ဖွံ့ဖြိုးဆဲနိုင်ငံအတွက် မဟုတ်သော Linux

Linux ကသာ ဖွံ့ဖြိုးဆဲနိုင်ငံအတွက် ဆင်းရဲတဲ့နိုင်ငံအတွက် အဲလိုသာ လူတွေအော်နေကြတာပါ။ လက်တွေ့မှာတော့ Linux ထက် Windows က အများကြီးအဆင်ပြေမှုတွေရှိပါတယ်။ ဖွံ့ဖြိုးဆဲနိုင်ငံတွေမှာ အဓိက ပြသနာကတော့ လျှပ်စစ်မီးနဲ့ အင်တာနက် connection ပဲ။ Ubuntu ဆိုတာကလည်း Internet Connection ကောင်းကောင်းမရရင် ဘာမှ လုပ်လို့ရတာမဟုတ်ဘူးလေ။ နောက်ပြီး ဖွံ့ဖြိုးဆဲနိုင်ငံတွေမှာက အင်တာနက် အသုံးပြုကြေး မြင့်မားပါတယ်။ မြင့်မားတယ်ဆိုတာ ပေးတာနဲ့ ရတာမတန်ဘူးလို့ဆိုတာပါ။ ငွေကြေးကို ပြောတာမဟုတ်ပါဘူး။ ဒီလောက်ပေးပြီး ဒီလောက်ပြန်ရမှ တန်တယ်လို့ဆိုလို့ရပါတယ်။ ၂၄ နာရီလုံး ဈေးသက်သက်သာသာ နဲ့ သုံးခွင့်မရှိဘူးဆိုရင်တော့ Linux ကိုမေ့လိုက်ပါ။ အမြန်တိုင်းဆိုရင် Linux က မြန်မာနိုင်ငံအတွက် လိုပါသေးတယ်။ မသင့်သေးဘူး။ Linux ဆိုတာ တကယ်တန်းတော့…More

Ubuntu 8.04

Ubuntu 8.04 မှာတော်တော်ကောင်းမွန်လာတာကိုတွေ့ရပါတယ်။ မကောင်းတာကတော့ network ပိုင်းအားနည်းလာတာကိုတော့ တွေ့ရပါတယ်။ network က မမိသလိုပဲ။ dial-up ပြသနာကတော့ အရင်ကတည်းက ဖြစ်နေတာပါ။ အခုထက်ထိ အဆင်မပြေသေးပါဘူး။ တခြားအနေနဲ့ကတော့ Graphic ပိုင်းမှာ ကောင်းမွန်လာတယ်။ နောက်ပြီး အထူးခြားဆုံးကတော့ wubi ပါ။ တော်တော်ကောင်းပါတယ်။ သွင်းရတာ အရမ်းလွယ်သွားတယ်။ ဘာ ပြသနာမှမဖြစ်ဘူး။ မြန်မာစာကတော့ ကျွန်တော် မစမ်းရသေးဘူး။ ထူးထူးခြားခြားဘာမှပြောင်းလဲသွားတာတော့ မတွေ့ရဘူး။ အဲ… cd burning အတွက်တော့ barbosa ဆိုတဲ့ cd burnning လေးပါလာတယ်။ အရင်က သီးသန့်သွင်းရတယ်။ အခုတော့ သွင်းစရာမလိုတော့ဘူးပေါ့။ တခြား effect တွေကတော့ အရင်အတိုင်းပါပဲ။ Add to panel လေး…More

Ubuntu 8.04 အခုထက်ထိ မသွင်းရသေး

Ubuntu 8.04 မှ တကယ် ညစ်သွားတယ်… wubi သွင်းတာ internet connection လိုနေတယ်တဲ့ဗျာ.. တကယ့်ကိုညစ်သွားတာ… အဲဒါသွင်းချင်လို့ ဆိုပြီး Linux ရှိတဲ့ drive ကိုဖျက်လိုက်တာ ပြသနာဖြစ်ပါလေရော… windows တက်မလာတော့ဘူးလေ… ဒီတော့ internet မှာရှာရပြန်ကော.. http://www.mysteryzillion.com/forums/showthread.php?t=667 အဲမှာ  windows boot ပျောက်သွားရင် ဘယ်လိုပြန်လုပ်ရမလဲဆိုတာ ရေးထားပါတယ်… အဲဒီအဆင့်ရသွားတော့ wubi သွင်းတာ connection မကောင်းလို့လားမသိဘူး.. wubi သွင်းတဲ့အချိန် download ချတာ ပြတ်ကျကျသွားတယ်.. အခုထက်ထိတော့ အဆင်မပြေသေးဘူးဗျာ… အခွေနဲ့ boot သွင်းလည်း မရနဲ့…. ပြန်စမ်းကြည့်အုံးမယ်.. boot နဲ့ ရမရကို…. စမ်းပေါင်းလည်းများပြီ… ရမှပဲ စမ်းလို့ရမှာဆိုတော့ ရအောင် လုပ်ကြည့်လိုက်အုံးမယ်ဗျာ……More

စောင့်နေပါတယ် Ubuntu

အခု Ubuntu 8.04 ထွက်တော့မယ်ဗျ… နောက် ၁၁ ရက်လောက်ကြာရင်ပေါ့… download ချဖို့ လုပ်ရအုံးမယ်… အင်း.. Vista SP1 သွင်းပြီးမှပဲ Ubuntu ကို ပြန်သွင်းတော့မယ်… သိတယ်မဟုတ်လား.. Windows ဆိုတာက တစ်ကိုယ်ကောင်းဆန်လွန်းတယ်… Windows သွင်းလိုက်ရင် တခြား Linux တစ်ခုမှ boot မတက်တော့ဘူးလေ… Windows မသွင်းခင်က dual boot ရပေမယ့် သွင်းပြီးနောက်ပိုင်း မရတော့ဘူး.. စိတ်တော့မပူပါဘူး.. ပြန်ခေါ်လို့ရတာပဲ… ဒါပေမယ့် အလုပ်ရှုပ်သက်သာအောင် SP1 သွင်းပြီးမှ ပဲ သွင်းတော့မယ်.. ဒါနဲ့ Ubuntu ကို မြန်မာလို ဘာသာပြန်ဖို့ စဉ်းစားကြလားမသိဘူး… https://translations.launchpad.net/ubuntu/hardy/+lang/my အဲ…. ဒီလိုတော့ မလုပ်ကြပါနဲ့ဗျာ… တကယ်လို့ထွက်လာရင် မြန်မာတွေ…More