ဒီတစ်ခေါက် IAP အတွက် လုပ်လိုက်ရတာ ၄ လ လောက်ကြာသွားတယ်။ ပုံမှန် အားဖြင့် ၁ လ လောက် ဆိုရင် approval ရပေမယ့် အောင်မြင် App ကတော့ ၄ လ လောက် ကြာသွားတယ်။ အဓိကတော့ IAP မှာ Subscription အမျိုးအစား ၄ ခုလောက်ပါသွားတော့ Apple က သေသေချာချာလေး စစ်တာလည်း ပါတယ်။ Apple က တောင်းဆိုသည့် အချက်တွေကတော့

၁။ Login မဝင်ပဲ IAP နှင့် ဝယ်ယူ၍ ရရမည်။
၂။ Login မဝင်ပဲ Restore လုပ်လို့ရရမည်။
၃။ App Description မှာ IAP နှင့် ပေးချေဝယ်ယူရမည် ကို ပါရမည်။
၄။ ဝယ်သည့် နေရာမှာ Terms & Condition ထည့်သွင်းရမည်။
၅။ Terms & Conditions မှာ Apple က အလိုအလျောက် ငွေဖြတ်မည် ၊ ဘယ်လို cancel လုပ်နိုင်သည် ၊ စသည် ဖြင့် ထည့်သွင်းရေးသားရန် လိုအပ်သည်။

အရင်ဆုံး Subscription ကို App မှာ ထည့်မယ် ဆိုရင် https://developer.apple.com/app-store/subscriptions/ ကို သေချာ ဖတ်ဖို့လိုတယ်။ အထက်ပါ အချက် အားလုံးနီးပါး ကို အသေးစိတ် ဖော်ပြထားပေးတယ်။ UI/UX design ဘယ်လို ထားရမယ် အစ ပါဝင်တယ်။

အဓိကပြဿနာက Login က Optional ဖြစ်ရမယ် ဆိုတာပဲ။ တခြား App တွေမှာ approve ဖြစ်ပေမယ့် အောင်မြင်မှာတော့ Apple က login ကို skip လုပ်ခိုင်းတယ်။ အဲဒီ အတွက် account merge ပြန်လုပ်ရတာ အတော်လေးကို အလုပ်ရှုပ်သွားတယ်။ ဥပမာ၊၊ guest user က ဝယ်ပြီး account login ပြန်ဝင်ရင် သို့မဟုတ် user account အသစ်ဝင်ရင် merge ပြန်လုပ်ရမယ့် အပိုင်းတွေပေါ့။

နောက်တချက်က Restore Purchase ပါ။ ဝယ်ပြီးသားဆိုရင် restore ပြန်လုပ်လို့ရမယ်။ User က login မဝင်ထားဘူး။ သူက ဝယ်ထားဖူးတယ် ဆိုရင် restore ပြန်လုပ်လို့ ရတယ်။ အဲဒီမှာလည်း ပြဿနာက restore လုပ်သည့်အခါမှာ ထွက်လာသည့် receipt ကို login ဝင်ထားသည့် user တစ်ယောက်ယောက် နှင့် join ထားပြီးသားဆိုရင်လည်း restore က success မဖြစ်အောင် ပြန်ထိန်းရသည့် အပိုင်းတွေပါလာတယ်။ IAP မထည့်ပဲ ဒီအတိုင်း တင်ပြန်တော့လည်း Subscription လုပ်မှ ရမယ့် feature ပါနေသည့် အတွက် မဖြစ်မနေ IAP ထည့်ပါဆိုပြီး ပြန်ပြောတယ်။

Apple နဲ့ ၄ လ လောက် စာ နဲ့သာမက ဖုန်း နဲ့ပါ မေးပြီးမှ သူတို့ လိုချင်သည့် အတိုင်း နောက်ဆုံး အကုန်လုပ်ပေးလိုက်ရတယ်။ အဲဒီ အခါမှသာ Approve ဖြစ်သွားတယ်။

Subscription ပါလာရင်တော့ ၂ ပတ်လောက်နဲ့ Approve ဖြစ်မယ်လို့ မျှော်လင့်ထားလို့မရဘူး။ ၂ ပတ် ကနေ ၄ လ လောက် ထိ ဖြစ်သွားတတ်တယ်။ အချို့ App တွေတုန်းက Login က optional ဖြစ်ရမယ် ဆိုတာ မပါတော့ အဆင်ပြေတယ်။ Game တွေလို Login က optional ဖြစ်ရမယ် ဆိုတာက app တွေအတွက်တော့ အတော်လေးကို ခက်ခဲပါတယ်။ သို့ပေမယ့် iOS app ရချင်တော့လည်း Apple ခိုင်းသမျှ လုပ်ရတာပဲပေါ့။

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.

Discover more from Saturngod

Subscribe now to keep reading and get access to the full archive.

Continue reading