်လာတော့ Java သမား အများစု ရှိသည့် Symbian က နေ ချက်ခြင်း Android ပြောင်းရေးနိုင်တာပဲ။ iPhone က App store ကနေ App တွေ သွင်းနေရချိန်မှာ Android က လွယ်လွယ်ကူကူ သွင်းလို့ ရတော့ လူကြိုက်များလာတာပဲ။ Developer တွေ ကြိုက်ကျ သလို User တွေလည်း Symbian OS alternative အနေနဲ့ ပြောင်းလာကြတာပဲ။ ဒီမှာ သတိထားမိတာက Android Beta SDK ကို ၂၀၀၇ နိုဝင်ဘာလ ကတည်းက ထုတ်ထားပြီး Developer တွေကို App စရေးလို့ ရအောင် လုပ်ထားတာပဲ။ Hardware မရှိခင် ready ဖြစ်အောင် market ကို ဝင်ဦးထားတာ။ iOS က 2008 March မှာမှ SDK နဲ့ native app ရေးလို့ ရလာတာ။ 2008 September မှာ Android ထွက်လာသည့် အချိန် App တွေက ready ဖြစ်ပြီး market ကို နေရာယူထားတာပဲ။

ဘာလို့ ဒီ history ကို ပြန်ပြောရသလဲဆိုတော့ Android Market ယူထားတာ ကို မြင်အောင်ပါ။ iPhone လိုမျိုး OS မင်းတို့ အလကား သုံးလို့ရမယ်။ Native App ရေးလို့ရမယ်။ Java နဲ့ ရေးလို့ ရတယ်။ လုံးဝ market ကို ဝင်သိမ်းလိုက်တာ။

၂၀၀၇ အောက်တိုဘာ မှာ Apple က Jon Rubinstein က Palm ကို executive chairman အနေနဲ့ ရောက်လာတယ်။ သူမရောက်လာခင်ထိ Palm မှာ ဘာ plan မှ မရှိဘူး။ Apple ဖုန်းမထွက်ခင်ထိ OS က မကောင်း။ ထွက်သည့် OS အသစ်တွေက လည်း ပြဿနာတွေ ကြီးပဲ။ နောက်ပြီး hardware , software company နှစ်ခု ခွဲထုတ်လိုက်တာလည်း ပြဿနာပဲ။ ဒါထက် ထက်ဆိုးတာက PalmOS ရေးပေးသည့် PalmSource ကို ဂျပန် company Access ကို ရောင်းလိုက်ပြီး အဲဒီ company က ရေးပေးမယ့် OS ကို ထိုင်စောင့်နေတာပဲ။ iPhone လည်း ထွက်ကော သွားပြီ ဆိုပြီး ဖြစ်သွားတာပဲ။

2007 မှာ Jon Rubinstein ရောက်လာပြီး အစအဆုံး ပြန်ရေးမယ် ဆိုပြီး Web OS ဖြစ်လာတာပဲ။ Joh Rubinstein က iPod ဖြစ်လာအောင် Tohsiba Hard Drive ကို ရှာတွေ့ခဲ့သည့်သူ။ အဲဒီ​ hard disk သုံးပြီး လုပ်လို့ ရမယ့် iPod idea ကို Steve Jobs ကို ပေးခဲ့သူ။ တနည်းပြောရင် သူက future vision အားကောင်းသည့် သူ တစ်ယောက်ပဲ။

ဒီမှာ WebOS ပြန်ရေးချိန်က အတော့် ကို နောက်ကျနေပြီ ဆိုတာကို တွေ့ရမှာပါ။ Project Nova လို့ ခေါ်တယ်။ ၂၀၀၇ မှ စသည့် အချိန် OS အစအဆုံး ပြန်ရေးတာ ၂ နှစ် ကြာတယ်။ ၂၀၀၉ မှ ထွက်နိုင်တယ်။

WebOS ၂၀၀၉ မှ ထွက်တော့ Demo ကြည့်ပြီး ကြွေသွားတာပဲ။ Web နည်းပညာတွေ ပဲ သုံးထားတာ။ App ရေးမယ့်ဆိုရင် HTML, CSS , Javascript သိတာ နဲ့​ရေးလို့ ရပြီ။ Linux ပေါ်မှာ အုပ်ထားသည့် Web Browser layer တစ်ခုလိုပဲ။ App တွေ အကုန်လုံးက Web App တွေပဲ။ တနည်းပြောရင် React Native, Electron တို့ ရဲ့ ရှေ့ပြေးပဲ။ Design ကလည်း ရေလည် လှတယ်။

ဘာလို့ webOS ကို ကြွေသွားတာလည်း ဆိုတော့

Multitasking Card View

အခုခေတ် iphone , android မှာ မြင်နေရသည့် Card View , App Switcher က WebOS ကနေ ကူးထားတာပဲ။ အဲဒီ အချိန်မှာ Android ကော iOS ကော အဲဒီလို card view, app switcher မရှိသေးဘူုး။ WebOS မှာ စမိတ်ဆက်ခဲ့တာ။

Just Type (Universal Search)

Search bar တစ်ခု ကနေ contact , app , contact , email အကုန် ရှာပေးတယ်။ နောက်ပိုင်း iPhone က Spotlight Search ဆိုပြီး ကူးချတာပဲ။

Gesture Area

ဘာ ခလုတ်မှ မပါဘူး။ Android က back, home , search menu တွေနဲ့ ခလုတ်တွေ ပါသည့် အချိန်။ back လုပ်ချင်ရင် ဘယ်ဘက် ကို ပွတ်ဆွဲ။ Home ပြန်ချင်ရင် အပေါ်ကို ပင့်လိုက်။ အခုခေတ် Android ကော iOS ကော ကူးထားသည့် အရာပဲ။

Synergy (Contacts)

Facebook, Google, Sim Card contact တွေ အကုန် ပေါင်းပြီး ပြထားပေးတာ။ ရေလည် မိုက်တာ။ Profile တစ်ခု တည်းမှာ အကုန် အလိုလို ပေါင်းပြီး ပြပေးတာ။

Notification

Notification က အောက်ဘက် banner အနေနဲ့ ပဲ ဖြတ်ပြေးသွားတာ။ လိုချင်မှ ဆွဲတင်ပြီး ကြည့်ရုံပဲ။ iPhone က အဲဒီ အချိန်မှာ Notification တက်လာတိုင်း Alert Box ကြီး နဲ့ ဆိုတော့ မြင်ကွင်းကို ခဏခဏ ကွယ်ကွယ်သွားတာ။ webOS မှာ အဲဒီ​ လို မဟုတ်ဘူး။

Over the air Update

ဒါကတော့ အလန်းဆုံးပဲ။ OS အသစ်ထွက်တိုင်း ဘာ device နဲ့ မှ ချိတ်စရာ မလိုပဲ update လုပ်လို့ရတယ်။ iPhone ဆိုရင် ကြိုးတပ် iTunes ချိတ်ပြီး update လုပ်နေရသည့် အချိန်ပေါ့။

ပြဿနာက ဘာလဲဆိုတော့ web ဖြစ်နေလို့ browser တွေကလည်း အခုခေတ်လို မကောင်းသေး နောက်ပြီး hardware ကလည်း အခုခေတ်လို မကောင်း။​ ဒါကြောင့် နှေးတာပဲ။ Lag လည်း အရမ်း ဖြစ်တာ။ တနည်းပြောရင် OS level က အဲဒီ ခေတ်က hardware ကို optimize မလုပ်နိုင်ဘူးပေါ့။

နောက်ပြီး ပိုက်ဆံ မရှိတာ။ webOS invest လုပ်ထားပြီး marketing အတွက် ပိုက်ဆံ မရှိဘူး။ next generation အတွက် ပိုက်ဆံ မရှိဘူး။ Apple ကိုကော Google ကို ကော တရားပြန်စွဲ ဖို့ ပိုက်ဆံ မရှိဘူး။ သူတို့ က တရားပြန်စွဲ ရင်လည်း ဖြေရှင်းနိုင်မယ့် ပိုက်ဆံ ရှိမနေဘူး။ အဲဒီ တော့ သူရဲ့ idea တွေ အကုန်လုံးက Google နဲ့ Apple က ကူးကုန်တာပဲ။

Palm က နောက်ထပ် verison ထုတ်ဖို့ ပိုက်ဆံ မရှိတော့ HP ကို 1.2 Billion နဲ့ 2011 April မှာ ရောင်းလိုက်ရတယ်။ HP က CEO က အကုန်လုံးမှာ သုံးမယ့် OS ဆိုပြီး ကြွေးကြော်တယ်။ Tablet တွေ ဖုန်းတွေ ထုတ်လိုက်သေးတယ်။ နောက်ပိုင်း HP printer တွေမှာပါ ထည့်မယ် ဆိုပြီး။ 2011 Auguest မှာ CEO အသစ် ပြောင်းသွားတယ်။ သူက Software သမား။ Hardware ကို သိပ်ဂရုမစိုက်ဘူး။ ရက်ပေါင်း ၄၀ အကြာမှာပဲ webOS hardware တစ်ခုလုံးကို ဖြုတ် ချလိုက်တယ်။ webOS ဘဝ က ပြီးသွားတာပဲ။ 2011 ဒီဇင်ဘာမှာ webOS ကို HP က open source ပေးလိုက်တယ်။

2013 Feb မှာ Phone လောကမှာ ကျရှုံးခဲ့သည့် LG က webOS ကို HP ဆီကနေ ဝယ်ခဲ့တယ်။ ဖုန်းထက် သူ့ Smart TV တွေ အတွက် OS အနေနဲ့ သုံးဖို့ပါ။ အဲဒီ အချိန်က Google TV က အတော် ဂွမ်းတယ် ဆိုရမယ်။ 2014 January မှာ LG webOS Smart TV ကို မိတ်ဆက် ပြန်တယ်။ အကြိုက်ဆုံးက တော့ Nintendo Wii လိုမျိုး cursor အနေနဲ့ သုံးလို့ရသည့် remote ပဲ။

နောက်တကြိမ် ထပ်ကြွေရတာပဲ။ webOS ရဲ့ core idea တွေက အရမ်း innovative ဖြစ်တယ်။ Content is a king ဆိုပြီး TV ဟာ content တွေ ကြည့်ဖို့ အဓိက အားထားတယ်။ OS က အဲဒီ အတွက် design လုပ်ထားဆိုပြီး မိတ်ဆက် တာ မှတ်မှတ် ရရပဲ။ Netflix card ပေါ် Remote (cursor) ရောက်တာနဲ့ netflix ထဲ ဝင်စရာ မလိုပဲ Recent movies တွေ News Movies တွေ ကို ပြပေးတာ။ အဲဒီ အချိန်မှာ Google TV က အဲလို မရှိဘူး။ တနည်းပြောရင် လက်ရှိ ကြည့်နေသည့် content ကို ပိတ်မသွားတာပေါ့။

2020 မှာ Google TV က အဲဒီ idea ကို ကူးပြီး အခုခေတ်လို UI ဖြစ်လာတာပဲ။

LG WebOS မှာ Launcher Bar ကို မိတ်ဆက်ခဲ့တာ။ အဲဒီ မတိုင်ခင် Google TV က menu ကို နှိပ်လိုက်ရင် အရှေ့ ရောက်ပြီး Content ကြီး ပိတ်သွားကော။ LG WebOS မှာ မင်းတို့ TV ဆက်ကြည့်နေလို့ရတယ်။ menu ကို အောက်ခြေမှာ Cards လေးတွေ နဲ့ ပြပေးတယ်။

2014 June လည်း ရောက်ရင် Android က ကူးချပြီး Leanback UI ဟာ webOS လို Card view တွေ နဲ့ ဖြစ်လာတယ်။ design ကွာတာ က လွဲလို့ concept က အတူတူပဲ။

HDMI , HDMI 2 ပြောင်းတာ တွေက TV ဘက်မှာ လုပ်တာ။ LG WebOS က အဲဒါက OS level မှာ လုပ်တာ ဖြစ်သွားတာပဲ။ HDMI 1, PlayStation, Netflix, Youtube အားလုံးကို တန်းတူသဘောထားပြီး Launcher bar မှာ ကတ်ပြားလေးတွေအဖြစ် အတူတူ ယှဉ်တွဲပြထားပါတယ်။ နောက်ပိုင်း Google TV က အဲဒီ idea က ကူးတာပါပဲ။

LG လက်ထဲ ရောက်သွားတော့ webOS က အရင်ကလို idea အသစ်တွေ ပြန်ချ ပြခဲ့တာ မြင်ခဲ့ရလို့ အားရခဲ့တယ်။ အခု WebOS ဟာ LG ရဲ့ OS of everything တောင် ဖြစ်နေပြီ လို့ ဆိုရမယ်။ ကားစနစ်မှာ ဆိုရင် webos ကို အသုံးပြုထားသည့် PlayWare , လေဆိပ်တွေ စားသောက်ဆိုင်တွေက Digital Menu Board တွေ , Digital Signage တွေ မှာ LG WebOS နဲ့ run ထားပါတယ်။ Error နည်းပြီး ၂၄ နာရီ လုံး run ထားလို့ရပါတယ်။

LG CineBeam , LG Monitor တွေမှာလည်း webOS ကို ထည့်သွင်းထားပါတယ်။ Computer မလိုပဲ Internet , Netflix တွေ ကြည့်လို့ရအောင်ပေါ့။

WebOS မှာ LG ရဲ့ လက်ထဲမှာ အများကြီး တိုးတက်ပြောင်းလဲသွားတယ်။ LG လည်း အရှုံးပေါ်နေသည့် Mobile အစား ပြိုင်ဆိုင်မှု မရှိသေးသည့် TV လောက ထဲကို webOS နဲ့ ပြောင်းလဲခဲ့တာပဲ။