ရှုံးနိမ့်ခဲ့ပါတယ်… ကံတရားရယ်…

မင်း…
တော်တော်ရက်စက်တဲ့ကောင်ကွာ..
မင်းကွာ…
တော်တော်လုပ်ရက်တယ်…
ငါ့ကို မင်းပေးခဲ့တဲ့ သုခက နည်းနည်းလေးပါကွာ..
ငါ့ကို မင်းပေးတဲ့ ဒုက္ခကတော့…
ငါ့ကို ကမ္ဘာခြားသွားချင်စိတ်ပေါက်အောင်လုပ်ရက်တယ်ကွာ…
မင်းငါ့ဆီက သုခတွေကို ဘာလို့ပြန်ရုတ်သိမ်းသွားတာလဲ…

မင်း ငါ့ Hard Disk ကို အလိုလိုနေရင်း ပျက်သွားအောင် ဘာလို့လုပ်တာလဲ…
ဒါတောင်မကသေးဘူး..
ငါ့မျက်မှန်လည်း ကျိုးသွားပြီ..
ငါ့မှာ အခုဘာကျန်လဲ…
ဘာမှ မကျန်တော့ဘူး…
ငါ့ကို အကူအညီပေးတဲ့ လူတွေတော့ရှိပါရဲ့..
ဒါပေမယ့်…
မင်းက တားဆီးတယ်..
ငါ web hosting တစ်ခု လက်ဆောင်ရခဲ့တယ်..
ဒါပေမယ့် အထဲလည်းဝင်လိုက်ရော…
Access Denied တဲ့…
အဲဒါဘာလဲကွ…
ငါဘာလုပ်မှာလဲ..
အေး..
ငါ အံတုပြီးတော့ your freedom နဲ့ဝင်…
သည်းခံပြီးတော့ ရအောင်စောင့်ခဲ့တယ်…
ငါ့ File တွေတင်ဖို့ ငါရအောင် ကြိုးစားခဲ့တယ်…
နောက်ဆုံးတော့ မင်းက ငါ့ Hard Disk ကို ဖျက်ဆီးပစ်လိုက်တယ်..
ငါ… ဘာဆက်လုပ်ရမှာလဲ…
ငါ…ငါ့မှာ… ဘာမှ မရှိတော့ဘူး…
ရေးထားတာတွေ… ငါမျှော်လင့်ထားတာတွေ…
အကုန်လုံး….သွားပြီ…
မင်း လုပ်ရက်က ကြမ်းလွန်းတယ်ကွာ…
ငါ့ကို နည်းနည်းမှတောင် ညာတာမှုမရှိဘူး..
လုံး၀ Data Backup မရတော့ဘူး…
ငါမင်းကို အံတုဖို့အတွက် ရအောင်ကြိုးစားတယ်..
တစ်ဆိုင်ဝင်တစ်ဆိုင်ထွက်နဲ့ လိုက်ရှာတယ်..
နောက်ဆုံး ငါတွေ့ခဲ့တယ်…
ဒါပေမယ့်… မင်းကို ငါအနိုင်မယူနိုင်ခဲ့ဘူး…
ငါ ရှုံးခဲ့တယ်ကွာ…
မင်း…. တကယ် ငါ့ထက်သာပါတယ်..
တွေ့တဲ့ အမျိုးအစားတူတွေ အများကြီးထဲမှာမှ…
ငါ့ Hard Disk circuit နဲ့ တူတာ တစ်ခုမှ မပါဘူး…
ငါဘာလုပ်ရတော့မှာလဲ…
ငါရေးထားတာတွေ… ငါသူများအတွက် ရေးထားတာတွေ…
နောက်ဆုံးတော့… ဘာဆိုဘာမှ မပိုင်ဆိုင်လိုက်ဘူး….
မင်းရဲ့ တစ်ချက်စာနဲ့ ငါ့မှာ ဘာမှ ပိုင်ဆိုင်မှုမရှိတော့ဘူး…
ငါ့မိဘတွေကို ငါဘယ်လိုပြောရမလဲ…
အလိုလိုနေရင်း UPS နဲ့ Moderm က ပျက်သွားတယ်…
အဲဒီအတွက် ငါ့မိဘက မင်းကို တိုက်ခိုက်ဖို့ အကူအညီပေးခဲ့ပါတယ်ကွာ..
ငါ့မိဘ အကူအညီနဲ့ ပြင်ဖို့ အတွက် လိုအပ်တဲ့ ပိုက်ဆံရခဲ့တယ်..
နောက်ဆုံးတော့လည်း ငါ Computer မသုံးရပါဘူး..
ငါ့ဘဝမှာ Computer မသုံးရမှာတော့…
ဘာမှ မထူးဘူး…
ငါဟာ ရှင်လျက်နဲ့ သေတာထက် ဆိုးတယ်…
အရူးမဖြစ်ရုံလောက်ပဲ နဲ့နဲ့လေး ကျန်တော့တယ်..
အခု ငါ့မှာ မျက်မှန်လည်း မရှိတော့ဘူး…
Computer လည်းမရှိတော့ဘူး…
ငါအခု ငှားသုံးနေတဲ့ Computer ကလည်း အလိုလိုနေရင်း…
သုံးနေရင်း တန်းလန်းကနေ Mouse ပျက်သွားတယ်…
အခု ဒါကိုတင်ဖို့တောင် Freedom ကနေ တဆင့်ဝင်ရတယ်…
Bagan ကနေ တိုက်ရိုက်ဝင်လို့ရဘူး…
တောက်…
ငါတကယ်ရှုံးနိမ့်ခဲ့ပြီ…
မင်းကို ပြိုင်ဆိုင်ဖို့ ငွေကြေးအင်အားငါ့မှာ မရှိဘူး…
ငါ့မှာ ပိုင်ဆိုင်မှုဆိုလို Computer ရှေ့မှာ ထိုင်ပြီး အလုပ်လုပ်နေရတဲ့ ပျော်ရွှင်မှုပဲ ရှိခဲ့တာ…
နောက်ဆုံးတော့လည်း…
ငါ…
ရှုံးနိမ့်ခဲ့ပါတယ်…
မင်းကို ငါ ရှုံးခဲ့ပါတယ်..
ကံတရားရယ်..
နောင်ဘဝဆိုတာကို တကယ်မလိုချင်တော့ဘူး…
ကံတရားဆိုတဲ့ အရာနဲ့ ထပ်တွေ့ရမှာ အရမ်းကြောက်သွားပြီ…
ငါအခု ဘုရားတရားလုပ်ဖို့ပဲရှိတော့တယ်…
ကျောင်းစာကတော့ ငါ့အတွက်က ဝေးလွန်းပါတယ်…
ငါ……..
လုံးဝရှုံးနိမ့်သွားပေမယ့်…
မင်းစောင့်နေပါ… ငါရအောင် ပြန်လာခဲ့မယ်…
အခုအချိန်မှာ လုံး၀ အနိုင်ရစရာ အခြေအနေမရှိပေမယ့်…
ငါရအောင် ကြိုးစားမယ်… မင်းကို ငါနိုင်အောင်တော့ ကြိုးစားရမှာပဲ…
အခုတော့ ဘုရားတရားသာ ငါ့အတွက် မင်းကို တိုက်ခိုက်ဖို့…
အားကိုးရာလက်နက်တစ်ခုပါပဲ…

Leave a Comment

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.