Linux ကသာ ဖွံ့ဖြိုးဆဲနိုင်ငံအတွက် ဆင်းရဲတဲ့နိုင်ငံအတွက် အဲလိုသာ လူတွေအော်နေကြတာပါ။ လက်တွေ့မှာတော့ Linux ထက် Windows က အများကြီးအဆင်ပြေမှုတွေရှိပါတယ်။ ဖွံ့ဖြိုးဆဲနိုင်ငံတွေမှာ အဓိက ပြသနာကတော့ လျှပ်စစ်မီးနဲ့ အင်တာနက် connection ပဲ။ Ubuntu ဆိုတာကလည်း Internet Connection ကောင်းကောင်းမရရင် ဘာမှ လုပ်လို့ရတာမဟုတ်ဘူးလေ။ နောက်ပြီး ဖွံ့ဖြိုးဆဲနိုင်ငံတွေမှာက အင်တာနက် အသုံးပြုကြေး မြင့်မားပါတယ်။ မြင့်မားတယ်ဆိုတာ ပေးတာနဲ့ ရတာမတန်ဘူးလို့ဆိုတာပါ။ ငွေကြေးကို ပြောတာမဟုတ်ပါဘူး။ ဒီလောက်ပေးပြီး ဒီလောက်ပြန်ရမှ တန်တယ်လို့ဆိုလို့ရပါတယ်။ ၂၄ နာရီလုံး ဈေးသက်သက်သာသာ နဲ့ သုံးခွင့်မရှိဘူးဆိုရင်တော့ Linux ကိုမေ့လိုက်ပါ။ အမြန်တိုင်းဆိုရင် Linux က မြန်မာနိုင်ငံအတွက် လိုပါသေးတယ်။ မသင့်သေးဘူး။ Linux ဆိုတာ တကယ်တန်းတော့ ဖွံ့ဖြိုးပြီးသားနိုင်ငံတွေ အတွက်ပါ။ သူတို့နိုင်ငံက ကျောင်းသားတွေ လက်တည့်စမ်းဖို့ ပညာစမ်းဖို့ opensource သမားတွေ သဘောတွေ့ဖို့ပါ။ ကျွန်တော်တို့ မြန်မာနိုင်ငံမှာ opensource သမားကလည်း ရှားပါးပါတယ်။ ဟုတ်တယ်လေ။ မြန်မာနိုင်ငံမှာ Opensource က ပိုက်ဆံမှမရတာ။ ထားပါတော့။ Ubuntu ရဲ့ အဓိက ပြသနာက Internet က အရမ်းအားကိုးရခြင်းပဲ။ တခြားဟာတွေလည်း ဒီလိုပါပဲ။ SuSe ကလည်း Internet connection ကောင်းမှ သုံးပျော်ပါတယ်။ အခု Ubuntu ကတော့ Internet ကောင်းလို့ကတော့ ဘာကောင်းလဲမမေးနဲ့။ ဘာလုပ်ချင်လဲ။ Windows Vista ထက်လှချင်လား။ Performance ကောင်းလာစေချင်လား။ အကုန်ရပါ့။ လေ့လာစရာတွေလည်း အများကြီး။ ခက်တာက မြန်မာနိုင်ငံလိုမျိုး ဖွံ့ဖြိုးဆဲနိုင်ငံတွေက အဲလို speed မြန်တဲ့ connection တွေမပေးနိုင်ဘူးလေ။ ဒါဟာ ပြသနာတရပ်ပါ။ တချို့လူတွေက Ubuntu ကောင်းတယ်။ အရမ်းကောင်းတယ်။ သုံးကြည့်။ အရမ်းမိုက်တာလို့ ပြောကြတယ်။ ကျွန်တော် အပါအဝင်ပေါ့။ ဒါပေမယ့် အဆင်ပြေတဲ့လူ နည်းပါတယ်။ မြန်မာနိုင်ငံက လူတွေအတွက် လုံးဝ အဆင်မပြေသေးပါဘူး။ ၁၀၀၀ ပဲ ပေးပြီး အခွေလေးဝယ်။ သွင်းလိုက်။ အဲဒါလေးကပဲ စိတ်ချမ်းသာတယ်။ internet ဖိုးထက် သက်သာတယ်လေ။ ဒါကြောင့် Windows က ဖွံ့ဖြိုးဆဲနိုင်ငံ (အထူးသဖြင့် copyright မရှိတဲ့နိုင်ငံ) တွေအတွက် အဆင်ပြေတယ်။ တကယ်လို့ Windows က ဈေးကြီးတယ်ဆိုလည်း Windows Xp လောက်လေးသုံးပြီး အခွေလေး ဝယ်သုံးရတာက Connection နှေးတဲ့နိုင်ငံ၊ ဒါမှမဟုတ် မရှိတဲ့ နိုင်ငံအတွက်ဆို အရမ်းအဆင်ပြေတယ်။ Linux က ဖွံ့ဖြိုးပြီးသား နိုင်ငံတွေမှာသာ ကျယ်ပြန့်ပြီး ကူုးလူးဆက်သွယ်နေပေမယ့် မြန်မာနိုင်ငံလိုမျိုးမှာကတော့ Linux သုံးတက်တာ ဆရာကြီး တစ်ဆူလိုဖြစ်နေတာပဲ။ မြန်မာတွေအားနည်းတာကတော့ လေ့လာမှု။ အထူးသဖြင့် ကိုယ်တိုင်လေ့လာမှုပဲ။ တစ်ခုခုဆို ကိုယ်တိုင်ရှာရမှာ အရမ်းပျင်းတယ်။ အဲလိုဆို Linux မသုံးနဲ့တော့။ Windows ကိုပဲသုံး။ ရှာရလွယ်တယ်။ Linux ကတော့ သိစရာတွေ ရှာစရာတွေ အများကြီးလိုအပ်တယ်။ မြန်မာတွေအတွက်ကတော့ Windows ပဲကောင်းတယ်။ Ubuntu ကို မြန်မာမှာနေတဲ့လူတွေ သုံးဖို့မသင့်သေးဘူး။
Leave a Reply