စိတ်ထဲရှိသမျှ

HTML 5 ebook

HTML 5 စာအုပ်ကို ရေးထားခဲ့တာတော့ ကြာပါပြီ။ Online မှာ အခမဲ့ ဖတ်ခွင့်ပြုပြီးတော့ Ebook အနေနဲ့ကတော့ iOS , Android app တွေ ထုတ်ထားခဲ့ပေးပါတယ်။ စာအုပ်ကို EPub ပြောင်းဖို့ အဆင်မပြေတာရယ် နောက်ပြီး ePub ကို အခမဲ့ ဆိုတာထက် online မှာ ရောင်းဖို့ စဉ်းစားမိတာလည်း ပါပါတယ်။ သို့ပေမယ့် အဲဒီ အခြေအနေကို မရောက်ခဲ့ပဲ ပြီးခဲ့တဲ့ အပတ်ကမှ HTML 5 Epub ကို စပြီး ရောင်းဖို့ လုပ်ဖြစ်ခဲ့ပါတယ်။

HTML 5 Epub version ကို http://html5book.saturngod.net မှာ US$1.99 ဖြစ် ဝယ်ယူနိုင်ပါပြီ။ gumroad မှာ တင်ရောင်းတာကြောင့် 8.5% transaction fee + 10 cent ပေးရပါတယ်။ ဒါကြောင့် $1.99 ဖြစ်ရောင်းမှသာ $1.92 ရပါလိမ့်မယ်။

img

DRM Free

အစက Kindle store ပေါ်မှာ ရောင်းဖို့ စဉ်းစားပေမယ့် 30% ပေးရမယ် ဆိုတာကြောင့် စာအုပ်ရဲ့ တန်ဖိုးက အများကြီး တက်သွားပါလိမ့်မယ်။ နောက်ပြီး အခြား DRM support လုပ်တဲ့ store တွေမှာ ရောင်းလည်း DRM ကြောင့် ဈေးပို များသွားပါလိမ့်မယ်။ နောက်ပြီး DRM ရှိပေမယ့် လွယ်လင့် တကူ ဖြုတ်လို့ ရနေတော့ သိပ်ပြီး ထူးလှတယ် မဟုတ်ဘူး။ ဒါကြောင့် ဘယ်စက်မှာ မဆို ဖတ်လို့ ရအောင် DRM free ပဲ လုပ်ထားပါတယ်။

Support Kindle

ePub အပြင် Kindle version mobi ကို ပါထည့်သွင်းထားပါတယ်။ Font embed လုပ်ထားပြီးတော့ Publisher font ကို ပြောင်းလိုက်တာနဲ့ မြန်မာလို မြင်ရပါလိမ့်မယ်။

Support Embed Font

ePub , mobi နှစ်ခုလုံးမှာ font embed ထည့်သွင်းထားတာကြောင့် စက်တော်တော် များများ မှာ အဆင်ပြေပါလိမ့်မယ်။ တကယ်လို့ ဝယ်ပြီမှ မိမိ သုံးတဲ့ software နဲ့ အဆင်မပြေတာ ရှိရင် ကျွန်တော့် ကို တိုက်ရိုက် ဆက်သွယ်နိုင်ပါတယ်။

Why Not Free ?

ဘာကြောင့် စာအုပ်ကို အခမဲ့ မဟုတ်တာလည်းဆိုတော့ ကျွန်တော့် အနေနဲ့ နောက်ထပ် တစ်အုပ်ထပ်ပြီး ရေးဖြစ် နိုင်အောင် တွန်းအားလေး လိုချင်လို့ပါ။ Programming Basic စာအုပ်က လက်စ မသတ်နိုင်တာ ကြာလှပါပြီ။ နောက်ထပ် စာအုပ်ကို ထပ်ပြီး ရေးဖို့ တွန်းအားရလာအောင် နောက်ပြီးတော့ Online မှာ စမ်းပြီး ရောင်းကြည့်ချင်တာ ကြောင့်လည်းပါပါတယ်။

DRM free ဖြစ်တဲ့ အတွက်ကြောင့် စာအုပ်ကို ဝယ်ပြီး ဘယ်သူ့ကို မဆို share လို့ ရတဲ့ အတွက် ကျွန်တော် ထိန်းချုပ်ထားမှု အောက်မှာ မရှိပါဘူး။ သို့ပေမယ့် အခု နောက်ပိုင်း ရန်ကုန်မှာ Master/Visa စတဲ့ ကဒ်တွေကို သုံးလာကြတဲ့ အတွက် Online က နေ ရောင်းတဲ့ အခါ တကယ် supporting လုပ်ချင်တဲ့သူတွေ ဝယ်ကြလိမ့်မယ် လို့ ယုံကြည်တာ ကြောင့်လည်း ပါပါတယ်။ ခိုးကူးတွေကတော့ ရှိနိုင်ပေမယ့် ကျွန်တော် ကိုယ်တိုင် ebook တွေ ကို ဝယ်ဖတ်ဖြစ်တဲ့ အတွက်ကြောင့် ကျွန်တော့် လိုမျိုး ebook တွေကို Supporting လုပ်မယ့် လူတွေ လည်း ရှိမယ် လို့ ကျွန်တော် ယုံကြည်ပါတယ်။

Question and Problem?

တကယ်လို့ စာအုပ်ထဲမှာ နားမည်တာတွေ ရှိရင် မေးချင်တာတွေ ရှိရင် Contact ကနေ မေးမြန်းနိုင်ပါတယ်။

2 responses to “HTML 5 ebook”

  1. Universe (@setkyarwalar) Avatar
    Universe (@setkyarwalar)

    နားမည်တာတွေ ဖြစ်နေတယ် bro. နောက်စာအုပ်ကမြန်မာနိုင်ငံကဆိုဝယ်မရဘူးပြောနေတယ်… Sorry, this item is not available in your location. တဲ့.

    1. saturngod Avatar
      saturngod

      :( ကျေးဇူးတင်ပါတယ်ဗျာ။ Gumroad က မြန်မာနိုင်ငံကို ပိတ်ထားတယ်။ တခြား တစ်ခုခု ကနေ ရောင်းလို့ ရအောင် ရှာကြည့်နေပါတယ်။ မြန်မာနိုင်ငံက ဝယ်မရတော့ gumroad သုံးတာ အဆင်မပြေတာ အမှန်ပဲ။

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.