ဈေးသက်သက်သာသာ ဝန်ဆောင်မှု သက်သက်သာသာ

ကျွန်တော်တို့တွေ ဆိုင်အတွက် computer ကို budget သက်သက်သာသာ ရွေးဖြစ်ခဲ့တယ်။ ဟုတ်တယ်လေ။ budget များသွားရင် တခြားနေရာတွေမှာ မနိုင်တော့ဘူးလေ။ တစ်လုံးကို ၁ သောင်း ကွာရင် ၁၀ လုံးကို ၁ သိန်းကွာသွားမှာ။ ကျွန်တော်တို့ဆီမှာ အဲလောက် budget အများကြီးမရှိဘူး။ အကောင်းဆုံးဝယ်ရင် အကောင်းဆုံးရမယ်ဆိုတာ သိပါတယ်။ အဲလိုဆိုရင်လည်း opensource တွေ Free တွေက တန်ဖိုးမရှိတော့ သလိုပဲ။ အဲဒါကတော့ မဆိုင်ဘူးလို့ထင်တာပဲနော် :D ။ joomla ရဲ့ supporting ကို အကြိုက်ဆုံးပဲ။ နောက်ပြီး ubuntu ရဲ့ supporting အရမ်းသဘောကျတယ်။ ဒါပေမယ့် သူတို့က free & opensource ပဲ။ ထားပါလေ။ စီးပွားရေးလောကမှာကတော့ ဈေးပေါလေလေ custom care မရှိလေလေလားတော့ မသိပါဘူး။ ကျွန်တော်တို့ LCD 17 လက်မ P4 ကို ဈေးက တော်တော်သက်သက်သာသာ နဲ့ရတော့ ဝယ်သင့်တယ်။ warranty ကလည်း ကျွန်တော်တို့ ဝယ်သုံးက ၁ နှစ်ပေးမယ်ပြောထားတော့ ဝယ်မယ်လို့ဆုံးဖြတ်လိုက်တယ်။ စုစုပေါင်း ၄၄ သိန်းကျော်ဖိုးလောက် ဝယ်လိုက်တာပေါ့။ အဲ… အဲဒီလို ဝယ်ပြီးတော့ စစ်ဆေးတုန်းကတော့ အကောင်းတွေပါ။ ဟုတ်ပါတယ်။ windows တွေကို စစ်ကြည့်တယ်။ driver တွေကို စစ်ကြည့်တယ် အကုန်အကောင်းပဲ။ တနေ့တော့… အသံမထွက်တာနဲ့ အဲဒီထဲက စက်တစ်စက်က speaker က အသံမထွက်ဘူး။ စက်ကို အမျိုးမျိုး အသက်ထွက်အောင် တစ်ပေါက်ပြီး တစ်ပေါက်ထိုးကြည့်တယ်။ နောက်ပြီး driver စစ်ကြည့်တော့လည်း OK တယ်။ ဒါနဲ့ အဖြေရှာမရတာနဲ့ ဖုန်းဆက်လိုက်တယ်။ သူတို့က မအားလို့လားမသိဘူး။ ဖုန်းတောင် သေသေချာချာ မပြောနိုင်ဘူး။ ကျွန်တော်တို့ကလည်း စဖွင့်ရက် လူကလည်းများတော့ ဆိုင်ကို ပစ်သွားလို့ မရတာနဲ့ လာလို့ရရင် လာခဲ့ပါပေါ့။ အမှန်တိုင်းပြောရင် လာရင်လည်း သီးသန့် လာကြည့်ခ ပေးဖို့ စီစဉ်ထားပါတယ်။ တစ်ရက်မလာဘူး။ ထားလိုက်ရတယ်။ ၂ ရက်မြောက် ဖုန်း ထပ်ဆက်တယ်။ မလာသေးဘူး။ ၃ ရက်မြောက်တော့ ဆိုင်ဖွင့်ဖို့ အလုပ်ရှုပ်နေလို့ပါတဲ့။ အော်.. သူတို့လည်း ဆိုင်နောက်တစ်ခု ဖွင့်ဖို့လား။ ဘာဆိုင်ဖို့လည်း မသိပါဘူးဆိုပြီး ထားလိုက်တယ်။ ၄ ရက်မြောက်တော့ မထူးပါဘူးဆိုပြီး ဆိုင်ကို သွားလိုက်တယ်။ အဲ… သွားတာကတော့ ကားကြုံနဲ့ ဆိုတော့ ၁ ဘလောက် ပဲ စက်ကို သယ်သွားရတာ။ သိပ်မပင်ပန်းဘူးပေါ့။

ဆိုင်လည်း ရောက်ရော…..
ပစ္စည်းရောင်းထွက်ဖို့ပဲ ဂရုစိုက်နေကြတယ်။ ကျွန်တော်နဲ့ ကျွန်တော့်သူငယ်ချင်းကို ဂရုမစိုက်ဘူး။ ကျွန်တော်က ဘောင်ချာ ပြလိုက်တယ်။ speaker က အသံမထွက်လို့ လာတာပါလို့ပြောလိုက်တယ်။ စက်စမ်းဖို့ နေရာမရှိသေးဘူးတဲ့။ လူတောင် နင်သွားတယ်။ စီးပွားရေးတွေ အရမ်းကောင်းနေတော့ သိန်း ၄၄ သိန်းဖိုး ဝယ်သွားတဲ့ ကျွန်တော်တို့ ကိုယ်တိုင် ဂရုစိုက်မအား ရှာဘူးပေါ့။ ဒါနဲ့ အကြာကြီး ထိုင်စောင့်လိုက်တယ်။ မိနစ် ၃၀ ကျော် ၄၀ နားရောက်တော့ အစ်ကိုတို့ဟာက windows ကဖြစ်တာ windows ပြန်တင်ရမယ်။ ထားလိုက်။

ဒါနဲ့… windows က ကိုယ့်ဘာသာကိုယ် တင်လို့ရပါတယ်။ တကယ်လို့ windows တင်ပြီးမှ မကောင်းရင်ကော။ ဒါဆို လဲပေးမယ်တဲ့။ လာလဲပေးမှာလား။ မဟုတ်ဘူး။ ယူလာခဲ့ရမှာ။ customer အကုန်လုံးကို ဒီအတိုင်းပဲ။ ဝူး… ဒီအလေးကြီး အခုမသယ်လည်း နောက်ပြန်သယ်ရမှာပဲ။ တော်ပြီ။ သူတို့ windows ကိုတော့ ကြောက်ပြီ။ webcam တွေထိုးတာ unknown device တဲ့။ webcam တွေက ကျွန်တော့် laptop မှာလည်း OK. ဝယ်တဲ့ဆိုင်မှာလည်း OK။ သူတို့ ဆိုင်က ဝယ်လာတဲ့ usb တွေက မကောင်းတာလား။ တင်ပေးလိုက်တဲ့ windows က မကောင်းတာလားတော့ မသိဘူး။ တစ်ခုမှ အလုပ်မလုပ်။ စက်က အစက အကောင်း။ နောက်တော့ ဂျောင်းချင်လာတယ်။ မပျက်တာပဲ ကျေးဇူးတင်နေရတယ်။ ဝယ်လာတဲ့ monitor ကလည်း အနီစက်လေး ပါလာလို့ ဒီနေ့ မနိုင်လို့ သွားတောင် မလဲဖြစ်တော့ဘူး။ ထားပါလေ။ အမှန်တိုင်းပြောရင် ပြန်တော့လည်း အလေးကြီးထမ်းပြန်ရတာပဲလေ။ ဘာထူးမှာလဲ။ တကယ်တန်း သွားတာ သွားလိုက်ရတယ်။ ဘာမှ မထူးသွားဘူးလေ….
ဈေးပေါတော့ ဝန်ဆောင်မှုလည်း ဈေးပေါပေါပဲ နဲ့တူပါတယ်လေ….

3 responses to “ဈေးသက်သက်သာသာ ဝန်ဆောင်မှု သက်သက်သာသာ”

  1. ဂျာနယ်တစ်ခုမှာတော့ ကျွန်တော် ဝယ်သွားတဲ့ IBM စက်အကြောင်း ပါလာတယ်ဗျ။ ကျွန်တော်ကတော့ မဝယ်သင့်ဘူးလို့ထင်ပါတယ်။ ဈေးသက်သက်သာသာ ဝန်ဆောင်မှု မကောင်းနဲ့ တိုးမှာဆိုးလို့ပါ…

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.

Discover more from Saturngod

Subscribe now to keep reading and get access to the full archive.

Continue reading