ဒီနေ့ အပြင်မထွက်ခင် Calendar ကိုကြည့်လိုက်သေးတယ်..
မနေ့က ပြဿဒါး.. ဒီနေ့ ရက်ရာဇာတဲ့…
အင်း မနေ့ကတော့ ဘာပြသနာမှ မဖြစ်သလို ဘာမှလည်း ကံမကောင်းဘူးလေ…
ဒီနေ့ကတော့ ရက်ရာဇာဆိုတော့ မနေ့ကလိုပဲလို့ ထင်တာပဲ..
တက်တက်စင်အောင် လွဲတာပဲ….
တစ်ယောက်အတွက် ရက်ရာဇာဟာ နောက်တစ်ယောက် အတွက်တော့ ပြဿဒါးဖြစ်တတ်ပါတယ်..
တကယ်အမှန်ပဲဗျာ…
ကျွန်တော့်အတွက်ကတော့ ဒီနေ့ဟာ ပြဿဒါးပဲ…
နောက်တစ်ယောက်အတွက်ကတော့ ရက်ရာဇာပဲ ဖြစ်မှာပါ…
ဒီနေ့… ကျွန်တော့် ပေါ့ဆမှုကြောင့် ကျွန်တော့် ပိုက်ဆံအိပ်လေး ပျောက်သွားတယ်ဗျာ..
နှမြောတာကတော့ အလှုငွေ ၃ သောင်းပါသွားတယ်ဗျာ…
တကယ် အားလည်း နာတယ်ဗျာ.. ကျွန်တော့် ပေါ့ဆမှုကြောင့်ဆိုတော့..
အဲဒီ ၃ သောင်းက ကိစ္စမရှိဘူး…
ကျွန်တော် ပြန်စိုက်လို့ရတယ်…
ခက်တာ ကားလိုင်စင်နဲ့ လက်ဆောင်ရထားတဲ့ ပိုက်ဆံအိပ်လေး….
ဟူး….
ကောက်ရသွားတဲ့ ကောင်ကတော့ ပွသွားတာပေါ့…
ပိုက်ဆံအကောင်းစားလေးနဲ့ ငွေ ၃သောင်းလောက်ဆိုတော့….
တော်တော်လေးကံကောင်းတဲ့ ရက်ရာဇာပဲ…
ကျွန်တော့်မှာတော့………
Leave a Reply