learning

  • ဘဝမှာ computer development နဲ့ ပတ်သက်ပြီးတော့ စပြီး ထိတွေ့ခဲ့ရတာ HTML ပဲ။ ငယ်ငယ်ကတည်းက computer ကို ဖွင့်ပြီး ဟိုနှိပ် ဒီနှိပ်။ ဟို click ဒီ click လုပ်ရင်း လေ့လာခဲ့တယ်။ ၁၀ တန်းလောက်မှာမှ Microsoft Office မှာ ပါလာတဲ့ FrontPage ဆိုတာကို စပြီး တွေ့ဖူးခဲ့တယ်။ အဲဒီတုန်းကလည်း internet ဆိုတာ ဘာမှန်း တကယ် ကို မသိခဲ့တာ။ နောက်ပြီး connection က dial up လောက်ပဲ ရှိပြီးတော့ ဘာ website မှ ထွေထွေထူးထူး ကြည့်လို့ မရတာ ကြောင့်လည်း စိတ်မဝင်စားတာ ပါတယ်။ FrontPage…

  • Learning New Things

    PHP မှာ ၃ နှစ်ကျော်လောက် လုပ်ခဲ့ပြီး iOS ကို လုပ်တော့မယ်ဆုံးဖြတ်တော့ PHP ကို စွန့်လွှတ်ဖို့ တော်တော်လေး ဒုက္ခရောက်ခဲ့ရတယ်။ iOS ကို full time လုပ်နေရင်းနဲ့ PHP ကိုလည်း လုပ်ခဲ့တယ်။ သို့ပေမယ့် PHP နဲ့ တဖြည်းဖြည်း ဝေးကွာလာတယ်။ PHP ရဲ့ ပြောင်းလဲမှုတွေကို သိပ်ပြီး မလေ့လာအားတော့ပဲ iOS SDK အသစ်ထွက်ရင် ဘာတွေပြောင်းနေလဲ။ Github မှာ ဘာ iOS အတွက် opensource library အသစ်ထွက်လဲ။ ဘာ control တွေက ခေတ်စားနေလဲ စတာတွေကို လေ့လာခဲ့ဖြစ်တယ်။ အခုအချိန်မှာတော့ PHP ကို ရေးတတ် သုံးတတ်ရုံလောက်ပဲ သိတော့တာ…

  • မနေ့က email ပို့ပြီး မေးထားတာလေး တစ်ခု တွေ့လိုက်ရတယ်။ ဘယ် programming ကို စလေ့လာရမလဲတဲ့။ တကယ်တန်းတော့ Programming ကို မလေ့လာခင် ကိုယ် ဘာကြောင့် Programming ကို သင်ချင်ရတာလဲ။ ကွန်ပြူတာ တက္ကသိုလ် တက်နေနေလို့ မဖြစ်မနေ သင်ရမယ်ဆိုရင်တော့ ကျောင်းက သင်တာ လေ့လာပေါ့။ တကယ်လို့ ကိုယ့်ဘာသာကိုယ် အပြင်မှာ သင်တန်းစတက်ပြီး လေ့လာတာပဲ ဖြစ်ဖြစ် စာအုပ်ဖတ်ပြီး လေ့လာတာပဲ ဖြစ်ဖြစ် ဘာ Language တွေမှ မလေ့လာရသေးခင် ဘာလို့ လေ့လာချင်တာလဲဆိုတာကို ကိုယ့်ဘာသာကိုယ် အရင် သိဖို့လိုတယ်။ ကိုယ်ဘာလုပ်ချင်တာ မသိဘဲနဲ့ programming ကို ဒီအတိုင်းလေ့လာလို့ မဖြစ်ဘူး။ ကိုယ်ဘာလုပ်ချင်တယ်ဆိုတာ သိမှပဲ အဲဒါကို ရဖို့အတွက်…

  • Tag & Category လုပ်ထားတာလေးကို လူတော်တော်များများ မေးကြတယ်။ သိချင်ကြတာတော့ တော်တော်များများပဲ။ ဘယ်သူမှ right click မနှိပ်မိကြဘူး။ နှိပ်ပြီး ရှာတော့လည်း ရှာမတွေ့။ ဒါကြောင့် တိုက်ရိုက် link လေးပေးလိုက်ပါတယ်။ http://wordpress.org/extend/plugins/wp-cumulus/ ကဲ… စိတ်ချမ်းသာကြပါစေသော်…… :)

  • အခုမှပဲ သေသေချာချာ လက်တွေ့မှပဲ သိတော့တယ်… တော်တော်ကောင်းတာပဲဗျ… E-Learning ဆိုတာကို ဆရာတွေရှေ့မှာ တင်ရတာထက် ပိုလွတ်လပ်တယ်… ကိုယ့်ကိုယ်ကို ယုံကြည်မှုပိုရှိလာတယ်ဗျ… ကျွန်တော်တို့ မြန်မာနိုင်ငံက E-Learning က TV မှာလာ ထိုင်ကြည့်.. လုံးဝကို interactive မဖြစ်ဘူး… အခု internet ပေါ်ကနေ စာသင်ရတာ တော်တော်လေးကို သဘောကျသွားတယ်… ဆရာကိုယ့်နားမှာမရှိမှာလည်း မပူရတော့ဘူး.. ကျွန်တော်အခု သိသွားတဲ့ E-Learning ဆိုတာကတော့ ဆရာက နိုင်ငံတစ်နိုင်ငံ… တပည့်က နိုင်ငံတစ်နိုင်ငံ… ဒါပေမယ့် online ပေါ်ကနေ စာသင်နိုင်တယ်… ဘယ်လို သင်မှာလဲ… Meeting လုပ်လို့ရတဲ့ software ဖြစ်ဖြစ် …. အထူးသဖြင့် desktop sharing လုပ်လို့ရမယ်… chat လို့ရမယ်……