တော်တော်တိုင်ပတ်သွားတယ်ပဲ ပြောရမယ်။ Apache မှာ

Header set Access-Control-Allow-Origin "*"

ဆိုပြီးထည့်ထားပေမယ့် Cloudflare က အလုပ်မလုပ်ဘူး။ Clear cache တွေမျိုးစုံလုပ်ပေမယ့်လည်း အလုပ်မလုပ်ဘူး။ တချို့ font တွေ က အလုပ်လုပ်ပေမယ့် တော်တော်များများ အလုပ်မလုပ်တော့ ဘူး ဖြစ်သွားတယ်။

နောက်ဆုံး မရသည့် အဆုံးမှာ Digital Ocean space ပေါ်ကို font တွေ ပြောင်းတင်လိုက်တယ်။ ပြီးတော့ Space CDN နဲ့ font ကို ပြန်ထည့်ပေးလိုက်တော့ အရင်ကထက် ပိုပြီး ကောင်းပြီး အဆင်ပြေသွားသေးတယ်။

ရက်တော်တော်ကြာသွားသည့် အတွက်လည်း တောင်းပန်ပါတယ်။ လက်ရှိ mmwebfonts သုံးနေသည့် သူတွေ အများကြီး ရှိပြီး အဆင်မပြေတော်တော် ဖြစ်သွားကြတယ်။ အခုတော့ CDN နဲ့ ဆိုတော့ ပိုပြီး မြန်သွားပါပြီ။

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.

Discover more from Saturngod

Subscribe now to keep reading and get access to the full archive.

Continue reading