ပျက်စီးနေလို့ ဖျက်စီးတတ်တာလား

တဖြည်းဖြည်းဆိုးဝါးလာတော့ မပြောပဲ မနေနိုင်တော့ဘူး။ မြန်မာတွေအခြေခံစိတ်ဓာတ်ကိုက ပျက်စီးနေပြီ။ ကျွန်တော် သိချင်တာက virus ဘာလို့လုပ်တာလဲဗျ။ အဲဒါလုပ်တော့ကော ဘာထူးသွားလဲ။ တခြားနိုင်ငံမှာဆိုရင်တော့ ထောင်ကျဖို့သာ ပြင်ထား။ အမှန်တိုင်းဆို အခြေခံစိတ်ဓာတ် မကောင်းတဲ့ကောင်တွေ လို့ဆိုရမယ်။ ကျွန်တော်ပြောမယ်ဗျာ။ Computer တစ်လုံးကို ဖျက်စီးရတာ လွယ်လွယ်လေးပါ။ ဘာတွေလုပ်နေမှာလဲ။ Windows folder အောက်က ဖျက်လို့ရသမျှ folder တွေ file တွေဖျက်ချလိုက်။ C: အောက်က boot တက်မယ့်ဟာတွေ ဖျက်ချလိုက်ပေါ့ဗျာ။ မဖျက်ချင်ဘူးဆိုလည်း replace တွေလုပ်လိုက်ပေါ့။ နည်းနည်းသဘောကောင်းချင်ရင် တက်လာတဲ့ exe တွေကို ကိုယ့် virus နဲ့ replace လုပ်လိုက်ပေါ့။ အဲဒါလေးကို ကိုယ့်ကိုယ် hacker လို့ခံယူနေသေးတယ်။ မြန်မာတွေ ရှက်ကော ရှက်တတ်သေးရဲ့လား။ ကျွန်တော်ကတော့ virus လုပ်တာ အားမပေးဘူး။ ဒါပေမယ့် virus ဘယ်လိုရေးလဲ ဘယ်လိုအလုပ်လုပ်လဲဆိုတာတော့ သိအောင်လေ့လာရမယ်ဆိုတာကိုတော့ လက်ခံထားတယ်။

အမှန်တိုင်းဆိုရင် နိုင်ငံခြားကကောင်တွေက မဖျက်စီးဘူး။ စက်နှေးသွားတယ်။ မသိသာဘူး။ ဝင်လို့ ဝင်နေမှန်းမသိသာဘူး။ နှေးပြီး လေးလာတာလောက်ပဲ။ နောက်ပြီး permission တွေပိတ်တာလောက်ပဲ။ သိပ်မပြီး အကျင့်မယုတ်ကြဘူး။ ကိုရွှေမြန်မာတွေကတော့ ဖျက်လိုဖျက်စီးတွေ များပါ့။ ကျွန်တော် MZ တိုက်ခံထိမှ သိသွားတယ်။ တိုက်ရတာ လွယ်တယ်။ ဖျက်ရတာလွယ်တယ်။ ကာရတာခက်တယ်။ repair လုပ်ရတာလည်း အလုပ်ရှုပ်တယ်။ နောက်ပြီး backup မရှိရင် ပိုဆိုးကုန်တယ်။ လူတစ်ယောက်က အကျင့်ယုတ်ညံ့မှုကြောင့် တခြားလူတွေ သူနဲ့ ဆက်စပ်တဲ့လူတွေ အများကြီး ပြသနာတွေဖြစ်ကုန်တယ်။ ကိုယ့်ကိုယ်မေးကြည့်ပါ။ ငါဘာကောင်လဲဆိုတာ။ အဲလိုမျိုး ဖျက်လိုဖျက်စီးလုပ်တတ်တဲ့ အကျင့်က လူကြားထဲမှာ တိုးလို့မရဘူး။ ငါ ဘယ် virus ကိုရေးခဲ့တာကွလို့ လူကြားထဲ ထအော်ကြည့်ပါလား။ ဝိုင်းဆော်လိုက်ကြမယ့်ဖြစ်ခြင်း။ တရားစွဲလိုက်ရမယ့်ဖြစ်ခြင်း။ ရှက်ဖို့ကောင်းတဲ့အလုပ်ပါဗျာ။ ကျွန်တော် အခုအချိန်ထိ virus တွေ မထိသေးဘူး။ ဒါပေမယ့် သူငယ်ချင်းတွေထိတာ အလုပ်ရှုပ်ခံရတာကြောင့် မနေနိုင်တော့ဘူး။ မြန်မာအချင်းချင်းမပြောချင်ဘူး။ ဒါပေမယ့် အကျင့်ယုတ်တဲ့ မြန်မာတွေ ဆက်ပြီး စိတ်ဓာတ်မပျက်စီးချင်လို့ ကျွန်တော် ပြောတာ။ အခုချိန်မှာ လမ်းမမှားသေးဘူး။ လမ်းမှန်ပြန်လျှောက်ပါ။ virus ရေးတာ ဖျက်စီးရတာ ဂုဏ်ယူစရာမဟုတ်သလို လူအထင်ကြီးတဲ့အရာလည်း မဟုတ်ဘူးဗျာ…

9 Comments

  1. မှန်လိုက်တဲ့စကားတွေ…အပြည့်အဝထောက်ခံပါတယ်။ ကျွန်တော်ကတော့ အဲဒီ virus လုပ်တဲ့သူတွေကိုအထင်လဲမကြီးဘူး။ သူတို့ကိုယ်သူ့တို့ virus ရေးနိုင်တယ်ဆိုပြီး ဂုဏ်ယူနေကြလားမသိ? ကိုယ့်နိုင်ငံအတွက်တိုးတက်အောင် တစ်ခုခုလုပ်ပေးမယ်စိတ်မကူးဘူး ဖျက်စီးဖို့ဘဲကြံစည်နေကျတယ်။ စေတန်ကြီးပြောသလို လမ်းမှန်လျှောက်နိုင်ရင်တော့အကောင်းဆုံးပေါ့ဗျာ။

  2. ဒီကရေးနေတဲ့ကောင်တွေက ဖြတ်ညှပ်ကပ်နဲ့၊ တောင်ပြင် မြောက်ပြင်တွေပါ။ autorun virus လေးလောက်နဲ့ ကိုယ့်ကိုယ်ကို အထင်ကြီးနေကြတာပါ။ ကျွန်တော်ကတော့ အဖျက်သမားတွေကို လုံးဝအထင်မကြီးပါဘူး။ ပညာရှင်လို့လဲ မသတ်မှတ်ဘူး။

  3. Paing says:

    တကယ်ကိုရေးသားချက်တွေကောင်းပါတယ် ကိုစေတန်ရေ…
    မြန်မာပြည်မှာ သူများအကျိုးပျက်စီးအောင်ယုတ်မာတာ မကောင်းဘူးပေါ့ဗျာ…
    မြန်မာလူမျိုးတွေဟာ ပိုမိုတိုးတက်တဲ့ စိတ်ဓါတ်တွေ၊ အကျင့်တွေရှိဖို့လိုအပ်လာပြီလေ…
    တချိန်ကျရင် ကိုယ့်သမိုင်းကို ကိုယ်ရေးမှာပေါ့ဗျာ…
    မကောင်းသူဟာ မကောင်းတဲ့အကျိုးဆက်ကိုတချိန်မှာ ခံစားရမှာပါလေ…
    မြန်မာ့ ကွန်ပျူတာပညာရှင်များ ပိုမိုတိုးတက်လာပါစေလို့ ဆုမွန်ကောင်းတောင်းရင်း…

  4. saturngod says:

    အားပေးတဲ့သူတွေ ကျေးဇူးပဲဗျာ… ကျွန်တော်လည်း အဲဒီ ကိစ္စကို တော်တော်လေးကို မကြိုက်တာအမှန်ပဲဗျ… Hacker ဆိုတာဘာလဲ Cracker ဆိုတာဘာလဲ ဆိုတာတောင် နားမလည်ပဲနဲ့ဗျာ…. ကိုယ့်ကိုယ်ကို Hacker လို့ ခံယူထားတာ ဘာကြောင့်လဲ… virus လေးရေးတတ်တာလောက်နဲ့တော့ Hacker လို့ပြောရင် Hacker တွေ သိက္ခာကျပါတယ်ဗျာ

  5. kotharthar says:

    တော်တော် ဒေါသဖြစ်နေပုံရတယ်။
    ကိုစေတန်ရေ…လူဆိုတာ ကိုယ့်စားရိတ်နဲ့ကိုယ်သွားကြလိမ့်မယ်ဗျာ။
    စိတ်အရောင်ဟာ ကိုယ်မှာထင်ဟပ်ပါတယ်။ စိတ်ထားညံ့ဖျင်းတဲ့လူဆို
    လူမွှေးမပြောင်တဲ့ အဆင့်ကိုရောက်သွားပါလိမ့်မယ်။ စိတ်ထားတွေကို ပြုပြင်
    ပြောင်းလဲဖို့ဆိုတာ၊ ဘာပြောပြော၊ ဆုံးမရခက်သူတွေရှိလို့လဲ အကျဉ်းထောင်
    တွေထားရတာမဟုတ်လား။
    ဆုံးမရလွယ်ကူတာဟာ မင်္ဂလာတစ်ပါးပါဗျာ။ တစ်ချို့ဆုံးမရခက်သူတွေကိုတော့
    ပညာရှိနည်းနဲ့ပြန်နှိပ်စက်ရမယ်ဗျို့။

  6. Win Tun says:

    မှန်တယ်ဗျာ
    အဲဒီလို လူတွေကို ဘယ်သူကမှ အထင်မကြီးပါဘူး။ ကျွန်တော်ထင်တယ်
    တစ်လွဲ ဆံပင်ကောင်းများ ဖြစ်နေကြသလားလို့

  7. ဟုတ်ပ ဟုတ်ပ… အဲဒါ စိတ်ရောဂါ အနုစားဖြစ်နေကြတာပေါ့ …

  8. zerocool says:

    မှန်တာပေါ့..virus ရေးတတ်တာလောက်နဲ့ Hacker လို့ပြောလို့ဘယ်ရမလဲ…
    ကိုစေတန် အရင် MZ အဟောင်းမှာ virus code တွေထည့်ပေးထားတယ်..
    အခုလဲ saturngod.net မှာထည့်ပေးရင် user တွေသတိထားလို့ရတာပေါ့။

    zerocool

  9. phoebus says:

    that right! ……….it real….

    မှန်တယ်ဗျာ

Leave a Reply to TweetyCoaster Cancel reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.