Inferno

ဝတ္ထု မဖတ်ဖြစ်တာ ၁ နှစ်ကျော်ခဲ့ပြီ။ ဖတ်မယ်ဆိုပြီး ဝယ်ထားသည့် Inferno ကို ဒီနေ့မှ ဖတ်လို့ ပြီးသွားတယ်။ တော်တော် အရသာ ရှိသွားတာ အမှန်ပဲ။ Inferno ကို ရုပ်ရှင်ကြည့်တုန်းက သဘောမကျ လှဘူး။ ဝတ္ထုဖတ်မှ ပဲ သဘောကျမိတော့တယ်။ Dan Brown ရေးသည့် စာတွေကတော့ ထွေထွေထူးထူး ပြောဖို့ မလိုပါဘူး။ ဖတ်ဖူးသည့် သူတိုင်း သိပါလိမ့်မယ်။ အစပိုင်းက ပျင်းဖို့ ကောင်းပေမယ့် တဝက်ကျော်လောက် ရောက်တော့ စာအုပ်ကို မချနိုင်လောက်အောင် တောက်လျှောက် ဖတ်ဖြစ်မိတယ်။

ရုပ်ရှင်ဟာ ဝတ္ထုရဲ့ မှီငြမ်းထားပြီးတော့ ပြင်ထားတာတွေ ပါတယ်။ ဇာတ်သိမ်းပိုင်းက လုံးဝ ကို ကွာခြားသွားတယ်။ ဝတ္ထုက ဖြစ်သင့်သည့် ဇာတ်သိမ်းပိုင်း တစ်ခုကို ရောက်အောင် ဇာတ်ရှိန်နဲ့ ခေါ်သွားတယ်။ ရုပ်ရှင်ကတော့ ခပ်သွက်သွက်နဲ့ ဖြတ်လိုက်တယ် လို့ ခံစားရတယ်။ Inferno ရုပ်ရှင်ကြည့်ဖူးသည့် သူတွေ အနေနဲ့ စာအုပ် ကို ပြန်ဖတ်သင့်တယ်။ ဇာတ်လမ်း အရသာကော ဇတ်ရှိန်ကောက ဝတ္ထုက အများကြီးသာတယ် လို့ခံစားမိတယ်။

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.