တဖြည်းဖြည်းဆိုးဝါးလာတော့ မပြောပဲ မနေနိုင်တော့ဘူး။ မြန်မာတွေအခြေခံစိတ်ဓာတ်ကိုက ပျက်စီးနေပြီ။ ကျွန်တော် သိချင်တာက virus ဘာလို့လုပ်တာလဲဗျ။ အဲဒါလုပ်တော့ကော ဘာထူးသွားလဲ။ တခြားနိုင်ငံမှာဆိုရင်တော့ ထောင်ကျဖို့သာ ပြင်ထား။ အမှန်တိုင်းဆို အခြေခံစိတ်ဓာတ် မကောင်းတဲ့ကောင်တွေ လို့ဆိုရမယ်။ ကျွန်တော်ပြောမယ်ဗျာ။ Computer တစ်လုံးကို ဖျက်စီးရတာ လွယ်လွယ်လေးပါ။ ဘာတွေလုပ်နေမှာလဲ။ Windows folder အောက်က ဖျက်လို့ရသမျှ folder တွေ file တွေဖျက်ချလိုက်။ C: အောက်က boot တက်မယ့်ဟာတွေ ဖျက်ချလိုက်ပေါ့ဗျာ။ မဖျက်ချင်ဘူးဆိုလည်း replace တွေလုပ်လိုက်ပေါ့။ နည်းနည်းသဘောကောင်းချင်ရင် တက်လာတဲ့ exe တွေကို ကိုယ့် virus နဲ့ replace လုပ်လိုက်ပေါ့။ အဲဒါလေးကို ကိုယ့်ကိုယ် hacker လို့ခံယူနေသေးတယ်။ မြန်မာတွေ ရှက်ကော ရှက်တတ်သေးရဲ့လား။ ကျွန်တော်ကတော့ virus လုပ်တာ အားမပေးဘူး။ ဒါပေမယ့် virus ဘယ်လိုရေးလဲ ဘယ်လိုအလုပ်လုပ်လဲဆိုတာတော့ သိအောင်လေ့လာရမယ်ဆိုတာကိုတော့ လက်ခံထားတယ်။
အမှန်တိုင်းဆိုရင် နိုင်ငံခြားကကောင်တွေက မဖျက်စီးဘူး။ စက်နှေးသွားတယ်။ မသိသာဘူး။ ဝင်လို့ ဝင်နေမှန်းမသိသာဘူး။ နှေးပြီး လေးလာတာလောက်ပဲ။ နောက်ပြီး permission တွေပိတ်တာလောက်ပဲ။ သိပ်မပြီး အကျင့်မယုတ်ကြဘူး။ ကိုရွှေမြန်မာတွေကတော့ ဖျက်လိုဖျက်စီးတွေ များပါ့။ ကျွန်တော် MZ တိုက်ခံထိမှ သိသွားတယ်။ တိုက်ရတာ လွယ်တယ်။ ဖျက်ရတာလွယ်တယ်။ ကာရတာခက်တယ်။ repair လုပ်ရတာလည်း အလုပ်ရှုပ်တယ်။ နောက်ပြီး backup မရှိရင် ပိုဆိုးကုန်တယ်။ လူတစ်ယောက်က အကျင့်ယုတ်ညံ့မှုကြောင့် တခြားလူတွေ သူနဲ့ ဆက်စပ်တဲ့လူတွေ အများကြီး ပြသနာတွေဖြစ်ကုန်တယ်။ ကိုယ့်ကိုယ်မေးကြည့်ပါ။ ငါဘာကောင်လဲဆိုတာ။ အဲလိုမျိုး ဖျက်လိုဖျက်စီးလုပ်တတ်တဲ့ အကျင့်က လူကြားထဲမှာ တိုးလို့မရဘူး။ ငါ ဘယ် virus ကိုရေးခဲ့တာကွလို့ လူကြားထဲ ထအော်ကြည့်ပါလား။ ဝိုင်းဆော်လိုက်ကြမယ့်ဖြစ်ခြင်း။ တရားစွဲလိုက်ရမယ့်ဖြစ်ခြင်း။ ရှက်ဖို့ကောင်းတဲ့အလုပ်ပါဗျာ။ ကျွန်တော် အခုအချိန်ထိ virus တွေ မထိသေးဘူး။ ဒါပေမယ့် သူငယ်ချင်းတွေထိတာ အလုပ်ရှုပ်ခံရတာကြောင့် မနေနိုင်တော့ဘူး။ မြန်မာအချင်းချင်းမပြောချင်ဘူး။ ဒါပေမယ့် အကျင့်ယုတ်တဲ့ မြန်မာတွေ ဆက်ပြီး စိတ်ဓာတ်မပျက်စီးချင်လို့ ကျွန်တော် ပြောတာ။ အခုချိန်မှာ လမ်းမမှားသေးဘူး။ လမ်းမှန်ပြန်လျှောက်ပါ။ virus ရေးတာ ဖျက်စီးရတာ ဂုဏ်ယူစရာမဟုတ်သလို လူအထင်ကြီးတဲ့အရာလည်း မဟုတ်ဘူးဗျာ…
Leave a Reply