To fresh graduate developers

ရန်ကုန်ပြန်ရောက်ပြီး ကိုယ်ပိုင် လုပ်ငန်းစလုပ်တော့ အဓိက ပြဿနာက အလုပ်မှာ လိုအပ်သည့် နေရာတွေ အတွက် လူခန့် ဖို့ ခက်သည့် ပြဿနာ ကို ကြုံရတယ်။ ကျွန်တော်တို့ company မှ မဟုတ်ပါဘူး။ ရန်ကုန်က နေရာတိုင်း နီးပါးမှာ လိုချင်သည့် လူ မရဘူး ဆိုတာကို ကြားနေရတယ်။ ကျွန်တော်တို့ company ကို junior တွေ အလုပ်လျှောက်ကြပါတယ်။ သို့ပေမယ့် အတွေ့အကြုံ လုံးဝ မရှိသေးဘူးသည့် သူတွေကို အချိန်ပေးပြီး မသင်ပေးနိုင်ပါဘူး။ startup တွေ အနေနဲ့ junior developers တွေကို အချိန်ပေးပြီး သင်မပေးနိုင်ကြပါဘူး။

 

လုပ်ငန်းအတွေ့အကြုံ

လုပ်ငန်း အတွေ့အကြုံဆိုတာကတော့ ဘယ် company မှာ ဘယ်လောက် လုပ်ထားလဲ ဆိုတာကို ဆိုလိုတာ မဟုတ်ဘူး။ အတွေ့အကြုံဆိုတာက ကိုယ်ပိုင် project လေးတွေ လုပ်ထားပြီး ရလာတာလည်း ဖြစ်နိုင်တယ်။ Project ဆိုတာက အကြီးကြီး ဖြစ်နေဖို့ မလိုဘူး။ အနည်းဆုံးတော့ unsplash API ကို သုံးထားပြီး App ဖြစ်ဖြစ် ၊ movie db လိုမျိုး app ဖြစ်ဖြစ် | ရာသီဥတု app ဖြစ်ဖြစ် ကောင်းကောင်း မွန်မွန် သေသေသပ်သပ်လေး လုပ်ထားနိုင်ရင် ပိုကောင်းတယ်။

Junior တွေ အနေနဲ့ opensource apps တွေ လုပ်ပြီးတော့ github ပေါ်မှာ တင်ထားခဲ့ရင် interview အတွက် မေးခွန်းတွေအများကြီး မေးနေဖို့ မလိုတော့ဘူး။ code တွေ ကို ဖတ်ပြီး ဘယ်လောက်သိတယ် ဘာတွေ လုပ်နိုင်တယ်ဆိုတာကို interview မတိုင်ခင်မှာ ကြည့်ထားလို့ ရပါတယ်။

project သေးသေးလေးတွေကို ကျောင်းတက်နေရစဉ် မှာ လုပ်ထားဖိုက လိုတယ်။ ကျောင်းပြီး လို့ အလုပ်ရှာရင် အခြား ဘာမှ မလုပ်ထားဘူးသည့် သူတွေ ထက် မြန်မြန် အလုပ်ရနိုင်ပါတယ်။ အကယ်၍ ဖန်တီးထားသည့် project က လူ သုံးများရင်တော့ ကျောင်းပြီးတာ အလုပ်ရှာ စရာ မလိုပဲ အလုပ်က သင့်ကို လာရှာလာပါလိမ့်မယ်။

ကိုယ်က ဘာမှ မတတ်သေးဘူး။ project တစ်ခုကို မဖန်တီးနိုင်သေးဘူးဆိုရင်တော့ လေ့လာပါ။ ကျွန်တော်တို့ အနေနဲ့ အခြား သူတွေရဲ့ source code ကနေ လေ့လာနိုင်တယ်။ ကျွန်တော် PHP စလုပ်တုန်းကတော့ glite ဆိုသည့် opensource project က နေ အများကြီး လေ့လာဖြစ်ခဲ့ပါတယ်။ mmglite ကို glite ပေါ်မှာ အခြေခံပြီး ဖန်တီးခဲ့ပါတယ်။ Bagan NET ကို သုံးဖူးသည့် သူတွေ Access Denied ဆိုသည့် page ကို မြင်ဖူးသည့် သူတွေကတော့ glite ကို မှတ်မိကြပါလိမ့်မယ်။ Opensource projects တွေကတော့ အများကြီး လေ့လာသင်ယူနိုင်ပါတယ်။

Github မှာ opensource project တွေ အများကြီး ရှိသလို ကျွန်တော်တို့ COMQUAS ကလည်း opensource လုပ်ထားသည့် source code တွေ မြန်မာ developer တွေက opensource လုပ်ထားသည့် code တွေ အများကြီး ရှိပါတယ်။ ကျွန်တော်တို့ open source project တွေက အချိန်မရှိသည့် အတွက် အများကြီး မဖန်တီးနိုင်ဘူး။ ကိုယ်တိုင် improvement တွေ လုပ်ဖို့ လမ်းစတွေ ရှိနေပါတယ်။

ငွေအတွက် အလုပ်မလုပ်ပါနှင့်

ကျွန်တော် အချို့လူတွေက လခတွေ အများကြီးရပြီး experience အများကြီး မရှိတာကို တွေ့ဖူးပါတယ်။ ပြဿနာက လခ မျးာများရသည့် နေရမှာ အလုပ်စလုပ်တယ်။ ၆ လ ၊ ၁ နှစ် လောက် ဆိုရင် အခြား လခ ကောင်းသည့် နေရာ ထပ်ပြောင်းတယ်။ Junior အနေနဲ့ ၁ နှစ်ဆိုတာက ဘာမှ သေသေချာချာ သိသည့် အချိန် မဟုတ်သေးပါဘူး။ ကျွန်တော်တို့ company အနေနဲ့တော့ ၆ လ ၊ ၁ နှစ်လောက် လုပ်ပြီး အလုပ်လာလျှောက်သည့် သူတွေ ကို မခေါ်ဖြစ်တာ များပါတယ်။ company က ပိတ်သွားခဲ့လို့ ဆိုရင်တော့ စဉ်းစားပါတယ်။

လခ များများ ရသည့် company မှာ ဝင်လုပ်ရင် အခြား company တွေမှာ ဒီထက် များသည့် လခ နဲ့ ရဖို့ ရန်ကုန် မှာ ခက်ပါလိမ့်မယ်။ ငယ်စဉ်မှာ များများ လေ့လာချင်ရင်တော့ လခ ကို ဂရုမစိုက်ပါနဲ့။

ငယ်စဉ်မှာ အတွေ့အကြုံက လခ ထက် ပို ပြီး အဖိုးတန်ပါတယ်။ နောက်ပြီး ပထမ ဆုံး လုပ်ခဲ့သည့် company ကလည်း အရေးပါတယ်။ အကယ်၍ coporate တွေမှာ အလုပ်လုပ်ခဲ့ရင်တော့ သင်ဟာ တစ်စိတ်တစ်တပိုင်းသာ ဖြစ်နေပါလိမ့်မယ်။ လုပ်နေသည့် အလုပ်တစ်ခုကိုပဲ သိလိမ့်မယ်။ ဥပမာ ၊၊ login screen တွေပဲ တစ်ခေါက်ပြီး တစ်ခေါက် လုပ်နေတာ မျိုးပေါ့။ အလုပ်လာလျှောက်သည့် အထဲမှာ အတွေ့အကြုံက ၁ နှစ်လောက် ရှိတယ် ဆိုပေမယ့် ဘာမှ သေသေချာချာ မသိသည့် junior တွေ အများကြီး တွေ့ခဲ့ရပါတယ်။ Company ကြီးကြီးမှာ သက်သာသက်သာ နဲ့အလုပ်လုပ်ပြီး ရလာသည့် ၂ နှစ် အတွေ့အကြုံဟာ startup company မှာ လုပ်နေသည့် လူ ၂ နှစ်နဲ့ မယှဉ်နိုင်ပါဘူး။ Startup မှာ သင်ဟာ ဘယ်ဟာ မဆို အစ ကနေ အဆုံး နီးပါး လုပ်ဆောင်ရပါလိမ့်မယ်။

ကြံ့ခိုင်ပါ

လုပ်ငန်းခွင် ဆိုတာ ကျောင်းမဟုတ်ပါဘူး။ သင့်ကို ဘယ်သူမှ သူငယ်ချင်းလို့ မခေါ်ပါဘူး။ လုပ်ဖော်ကိုင်ဖက် လို့ သာ ကျွန်တော်တို့ တွေ ဆိုကြပါတယ်။ သင်လုပ်တာ မှားခဲ့ရင် ကျွန်တော်တို့ complain လုပ်ပါမယ်။ Deadline မမှီရင် သတိပေးချင်း ခံရပါမယ်။ လုံလောက်သည့် အရည်အချင်း မရှိရင် ထပ်ပြီး လေ့လာဖို့ အချိန်ပေးပါမယ်။ ပေးသည့် အချိန်မှာ တိုးတက်လာမှ မရှိရင်တော့ ကျွန်တော်တို့တွေ ရှေ့ဆက်ပြီး အတူတူ အလုပ်လုပ်နိုင်တော့မှာ မဟုတ်ပါဘူး။ ဒါဟာ လုပ်ငန်းခွင် သဘောပါပဲ။ ကျွန်တော်တို့ဟာ professional ဆန်ဆန် အလုပ်လုပ် တတ်ဖို့ လိုတယ်။ Stress တွေ ရှိမယ်။ စိတ်ဓာတ် ကြံ့ခိုင်ဖို့ လိုတယ်။ လွယ်လွယ် စိတ်ဓာတ်ကျတတ်ရင် programmer ဖြစ်နိုင်ဖို့ မလိုပါဘူး။ လုပ်ငန်းခွင်ဆိုတာ အတင်းပြောသည့် နေရာလည်း မဟုတ်ပါဘူး။ သူငယ်ချင်းလာရှာသည့် နေရာလည်း မဟုတ်ပါဘူး။ Professional ဆန်ဆန် အလုပ်လုပ်ပြီး ပြဿနာတွေ ဖြေရှင်းဖို့ ပေးထားသည့် tasks တွေကို ပြီးမြောက်အောင် ဆောင် ရွက်နိုင်ဖို့ လိုပါတယ်။ ကိုယ်ပိုင် project တွေကနေ အတွေ့အကြုံရနိုင်ပေမယ့် ရုံးမှာ အတူတကွ လုပ်ခဲ့ရင် စိတ်ဓာတ် ကြံ့ခိုင်မှု နဲ့ လုပ်ငန်း သဘောသဘာဝတွေ ကို ပါလေ့လာနိုင်ပါတယ်။ စိတ်ပင်ပန်းမှုတွေ စိတ်ညစ်မှုတွေ ရှိကောင်းရှိမယ်။ အလုပ်ဝင်သည် ဆိုတာ ဘဝ အစ ပဲရှိပါသေးတယ်။ ရှေ့လျောက် ကြုံမှာတွေ အများကြီး ရှိပါတယ်။

တာဝန်ယူမှု

အနာဂတ်မှာ သင်ဟာ သင့်မိသားစုရဲ့ အိမ်ထောင့် တာဝန်တွေ ထမ်းရပါလိမ့်မယ်။ မိသားစု တာဝန်ကို ယူရဲဖို့ လိုတယ်။ တာဝန်ယူတယ်ဆိုတာ ထင်သလောက် မလွယ်လှဘူး။ သင့်အနေနဲ့ ဘဝ အတွေ့အကြုံ ၊ သင်ခန်းစာတွေ ၊ ပြဿနာ ဖြေရှင်း ချည်းကပ်နည်းတွေ ၊ ပေါင်းသင်း ဆက်ဆံ ရေးတွေ စတာတွေ လိုအပ်ပါတယ်။ လုပ်ငန်းခွင် ဝင်ချင်းဟာ အဲဒီ အရာတွေကို ဖြည်းဖြည်း ချင်း လေ့လာသင်ယူနိုင်ပါလိမ့်မယ်။

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.