Knowledgebase

  • Mobile App Startup Bubble ?

    ဒီနေ့ Flud က August 8 ရက်နေ့ ရောက်ရင် ပိတ်ပြီဆိုပြီးတော့ mail ရောက်လာပါတယ်။ Flud ရှိခဲ့တာ ၃ နှစ်ရှိပါပြီ။ မှတ်မှတ်ရရ Pulse နဲ့ အပြိုင် Flud ကို ထွက်ခဲ့တာပါ။ Pulse ကတော့ Linkedin က ဝယ်သွားပြီးတော့ Flud ကိုတော့ လာမယ့် ဩဂုတ်လ ၈ ရက်နေ့ဆို ပိတ်တော့ပါမယ်။ ဒါ့အပြင် ဒီနေ့ Catch.com ကို လည်း ပိတ်သွားပြီဆိုတာကို ဖတ်လိုက်ရတယ်။ Flud ကော Catch.com ကော ၂ ခု စလုံးက အခြား Product အသစ် သို့မဟုတ် Direction အသစ်ကို သွားမယ်လို့ ဆိုထားတော့…

  • Meteor JS

    အခုတလော Meteor JS နဲ့ ပတ်သက်ပြီး ပြန်ဖတ်ဖြစ်နေတယ်။ Meteor JS နဲ့ ပတ်သက်ပြီး သူတို့ version 0.4 လောက် က စပြီး သိတာလို့ ဆိုရမယ်။ Daily JS ကနေ သိတာနဲ့တူတယ်။ စတွေ့ကာစတော့ တော်တော်မိုက်တယ်။ သို့ပေမယ့် security ပြဿနာတွေ ရှိနိုင်တယ်ဆိုပြီး မလေ့လာဖြစ်ဘူး။ Discover Meteor ဆိုတဲ့ စာအုပ်ထွက်တော့မှပဲ Meteor JS ကို စပြီးလေ့လာဖြစ်တော့တယ်။ Meteor JS ဟာ real time app တွေ ရေးတဲ့ အခါမှာ အသုံးဝင်တယ်။ Meteor JS ကို အသုံးပြုပြီး Trello လိုမျိုး real time…

  • Why I am not using baker framework ?

    NSMag ကို စပြီး ဖန်တီးဖို့အတွက် လိုအပ်တာတွေကို ရှာဖွေပြီး research လုပ်တုန်းက Baker ကိုလည်း တွေ့ဖြစ်တယ်။ စာအုပ်တစ်အုပ်အတွက် မဆိုးဘူးဆိုပေမယ့် ကျွန်တော်လိုချင်တဲ့ feature တွေ မဖန်တီးပေးနိုင်ဘူး။ သူက opensource ဖြစ်တဲ့အတွက် ကိုယ်လိုသလို ပြန်ပြင်ခွင့်ရှိတယ်။ သို့ပေမယ့် သူ့ code တွေကို နားလည်အောင် လုပ်ရအုံးမယ်။ ကျွန်တော် server side နဲ့ ပေါင်းပြီး အလုပ်လုပ်မှာ ဖြစ်တဲ့အတွက် သူ့ code က အဲဒီ အချိန်မှာ newsstand အတွက် မပြည့်စုံသေးဘူး။ Download ချတာ ပါပေမယ့် free subscription ပဲရမယ်။ ကျွန်တော် အဲဒီ အချိန်က free subscription လား…

  • Learning New Things

    PHP မှာ ၃ နှစ်ကျော်လောက် လုပ်ခဲ့ပြီး iOS ကို လုပ်တော့မယ်ဆုံးဖြတ်တော့ PHP ကို စွန့်လွှတ်ဖို့ တော်တော်လေး ဒုက္ခရောက်ခဲ့ရတယ်။ iOS ကို full time လုပ်နေရင်းနဲ့ PHP ကိုလည်း လုပ်ခဲ့တယ်။ သို့ပေမယ့် PHP နဲ့ တဖြည်းဖြည်း ဝေးကွာလာတယ်။ PHP ရဲ့ ပြောင်းလဲမှုတွေကို သိပ်ပြီး မလေ့လာအားတော့ပဲ iOS SDK အသစ်ထွက်ရင် ဘာတွေပြောင်းနေလဲ။ Github မှာ ဘာ iOS အတွက် opensource library အသစ်ထွက်လဲ။ ဘာ control တွေက ခေတ်စားနေလဲ စတာတွေကို လေ့လာခဲ့ဖြစ်တယ်။ အခုအချိန်မှာတော့ PHP ကို ရေးတတ် သုံးတတ်ရုံလောက်ပဲ သိတော့တာ…

  • App အသစ် တစ်ခုအတွက် backend ကို Node.js ကို Express JS framework အသုံးပြုပြီးရေးထားတယ်။ Database ကို Mongodb ကို သုံးထားတယ်။ လက်ရှိတော့ ဘာ data မှ ထွေထွေထူးထူး မရှိသေးသလို Data တွေ အများကြီး ရှိလာစရာလည်း အကြောင်း မရှိဘူးထင်တယ်။ Node.js ကို production အဆင့်ကို ပို့ရတာ ထင်ထားတာ ထက် ပိုပြီး ရှုပ်တယ်။ PHP နဲ့ ယှဉ်ရင်တော့ မလွယ်ကူလောက်တာ အမှန်ပဲ။ လက်ရှိ Node.js ကို Nginx နဲ့ proxy ကို သုံးပြီး run ထားတယ်။ Real time web…

  • iOS ကို ကျွန်တော် Standford iTune U ကနေ လေ့လာခဲ့ပါတယ်။ ရုံးသွားရုံးပြန် Bus ကားပေါ်မှာ iPod Touch နဲ့ လေ့လာဖြစ်တယ်။ ပြီးတော့ Ornagai App ကို စပြီးရေးဖြစ်ခဲ့တယ်။ iOS Development အခုအချိန်မှာ လေ့လာစရာ နေရာတွေ အများကြီး ဖြစ်နေပါပြီ။ ကျွန်တော် စလေ့လာကာစ လေ့လာစရာဆိုလို့ iTune U , Apple iOS Developer Website လောက်ပဲ ရှိတယ်။ နောက်ပြီး အချို့ blog တွေပေါ့။ သီးသန့်ကြီး iOS development အကြောင်းရေးတာ မတွေ့မိဘူး။ အခုအချိန်မှာတော့ iOS development ပိုင်းတွေ လေ့လာစရာ website တွေ…

  • အပိုင်း ၁ ၊ အပိုင်း ၂ ၊ အပိုင်း ၃ Apps တစ်ခုကို ဖန်တီးတဲ့အခါမှာ iOS , Android စတာတွေကို တစ်ခါတည်းရေးပြီး ၂ ခုလုံးမှာ run လို့မရဘူးလား။ cross platform ရေးဖို့ tools တွေရှိလား။ နောက်ပြီး HTML , CSS , Javascript နဲ့ပဲ Mobile App တွေ ရေးလို့ မရဘူးလား ? Cross Platform တွေအတွက် ကျွန်တော်တို့တွေ ဘယ်လို App ရေးမှာလဲပေါ်မူတည်တယ်။ တချို့ feature တွေ က Android နဲ့ iOS မတူတာတွေ ရှိပါတယ်။ ဥပမာ။…

  • အပိုင်း ၁ | အပိုင်း ၂ Mobile Apps Devleopment ဆိုပေမယ့် ကျွန်တော့် အနေနဲ့ iOS နဲ့ Android ကိုပဲ အဓိကထားပြီး ဆက်ရေးသွားမှာပါ။ တခြား platform တွေနဲ့ ပတ်သက်ပြီး တစ်ခါမှ သေသေချာချာ မလေ့လာဘူးတာကြောင့် မရေးတော့ပါဘူး။ Tools iOS iOS Development ကို စလုပ်တော့မယ်ဆိုရင် Xcode နဲ့ Mac မဖြစ်မနေ လိုအပ်ပါတယ်။ Xcode ကိုတော့ Mac Apple Store ကနေ download ချယူနိုင်ပါတယ်။ Xcode ကို Download ချပြီးသွားပြီဆိုရင် Xcode ဖွင့်ပြီးတော့ Xcode Menu > Preference ..…