ကျွန်တော်လည်း ကျောင်းတက်တုန်းက computer အဟောင်းအစုတ်ကြီးနဲ့ ကိုယ့်ဘာသာကိုယ်လေ့လာခဲ့ရတာပဲ။ internet မသုံးနိုင်လို့ ebook တွေကို အားကိုးဖတ်ခဲ့ရတာပဲ။ မီးပြတ်လို့ မီးလာတဲ့အချိန်ထိစောင့်ပြီး စာတွေ တစ်ညလုံးဖတ်ခဲ့ရတယ်။ မေးစရာမရှိလို့ ပိုက်ဆံစုပြီး online တက်ပြီး webdeveloper.com တို့လို forum တွေမှာ မေးခဲ့ရတယ်။ နောက်ပြီး ဘယ်တော့မှ ကိုယ့်မိဘကို အပြစ်မတင်နဲ့။ ဘယ်တော့မှ အခြားသူကို အပြစ်မတင်နဲ့။ အရာရာအားလုံးဟာ အကျိုးကြောင်းဆက်စပ်နေတာပဲ။ အပြစ်တင်လို့ ဘာမှဖြစ်မလာဘူး။ ကျောင်းသားဘဝတုန်းက အများကြီး ကျော်ဖြတ်ခဲ့ရတာပဲ။ ကျောင်းတက်ရင် freelance လည်း လုပ်ခဲ့ဘူးတယ်။ မီးပျက်လို့ မီးလာတဲ့အချိန်တွေမှာပဲ လုပ်ခဲ့ရတာ။ တစ်ခါတစ်လေ တစ်ညလုံးမအိပ်ပဲလုပ်ပြီး မနက်မှ ထပြီး ကျောင်းသွားခဲ့ရတာတွေလည်း ရှိတယ်။ UCSM ဆိုရင် လူပျိုကြီးရဲ့blog ကို သွားဖတ်ကြည့်။ ကျွန်တော် ကျောင်းမှာလည်း စက်ခန်းမဝင်ခဲ့ဘူး။ အဲဒီအချိန်ဆိုရင် အတန်းထဲမှာပဲ အိပ်လိုက်တယ်။ ညဘက်ညဘက်တွေ မအိပ်ပဲစာဖတ်ခဲ့ရတာတွေ အများကြီး။ မီးပျက်တဲ့အချိန်တွေအတွက် ကိုယ်ရှာလို့ရတဲ့ ပိုက်ဆံနဲ့ ကိုယ် print ထုတ်ဖတ်ခဲ့ရတာတွေလည်း ရှိတယ်။ အဖေနဲ့အမေက အစိုးရဝန်ထမ်းတွေပဲ။ ပိုက်ဆံလည်း အများကြီးမတတ်နိုင်ဘူး။ computer တက္ကသိုလ် ကျောင်းစရိတ်က မကြီးပေမယ့် အစ်မ ဆေးကျောင်းစရိတ်က မနည်းဘူး။ မိဘတွေ လူတစ်ယောက်ဖြစ်လာအောင် မွေးခဲ့တာကိုပဲ ကျေးဇူးတင်မိတယ်။ ဘဝပေးအခြေအနေ ဘယ်လိုပဲဖြစ်ဖြစ် ကိုယ့်ဘဝကို ကိုယ်ရုန်းရမှာပဲ။ သူများတွေ သူငယ်ချင်းတွေ core 2 duo ဝယ်သုံးနေတဲ့အချိန်မှာ P4 လေးနဲ့ ပဲသုံးနေတာ။ အဲဒီ စက်မှာပဲ VS တွေတင်ပြီး ရေးခဲ့တာပဲ။ 3D Maxs Rendering ကိုလည်း အဲဒီ စက်လေးနဲ့ပဲ လုပ်ခဲ့ပြီး လေ့လာခဲ့တာပဲ။ နောက်ပြီး အခုလက်ရှိ အောင်မြင်တဲ့လူတွေမှာကော ဘဝမနာပဲနဲ့ အလိုအလျောက်ရလာတယ်ထင်ရင်တော့မှားသွားမယ်။ Steve Jobs လည်း မချမ်းသာဘူး။ Bill Gate လည်း သာမာန်ထက် သိပ်ထူးတဲ့ မိဘ ရှိတာမဟုတ်ဘူး။(အဖေက ရှေ့နေ အမေက First Interstate BancSystem က director) ။ ကမ္ဘာ့အချမ်းသာဆုံး စာရင်းမှာ မပါခဲ့ဘူး။ ဒါပေမယ့် သား Gate ကတော့ ကမ္ဘာပေါ်မှာ အချမ်းသာဆုံးဖြစ်ခဲ့တယ်။ Steve Jobs ကြီးဆိုရင် မွေးစားမိဘနဲ့ နေခဲ့ရတာ။ ကျောင်းစရိတ်တောင် အနိုင်နိုင်နဲ့။Steve Jobs ဟာ ကျောင်းစရိတ်များတယ်ထင်ပြီး ကျောင်းကထွက်ခဲ့တာပဲ။ လက်ရှိ အောင်မြင်နေတဲ့သူတွေ ဘယ် နှစ်ကြိမ်ကျဆုံးခဲ့ဘူးလဲဆိုတာကို စုံစမ်းပြီးပြီလား။ Gate ဟာ Steve ထက်ငွေကြေးတတ်နိုင်ပေမယ့် မအောင်မြင်တုန်းက Steve Jobs ပြောသမျှ ဟုတ်ဟုတ် ဆိုပြီး နေခဲ့ရဘူးတယ်။ ဒါကြောင့် ကိုယ့်အားကိုယ်ကိုးပဲ။ သူများကို အားမကျနဲ့။ သူလျှောက်တဲ့လမ်းအတိုင်း ကိုယ်လျှောက်လို့ အောင်မြင်မယ်လို့ မပြောနိုင်ဘူး။ Robert Kiyosaki က သူ့စာအုပ်ထဲမှာ ပြောဘူးတယ်။
ခင်ဗျားဟာ အောင်မြင်နေတဲ့ တစ်ယောက်ဆိုရင် ခင်ဗျားဝယ်တဲ့ ရှယ်ယာတွေကို အခြားလူတွေ လိုက်ဝယ်လိမ့်မယ်။ ခင်ဗျား ဝယ်ထားတဲ့ ရှယ်ယာတွေဟာ ရှုံးသွားပြီဆိုရင် လူတွေက ခင်ဗျားကို အပြစ်တင်ကြလိမ့်မယ်။ အောင်မြင်တဲ့လူတစ်ယောက်အတွက် ရှယ်ယာကစားတာ ဝင်ငွေရဲ့၁၀ ပုံ ၁ ပုံတောင် မရှိဘူး။ ဉာဏ်နည်းတဲ့သူတွေကတော့ ဝင်ငွေရဲ့ ၂ ဆလောက် သုံးပြီး ကစားကြတယ်။ အဲဒီအချိန်ရောက်ရင် လူတွေက ခင်ဗျားကို ဝိုင်းပြီးအပြစ်တင်တာ ခံရလိမ့်မယ်။
လူတွေရဲ့ သဘာဝကို ပြောတာပါ။ အခုအောင်မြင်တဲ့လူတွေအားလုံးဟာ ဘဝမှာ အေးအေးလူလူနေခဲ့တာမရှိဘူး။ ဘယ်သူမဆို ဘဝမှ အေးအေးလူလူနေခဲ့ရတာမရှိဘူး။ လူရယ်လို့ ဖြစ်လာရင် တစ်ခုမဟုတ် တစ်ခုတော့ ဘဝ အချိုးအကွေ့ကြီးတွေ ခဏခဏ ကြုံတွေ့နေရမှာပဲ။
Leave a Reply to ဏီ(န်)ကင်းCancel reply