ဒီနေ့ မဖတ်ဖြစ်တဲ့ mail ပေါင်း ၁၀၀၀ ကျော်ကို ရှင်းလင်းရေး စခဲ့ပါတယ်။ အခု post ရေးတဲ့အချိန်ထိတော့ မပြီးသေးဘူး။ အရင်ဆုံး Twitter , facebook စတာတွေကို အရင်ဆုံး ရှင်းလိုက်တယ်။ တော်တော်လေးကိုများတာပဲဗျ။ နောက်ပြီး label:unread ဆိုပြီး ရိုက်ရှာလိုက်ပြီး unread mail တွေကို read လုပ်ဖို့ action မပေးခင်မှာ ဖတ်စရာရှိတဲ့ mail တွေ ဖတ်ကြည့်တယ်။ သူငယ်ချင်းတော်တော်များများ mail တွေ ကျွန်တော် မဖတ်လိုက်ရဘူးပဲ။ အရေးကြီးတဲ့ သတင်းတွေလည်း မဖတ်လိုက်ရဘူးတဲ့။ တနေ့တနေ့ twitter,facebook, အခြား social network invite တွေနဲ့တင် page က တစ်မျက်နှာဖြစ်နေတယ်။ ဒါကြောင့် 20 mail per pages လုပ်ထားတာ။ တနေ့ကို mail 20 မက ဝင်ပါတယ်။ အဲဒါတွေအကုန်လုံးကတော့ twitter,facebook,invitation တွေပဲ။ အရေးကြီးတဲ့ mail, ကိုယ့် သူငယ်ချင်းတွေ ပို့လိုက်တဲ့ mail တစ်ခုမှ မဖတ်ရဘူး။ တနေ့ တနေ့ အဲဒါတွေမရှင်းပဲ ထားတော့ ပိုဆိုးလာတယ်။ အခု Unread mail 400 ကျော်ပဲ ကျန်တော့တယ်။ အကုန်လုံးကို ရှင်းထုတ်ရမယ်။ ပြီးရင် filter ခံပြီး inbox ကို ရှင်းမှ ဖြစ်တော့မယ် :( sorry friend, I forget to read your mail because my inbox always fill with invitation from social network :(
Leave a Reply