စိတ်အချဉ်ပေါက်မှုများ
-
မင်း…တော်တော်ရက်စက်တဲ့ကောင်ကွာ..မင်းကွာ…တော်တော်လုပ်ရက်တယ်…ငါ့ကို မင်းပေးခဲ့တဲ့ သုခက နည်းနည်းလေးပါကွာ..ငါ့ကို မင်းပေးတဲ့ ဒုက္ခကတော့…ငါ့ကို ကမ္ဘာခြားသွားချင်စိတ်ပေါက်အောင်လုပ်ရက်တယ်ကွာ…မင်းငါ့ဆီက သုခတွေကို ဘာလို့ပြန်ရုတ်သိမ်းသွားတာလဲ…မင်း ငါ့ Hard Disk ကို အလိုလိုနေရင်း ပျက်သွားအောင် ဘာလို့လုပ်တာလဲ…ဒါတောင်မကသေးဘူး.. ငါ့မျက်မှန်လည်း ကျိုးသွားပြီ..ငါ့မှာ အခုဘာကျန်လဲ…ဘာမှ မကျန်တော့ဘူး…ငါ့ကို အကူအညီပေးတဲ့ လူတွေတော့ရှိပါရဲ့..ဒါပေမယ့်…မင်းက တားဆီးတယ်..ငါ web hosting တစ်ခု လက်ဆောင်ရခဲ့တယ်..ဒါပေမယ့် အထဲလည်းဝင်လိုက်ရော…Access Denied တဲ့…အဲဒါဘာလဲကွ…ငါဘာလုပ်မှာလဲ..အေး..ငါ အံတုပြီးတော့ your freedom နဲ့ဝင်…သည်းခံပြီးတော့ ရအောင်စောင့်ခဲ့တယ်…ငါ့ File တွေတင်ဖို့ ငါရအောင် ကြိုးစားခဲ့တယ်…နောက်ဆုံးတော့ မင်းက ငါ့ Hard Disk ကို ဖျက်ဆီးပစ်လိုက်တယ်..ငါ… ဘာဆက်လုပ်ရမှာလဲ…ငါ…ငါ့မှာ… ဘာမှ မရှိတော့ဘူး…ရေးထားတာတွေ… ငါမျှော်လင့်ထားတာတွေ…အကုန်လုံး….သွားပြီ…မင်း လုပ်ရက်က ကြမ်းလွန်းတယ်ကွာ…ငါ့ကို နည်းနည်းမှတောင် ညာတာမှုမရှိဘူး..လုံး၀ Data Backup…
