မြန်မာတွေကို စိတ်ပျက်တယ်

မြန်မာတွေကို တဖြည်းဖြည်းနဲ့ စိတ်ကုန်လာပြီ။ စာဖတ်လို့ ပြီးလို့ အခု ည ၂ နာရီထိုးသွားပြီ။ ဒါနဲ့ ornagai မှာ စာလုံးလေးတွေ သွားစစ်လိုက်အုံးမယ်လေ ဆိုပြီးသွားတော့ စာလုံး အလုံး ၃၀၀ လောက်ရှိတော့ အသစ်တွေ များလှချည်လားပေါ့။ စာလုံးတွေ စစ်ကြည့်လိုက်တော့ ဆဲထားတာတွေကော မကြားသင့်တဲ့ စာလုံးတွေကော နောက်ပြီး အဘိဓာန်ထဲမှာလည်း ရှာမတွေ့ google မှာလည်း ရှာမတွေ့တဲ့ စာလုံးတွေကော… အမှန်အကန် ဖြည့်ထားပေးတာ ၁ လုံး ၂ လုံးလောက်ပဲတွေ့သေးတယ်။ ကျွန်တော် စာလုံးတွေကို dictionary ၂ အုပ် နဲ့ တိုက်စစ် မတွေ့ရင် babylon မှာရှာ သေချာအောင် google မှာ ထပ်ရှာပြီး စာလုံးတွေ စစ်ပေးနေတာ အရမ်းအားနေလို့ လုပ်နေတယ်လို့ ထင်နေကြလားမသိဘူး။

စာအုပ်ထဲမှာ ဖတ်ဖူးတယ်.. မြန်မာတွေဟာ ၁၀၀ မှာ ၁ ယောက်က ကူပြီး ကျန်တဲ့လူတွေက နှောက်ယှက်နေတဲ့လူတွေပဲတဲ့.. အခု ornagai လုပ်တော့ အော်.. မှန်လိုက်လေခြင်းပါလား…. ( မဟုတ်မက စာလုံးတွေ လျှောက်ထည့်တာလောက် စိတ်ဆိုးတာ မရှိဘူး.. ဒီမှာ dictionary အနည်းဆုံး ၂ အုပ်လောက်နဲ့ တိုက်စစ်ပြီး ထည့်နေတာကို စာနာ နားလည်မှုမရှိဘူး… ) တစ်ခါတစ်လေ မြန်မာတွေကို အရမ်းစိတ်ပျက်တယ်..

အဲလို အလကားကောင်တွေကြောင့် အချိန်ကုန်ခံနေရတယ်။ လွယ်လွယ်နဲ့ စာလုံး အသစ်ထည့်ခိုင်းမိတဲ့ ငါ့အမှားပဲ။ စာလုံးအသစ်ထည့်တဲ့ ပုံစံ ပြင်တော့မယ်။ အလုံး ၂၀ လောက်တော့ စစ်ပြီးချိန်မှာ ၁ လုံးပဲ အမှန်ထည့်ထားတာ။ တော်တော်လေးကို စိတ်ပျက်သွားတာ။ အခုမှ နားလည်သွားတာ။ အမွေဆိုး ရတယ်ဆိုတာ ကိုယ်တိုင်ဖန်တီးခဲ့လို့ အမွေဆိုးတွေ ရနေတာ။ သူများကို အပြစ်မတင်နဲ့လို့ ဆုံးသွားတဲ့ အဖိုးပြောခဲ့တဲ့ စကားလေး သတိရမိတယ်….

Update: အလုံး ၄၀ ကျော်တဲ့ အချိန်မှာတော့ တော်ပြီ… လကုန်မှပဲ လုပ်တော့မယ်.. စာလုံး အမှန်ဆိုလို့ ကိုယ့်ထည့်ထားတဲ့ စာလုံး ၃လုံး + သူများထည့်ထား စာ ၁လုံးတောင် တွေ့တယ်။ အိပ်ရေးပျက် ပင်ပန်းတာပဲ အဖတ်တင်တယ်။ စိတ်ကုန်သွားပြီ။ လကုန်မှပဲ ပြန်စစ်တော့မယ်။ add system code ကိုတော့ ပြောင်းမှရမယ်။ မနက်ဖြန်မှ ပဲ coding ရေးပြီး တင်လိုက်တော့မယ်။

18 Comments

  1. ဟုတ်တယ်ကိုစေတန်၊ ဒါပေမယ့်စိတ်တော့ မပျက်ပါနဲ့ဗျာ။ ဘာလို့လဲဆိုတော့ အဲဒီလူတွေဟာ သူတို့လည်း လုပ်ချင်ပေမယ့် မလုပ်တတ်တာ၊ လုပ်တတ်အောင် မကြိုးစားတာ၊ နောက် မနာလိုတာတွေကို ဖွင့်ချဖို့ သူတို့ရဲ့ထွက်ပေါက်ကိုရှာတာပါ။ ဒီထက်ပိုပြီး သူတို့ဘာမှမတတ်နိုင်တော့ လုပ်တတ်တာကို လုပ်လိုက်ကြတာပဲ။ သူတို့လုပ်နိုင်တာလေးပေါ့။

  2. kom says:

    ခက်တယ်။။။။။။။။။ စိတ်ရှည်ပါ………….စည်းကမ်းရှိပါ………ရှိကြပါ………..

  3. zaw says:

    I think it would be too hard to withstand but please be patient and try to ignore them because all over the world, the naughty are the majority.It is natural.Thanks.

  4. Burmese Mind says:

    ကိုယ်သာအလုပ်ရှင်ဆိုမင်းလိုလူမျိုးကန်ထုတ်လိုက်ပြီ၊
    မင်း management ညံလို့၊ စာလုံးထည့်တဲ့သူကတော့
    သူသိသလောက်ကြိုးစားပြီးထည့်တာဘဲ၊
    မလုပ်သင့်တာ၊မဖြစ်သင့်တာတွေရှိရင်ဒါတွေကိုကိုယ်က
    ကြိုမြင်ရမယ်၊ကြိုပြီးပြောပြရှင်းပြရမယ်၊
    နောက်မှတွေ့လာတဲ့အမှားတွေဆို၊ထပ်မဖြစ်အောင်၊
    ပြောပြရမယ်၊ဘယ်ဟာဘာမလုပ်ရဘူးလို့
    မင်းကြိုတင်ရှင်းပြထားတာရှိလား၊
    မင်းသေသေချာချာရှင်းပြထားရက်နဲ့
    သူတို့ကနားမထောင်ပဲတလွဲအတင်းလိုက်
    လုပ်နေတာလား၊ကိုယ်စီမံခန့်ခွဲတာလိုနေသေးလို့ဆိုပြီး
    ကိုယ့်အားနည်းချက်ကိုမမြင်ပဲ၊ responsibility မယူတတ်ပဲ၊
    volunteer လုပ်တဲ့သူတွေအသုံးမကျဘူးဆိုပြီး၊
    သူများကိုလက်ညှိုးထိုးခေါင်းရှောင်တတ်တဲ့
    မင်းရဲ့အကျင့်ကလဲအထင်အရှားပဲ၊

    1. saturngod says:

      ဟုတ်ကဲ့အစ်ကို.. ကျွန်တော်ဟာ developer တစ်ယောက်ဖြစ်လို့ management ပိုင်း ညံ့ရင်ညံ့မှာပါ။ ကျွန်တော် ornagai စကတည်းက ကျွန်တော် သေသေချာချာ ပြောပြဖူးပါတယ်။ အစ်ကို ကျွန်တော့် blog ကို ပုံမှန် ဖတ်ရင်သိမှာပါ။ dictioanry ဆိုတဲ့ အထဲမှာ လီ** တို့ လို** တို့ အပြင် စော***ပ** တို့စာလုံးတွေ အများကြီး လျှောက်ထည့်ထားတာကလည်း ကျွန်တော် management ညံနေလို့ပါ။ system တစ်ခုလုံး flow ကို progress မြန်စေဖို့ loading မြန်စေဖို့ အတတ်နိုင်ဆုံး လုပ်ထားပါတယ်။ imageverify ထည့်ရင် internet သုံးတတ်ပေမယ့် imagae verify အဆင့်ကို မသုံးတတ်သူတွေ အများကြီးပါ။ ကျွန်တော် လက်တွေ့မြင်ဘူးပါတယ်။ image verify ပေးထားတာတောင် အဲဒီအတိုင်း ထည့်တာမှားတဲ့လူတွေ တစ်ပုံကြီးပါ။ ကျွန်တော် management ညံ့တယ်လို့ပဲ ထားလိုက်ပါ။

      အစ်ကို့ email လေးသိရမလား။ အစ်ကို စိတ်ပါရင် အစ်ကို့ကို admin ပေးထားပါမယ်။ ကျွန်တော် ဘာမှ ဝင်မလုပ်တော့ပဲ အစအဆုံး အစ်ကို့ကို တာဝန်လွှဲပေးပါမယ်။ အစ်ကို ကိုယ်တိုင် Management လုပ်ပေါ့။

      PS: ခက်တာက ကျွန်တော် အစ်ကို့ ဝန်ထမ်းမဟုတ်သလို ကျွန်တော့်အနေနဲ့လည်း အစ်ကိုလို boss လည်း ကျွန်တော် မလိုအပ်ပါဘူး။ လူတစ်ယောက် ညအိပ်ရေးပျက်ပြီး အလကား အပင်ပန်းခံလုပ်ပေးတာကို အော်.. သူပင်ပန်းရှာလို့ ဒီလိုပြောမှာပဲလို့ မမြင်တတ်တဲ့ boss ကို ချင် လွန်းလို့။ ခက်တာက အဲလို boss မျိုးမတွေ့ဘူးဖူး။ ကျွန်တော်တွေ့ဖူးတဲ့ boss တွေအားလုံးက သူတို့ဆီမှာ အလုပ်လုပ်ချင်လာအောင် ပြောနိုင်စွမ်းရှိတဲ့လူတွေပဲ။ အလုပ်ကို မှန်ကန်တဲ့ လမ်းကြောင်းပေါ်ရောက်အောင် မောင်းနှင်ပေးနိုင်တဲ့လူတွေ။

  5. လူပျိုကြီး says:

    သြော် ဒါ့ကြောင့်ကိုး သဘောပေါက်သွားပြီ။

  6. အစ်မကြီး says:

    ဘာပြောရမှန်း မသိတော့ဘူး။ ရယ်ပဲ ရယ်ချင်တော့တယ်။ စေတန်လေး အတော်လေး
    သည်းခံနိုင်တာပဲ။ အများအတွက်စေတနာနဲ့ အိပ်ပျက်ခံလုပ်ပေးနေတာ ချီးကျူးတယ်။
    ဆက်လုပ် ကောင်လေး…အများအတွက် ကောင်းတာ လုပ်ပေးနေတာပဲ။

  7. exiter says:

    ခက်တယ်စေတန်ရေ .. ကျွန်တော် ဝင်စစ်ကြည့်တဲ့ အချိန်တွေလည်းအဲဒီအတိုင်းပဲ တစ်ကယ်သေချာဖြည့်တဲ့စာလုံးကနားတယ် .. တစ်ခြားမဆိုင်တာတွေပိုများတယ် .. စိတ်လေဒယ် .. :)

  8. Sai Kyaw Swar Wai says:

    အဟ…….. Burmese Mind ဆိုပဲ…… သူကလည်း မြန်မာလူမျိုးတစ်ဦးအနေနဲ့ မခံချင်ဖြစ်ပြီး ဝင်ပြောတာ… လူတွေဟာ ကိုယ်မလုပ်ဖူးရင် ဘယ်အရာမှ ကိုယ်ချင်းစာစိတ်မရှိကြဘူး…. ရေးတဲ့လူလဲ မြန်မာပဲ….. ဖတ်တဲ့လူလည်း မြန်မာပဲ….. ကြားထဲက ဖျက်တဲ့လူကလည်း မြန်မာပဲ….. ဒါပေမယ့် အားထုတ်ပုံချင်းမတူကြဘူးဗျ.. ရေးတဲ့သူက အပင်ပန်းခံရတယ်၊ အားစိုက်ရတယ်…. ဖတ်တဲ့သူက အကျိုးရှိတယ်၊ အသုံးဝင်မယ်.. ဖျက်တဲ့သူကတော့ ဝါသနာအရဖြစ်လိမ့်မယ်…. ဘာ ဝါသနာလဲဆိုတော့ အကောင်းမမြင်တတ်တဲ့ ဝါသနာ၊ သူတပါးရဲ့ အားထုတ်မှုကို ဖျက်လိုဖျက်ဆီးလုပ်တဲ့ ဝါသနာ… ဒီလိုလူမျိုး တွေက စိတ်ဓါတ်အားဖြင့်သော်လည်းကောင်း၊ ခန္ဓာကိုယ်အားဖြင့်သော လည်းကောင်းတစ်ခုခု ချို့တဲ့နေတဲ့ လူတွေပါ…….
    ** စေတနာထားပြီးလုပ်တဲ့ အလုပ်မှန်သမျှ လူတိုင်းနဲ့တော့မတန်ဘူးဗျ **

    1. saturngod says:

      ဟုတ်.. ကျွန်တော် စိတ်ညစ်လို့ ရေးချင်တာရေးမိလိုက်တယ်ဗျာ… တစ်ခါတစ်လေ ဆက်မလုပ်ချင်တော့လောက်အောင် ဖြစ်တယ်..

  9. kom says:

    အားတင်းထားပါ…

  10. စေတန်ရေ ကျွန်တော်လဲ ဝင်ကူမစစ်ပေးနိုင်တော့တာ နားလည်ပေးပါ။ လူက ဘာမှလုပ်ချင်စိတ်မရှိတာလဲပါတယ်ဗျ။ အခုလိုသိရတော့ စိတ်မကောင်းဘူးပဲပြောနိုင်တယ်ဗျ။ ကျွန်တော် လဲစေတန်နဲ့အတူ ကြိုးစားပါ့မယ်။ တစ်ယောက်တည်းလုပ်နေရတော့ ပင်ပန်းမှန်းသိပါတယ်။ အရင်လို ကျွန်တော်လဲ စိတ်ဓါတ်တွေမတတ်ကြွတော့တာ အမှန်ပဲဗျ။ အရင်လိုပြန်ဖြစ်လာတဲ့ တစ်နေ့ ကျွန်တော် ပြန်ကူညီပါ့မယ်။

  11. ဆက်လုပ်ပါကိုစေတန်….။ စိတ်မပျက်ပါနဲ့…။အားတင်းထားပါဗျာ….။

    1. saturngod says:

      ဟုတ်.. ကျွန်တော် ဆက်လုပ်မှာပါ။ အမှားတွေထဲကနေ သင်ခန်းစာ ယူပြီး ဒီထက်ပိုကောင်းအောင် ဆက်လုပ်သွားမှာပါ..

  12. အိမ့်သူ.. says:

    ကိုစေတန်.. စိတ်မပျက်ပါနဲ့.. ကြိုးစားထားပါ။
    သီးခံခြင်းသည်အောင်နိုင်ရာ…တဲ့။

  13. abu yafis says:

    ကိုစေတန်ရေ
    ကျွန်တော်ကဘာမှနားလည်တဲ့သူတော့မဟုတ်ဘူး
    အခုမှ ကွန်ပျုတာကိုလေ့လာနေတာပါ
    အကိုတို့ ကိုစိုးမင်းတို့ MZ တို့မှာရေးထားတာတွေကိုဖတ်ဖတ်ပြီးလေ့လာနေတဲ့သူဆိုတော့ အကိုတို့တပည့်ပါဘဲ
    ကျွန်တော်ညပိုင်းတစ်ပိုင်းလုံးအားနေပါတယ်
    ကျွန်တော့မှာ သာလွန် အင်္ဂလိပ်မြန်မာ အဘိဓါန် တစ်အုပ်ရှိပါတယ် အကို့ကိုစာလုံးလေးတွေဖြည့်ပေးဖို့ ဘယ်Site မှာဖြည့်ရမလဲမသိလို့ပါ
    ကျေးဇူးပြုပြီး မေးလ်ထဲ့ပေးနိုင်ရင် ကျွန်တော်တတ်သလောက် ဖြည့်ပေးပါ့မယ်
    လေးစားစွာဖြင့် အကိုကျေးဇူးပြန်ဆပ်ခြင်သူ

    1. saturngod says:

      အခုတော့ ornagai ကို version အသစ်ပြန်ရေးနေတယ်။ အဲလို ပြန်ဖြစ်စရာအကြောင်းမရှိတော့ပါဘူး။ ဒါပေမယ့် တခြား အလုပ်လေးတွေရှိသေးတာကြောင့် အစအဆုံးရေးလို့မပြီးသေးဘူး။

  14. zayarsan says:

    Dear,
    I am zawmin(Pen name is zayarsan),Along worked at Computer Journal,Now have a Technical Editor at NetGuide Journal.
    I am your fan.
    but,
    I don’t like some words from this post.
    you should be mind to your work.
    right or not ?

    regards
    zay

Leave a Comment

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.