စောင့်နေပါတယ် Ubuntu

အခု Ubuntu 8.04 ထွက်တော့မယ်ဗျ… နောက် ၁၁ ရက်လောက်ကြာရင်ပေါ့… download ချဖို့ လုပ်ရအုံးမယ်… အင်း.. Vista SP1 သွင်းပြီးမှပဲ Ubuntu ကို ပြန်သွင်းတော့မယ်… သိတယ်မဟုတ်လား.. Windows ဆိုတာက တစ်ကိုယ်ကောင်းဆန်လွန်းတယ်… Windows သွင်းလိုက်ရင် တခြား Linux တစ်ခုမှ boot မတက်တော့ဘူးလေ… Windows မသွင်းခင်က dual boot ရပေမယ့် သွင်းပြီးနောက်ပိုင်း မရတော့ဘူး.. စိတ်တော့မပူပါဘူး.. ပြန်ခေါ်လို့ရတာပဲ… ဒါပေမယ့် အလုပ်ရှုပ်သက်သာအောင် SP1 သွင်းပြီးမှ ပဲ သွင်းတော့မယ်.. ဒါနဲ့ Ubuntu ကို မြန်မာလို ဘာသာပြန်ဖို့ စဉ်းစားကြလားမသိဘူး…

https://translations.launchpad.net/ubuntu/hardy/+lang/my

အဲ…. ဒီလိုတော့ မလုပ်ကြပါနဲ့ဗျာ… တကယ်လို့ထွက်လာရင် မြန်မာတွေ သုံးမရတာပဲ ဖြစ်မယ်..

https://translations.launchpad.net/~naymyolay-gmail

အဲလိုမျိုး မဆီမဆိုင်တာတွေ… ကိုယ်ကျိုးနဲ့ ဆိုင်တာတွေ မထည့်စေချင်ဘူး.. မြန်မာတွေ အတွက်လုပ်တာက မြန်မာတွေ အတွက်ပဲဖြစ်သင့်တယ်… မဆီမဆိုင်တာတွေ မရောစေချင်ဘူး…

ကျွန်တော်တို့တွေ https://translations.launchpad.net/ubuntu/hardy/+lang/my

အဲဒီမှာ ဝိုင်းပြီး ပြန်ပေးလို့ရပါတယ်.. Unicode 5.1 တစ်ခုခုသုံးပြီးတော့ပေါ့.. မြန်မာ 3 ပဲဖြစ်ဖြစ်.. ပိတောက်ဖြစ်ဖြစ်.. ပုရပိုက်ပဲ ဖြစ်ဖြစ်.. တစ်ခုခုနဲ့ပေါ့…. ဘာလို့ အဲဒါနဲ့ ပြန်ရလဲဆိုတော့ မရှင်းတော့ပါဘူး.. ရှင်းရင် ရှည်ပြီး ရှုပ်ကုန်မယ်…

ဇော်ဂျီကို ဘာလို့မသုံးတာလဲ ထပ်မေးအုံးမယ်… အမှန်တိုင်းပြောရင် ဇော်ဂျီကို သုံးချင်တယ်.. ဒါပေမယ့် တစ်ယောက် တစ်ပေါက်တွေ ထွက်လာမှာ ကြောက်လို့ဗျ… လက်ရှိ open office ကလည်း unicode 5.1 မို့… အဲဒါကိုလည်း Unicode 5.1 ပဲသုံးစေချင်တာပါ…

web ပေါ်မှာကတော့ ဘာပဲဖြစ်ဖြစ်ဇော်ဂျီပဲ… =D

Leave a Comment

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.