JWT

JWT ကို သိတာကတော့ ကြာလှပါပြီ။ သို့ပေမယ့် သေသေချာချာ မသိဘူး။ Laravel မှာပါသည့် library ကိုပဲ သုံးလိုက်တာပဲ။ အခုမှ JWT ဆိုတာ ဘာလဲ ဆိုတာကို သေချာ ပြန်ဖတ်ကြည့်မိတယ်။ ကျွန်တော်တို့တွေ api authentication တွေကို သုံးသည့် Method တွေကတော့ HTTP Basic Authentication API Key or Token OAuth စတာတွေ အသုံးပြုကြပါတယ်။ JSON Web Token (JWT) ဟာ နောက်ပိုင်း လူ အသုံးများလာပြီး လက်ရှိ API အသုံးပြုထားသည့် project တိုင်းနီးပါး JWT ကို သုံးထားတယ်။ သို့ပေမယ့် အများစု က…More

Sql Injection

SQL Injection ကို လက်ရှိ အလုပ်လုပ်နေတဲ့ သူတွေ အတော်များများ ကြားဖူးပါလိမ့်မယ်။ SQL Injection ဆိုတာကတော့ လက်ရှိ ရှိတဲ့ query ကို ပြောင်းပြီး ရေးလိုက်တာပါပဲ။ အထူးသဖြင့် အခုမှ web development ကို လေ့လာနေတဲ့သူတွေ အတွက်ကတော့ SQL Injection က စိမ်း နေပါလိမ့်မယ်။ သို့ပေမယ့် SQL Injection ကို web development လုပ်တဲ့ သူတွေ သိထားဖို့ လိုပါတယ်။ How can we know ? SQL Injection ရှိမရှိ ကို ဘယ်လို သိနိုင်သလဲဆိုတော့ အလွယ်ကူဆုံး နည်းကတော့ single quote (')…More

Programming Route

Web Route ဆိုပြီးတော့ ကျွန်တော် ပုံလေး တစ်ခု ဖန်တီးခဲ့ဖူးတယ်။ Web Developer ဖြစ်ချင်တဲ့ သူတွေ အနေနဲ့ HTML , CSS ပြီးရင် ဘာတွေ လေ့လာရမယ်။ ဘာတွေ လေ့လာလို့ ရမယ် စတာတွေကို ပုံ တစ်ပုံတည်းနဲ့ ကြည့်ပြီး နားလည်အောင် ဖန်တီးထားတာပါ။ ဖန်တီးထားခဲ့တာက ၂၀၁၂ လောက်က ဖြစ်မယ်ထင်တယ်။ လွန်ခဲ့တဲ့ ၂ နှစ်နဲ့ အခု အချိန် Technology တွေ မတူညီတော့ပါဘူး။ Node.js ဟာ အားကောင်းလာပြီး framework တွေ အများကြီး ရှိလာသလို Go lang ဟာ လည်း တကယ်ကောင်းတဲ့ framework တွေ ရှိလာပြီ။ နောက်ပြီးတော့…More

Learning New Things

PHP မှာ ၃ နှစ်ကျော်လောက် လုပ်ခဲ့ပြီး iOS ကို လုပ်တော့မယ်ဆုံးဖြတ်တော့ PHP ကို စွန့်လွှတ်ဖို့ တော်တော်လေး ဒုက္ခရောက်ခဲ့ရတယ်။ iOS ကို full time လုပ်နေရင်းနဲ့ PHP ကိုလည်း လုပ်ခဲ့တယ်။ သို့ပေမယ့် PHP နဲ့ တဖြည်းဖြည်း ဝေးကွာလာတယ်။ PHP ရဲ့ ပြောင်းလဲမှုတွေကို သိပ်ပြီး မလေ့လာအားတော့ပဲ iOS SDK အသစ်ထွက်ရင် ဘာတွေပြောင်းနေလဲ။ Github မှာ ဘာ iOS အတွက် opensource library အသစ်ထွက်လဲ။ ဘာ control တွေက ခေတ်စားနေလဲ စတာတွေကို လေ့လာခဲ့ဖြစ်တယ်။ အခုအချိန်မှာတော့ PHP ကို ရေးတတ် သုံးတတ်ရုံလောက်ပဲ သိတော့တာ…More

ExpressJS

ပြီးခဲ့တဲ့ ရုံးပိတ်ရက်က ExpressJS ကို အသုံးပြုပြီး project လေး တစ်ခုလုပ်ဖြစ်သွားတယ်။ ExpressJS ဆိုတာကတော့ Node.js အတွက် web framework တစ်ခုပါ။ ExpressJS က Sinatra ကို အခြေခံထားပြီး connect middleware ကို အသုံးပြုထားပါတယ်။ ပုံမှန် Node.js နဲ့ ရေးရင် ရပေမယ့် Restful API နဲ့ အဆင်မပြေပါဘူး။ တော်တော် အချိန်ပေးရပါတယ်။ ExpressJS ကို သုံးလိုက်တာ တော်တော်လေးကို လွယ်သွားတယ်။ Mobile အတွက် Admin Panel တစ်ခုဖန်တီးရာမှာလည်း Jade Template နဲ့ ရေးရတော့ ပုံမှန် သမာရိုးကျ HTML ရေးရတာထက်တော့ မြန်ပါတယ်။More

MMWebFonts

MyWebFont က bandwidth ပြည့်လို့ ၁ ရက်လောက် သုံးမရတာ တွေ အခု တလော ခဏခဏ ဖြစ်နေပါတယ်။ ဒါနဲ့ ကျွန်တော့် ဆီ mail ပို့ပြီး သူတို့ရဲ့ server မှာ host တင်ပြီး run မယ်လို့ စာတွေ ပို့ကြတယ်။ သို့သော်လည်းပဲ MyWebFont က Google App Engine အတွက် ရေးထားတာဖြစ်ပြီးတော့ လက်ရှိ Linux server တွေမှာ run လို့မရပါဘူး။ MMWebFonts ဆိုပြီးတော့ mywebfont code အတိုင်းကို PHP နဲ့ ပြန်ပြင်ရေးထားပါတယ်။ hosting ပေါ်မှာ မ run ချင်သူတွေ အနေနဲ့ကတော့ http://mmwebfonts.comquas.com/…More

Mobile app vs Web app

MyanmarLink မှာ ပြောခဲ့တဲ့ presentation ပါ။ အသံဖိုင်ကိုတော့ ဒီမှာ ရနိုင်ပါတယ်။ Mobile app Vs Web AppMore

Myanmar Web Font

Google Web Font ကိုသဘောကျရင်းနဲ့ စဉ်းစားမိတာက မြန်မာ Unicode တွေကော အဲလို လုပ်လို့မရဘူးလားပေါ့။ အဲလိုမျိုး လုပ်ဖို့ စဉ်းစားနေတာ ကြာတော့ ကြာနေပြီ။ ပြဿနာက ဘာလဲဆိုတော့ Mac OS X ပြဿနာပဲ။ Mac မှာက Master Piece ပဲ အလုပ်လုပ်တယ်။ font embed လုပ်လိုက်ရင် အခြား unicode font နဲ့ ရေးထားတာတွေ Mac မှာ ဖတ်လို့မရတော့ဘူး။ နောက်ပြီး iPhone iPad မှာ ဖတ်လို့မရတော့ဘူး။ Mac မှာဆိုရင်တော့ မြန်မာ Unicode အတွက် font embed မလုပ်တာ အကောင်းဆုံးပဲ။ ဘာလို့လည်းဆိုတော့ Rendering တွေ…More