ဒီနေ့မှ ဖတ်ဖြစ်တဲ့ blog အသစ်က post လေးပါ…
သဘောကျလို့ ဖော်ပြလိုက်တာ..
http://hninyoonsis.blogspot.com/2008/01/blog-post_18.html
သူတို့(၃)ယောက်
ဘလော့ဂ်ရယ် ပိုက်ပိုက်ရယ် ဗိုက်ဗိုက်ရယ် ဆိုတဲ့သယ်ရင်း(၃)ယောက်ရှိတယ်။ ဘလော့ဂ်ဆိုတဲ့ သယ်ရင်းကိုတော့ ခင်တာမကြာသေးပါဘူး။ သူနဲ့မခင် ခင်တုန်းကဆိုရင် ပိုက်ပိုက်နဲ့ဗိုက်ဗိုက်က သိပ်ချစ်ကြတဲ့သယ်ရင်းတွေပေါ့။ ဗိုက်ဗိုက်ကလေး စားချင်တာကို ပိုက်ပိုက်ကအမြဲတမ်း လိုက်လုပ်ပေးတယ်။ ပိုက်ပိုက်ရဲ့ကျေးဇူးကြောင့် အမြဲတမ်းပျော်ရွှင်ကျန်းမာနေရတာပေါ့။ ဒါပေမယ့် ဘလော့ဂ်နဲ့ ခင်ပြီးတဲ့ နောက်မှာတော့ ပိုက်ပိုက်ကဗိုက်ဗိုက်ကို မခေါ်တော့ဘူး။ ဘလော့ဂ်လုပ်ချင်သမျှကို လိုက်လုပ်ပေးတယ်။ လိုအပ်တာရှိရင်လည်း ဖြည့်ဆည်းပေးတယ်။ ဗိုက်ဗိုက်ကို လှည့်မကြည့်တော့ဘူးပေါ့။ အခုတော့ ဗိုက်ဗိုက်က မေမေကျွေးမှ စားရတော့မယ့် ဘဝလေးကိုရောက်သွားပါပြီ။ ဗိုက်ဗိုက်: ဟင့်…ဟင့်…ဂွီ.ဂွီ………..။
Leave a Reply