Changed to the Strip Payment at HTML 5 Book Website

HTML 5 စာအုပ်ကို online ပေါ်မှာ စပြီး ရောင်းတော့ အဓိက ပြဿနာက မြန်မာနိုင်ငံက ဝယ်မရတာ ပဲ။ ဝယ်ချင်တဲ့ သူတွေ ရှိပေမယ့် မြန်မာနိုင်ငံကနေ ဝယ်မရဘူးလို့ ဆိုပါတယ်။ Gumroad က မြန်မာနိုင်ငံကို ပိတ်ထားတဲ့ အတွက် ပြည်တွင်းကနေ ဝယ်မရတာပါ။

ဒါကြောင့် Stripe ကို ပြန်ပြောင်းရေးရပါတယ်။ Stripe ကို ပြန်ပြောင်းရေးတော့ အဓိက ပြဿနာက backend ပိုင်း code တွေ database တွေပါ ရေးရတာတွေ ပါလာပါတယ်။ ပြီးတော့ ပထမ ဆုံး အကြိမ် Stripe ကို အသုံးပြုတာကြောင့် စမ်းသပ်နေတာနဲ့တင် အချိန် တော်တော်ကြာသွားတယ်။ Gumroad ကို အသုံးပြုရင်တော့ Dev > Demo > Production စတဲ့ အဆင့်ဆင့် တွေ မလိုပဲ တစ်ခါတည်း Production တန်းပြီး သွားရုံပဲ။ Stripe ကို အသုံးပြုတော့ အချိန်တော်တော် ကုန်ပါတယ်။ Stripe က တစ်ခြား payment gateway ထက် စာရင် ပိုပြီးတော့ ရိုးရှင်းပါတယ်။ သို့ပေမယ့်လည်း document ဖတ်တာရင် develpoment ပိုင်းရယ်ကြောင့် မြန်မြန်ဆန်ဆန်တော့ မဖြစ်ဘူး။ Stripe က Gumroad ထက် အဆင်ပြေတာကတော့ Singapore Bank ကို တိုက်ရိုက် ပိုက်ဆံ လွှဲပေးပါတယ်။

စာအုပ်ကို Stripe Payment gateway ပြောင်းလိုက်တာကြောင့် transaction fee 3.4% + $0.50 ပေးရပါတယ်။ ဒါကြောင့် S$3 နဲ့ ပြောင်းပြီး ရောင်းထားပါတယ်။ ဒါမှသာ စာအုပ် တစ်အုပ်ရောင်းရင် S$2.4 ရပါလိမ့်မယ်။

Payment ပြီးသွားရင် စာအုပ်ကို email နဲ့ ပို့အောင် လုပ်ထားပါတယ်။ attachment က size နည်းနည်း ကြီးလို့ email ရောက်အောင် ၅ မိနစ် ဝန်းကျင် လောက်တော့ ခဏ စောင့်ဖို့ လိုအပ်ပါတယ်။ Payment ပြီးသွားရင် order id ကို ကျွန်တော် return ပြန်ပေးထားပါတယ်။ စာအုပ် ကို email ကနေ မရရှိခဲ့ရင် order id နဲ့ email ကို ပြောရင် ကျွန်တော် ပြန်စစ်ဆေးနိုင်ပါတယ်။

အခု အချိန်ထိတော့ HTML 5 (EPub, Mobi) စာအုပ် တစ်အုပ်မှ မရောင်းရသေးတာ အမှန်ပါ။

Leave a Comment

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.