News

  • http://ornagai.pbworks.com/ api wiki အနေနဲ့လုပ်ထားပါတယ်။ pbworks က ပြင်ရတာကော သုံးရတာပါ လွယ်ပါတယ်။ Ornagai API သုံးထားတာတွေလည်း ornagai wiki မှာ ဝင်ရောက် ဖြည့်စွက်ရေးသားပေးစေချင်ပါတယ်။

  • မနေ့က ornagai API ကို ကြေငြာခဲ့ပါတယ်။ ornagai API နဲ့ တွဲသုံးဖို့လွယ်အောင် php client library ကိုလည်း ရေးထားပါတယ်။ အဲဒါကိုတော့ http://github.com/saturngod/ornagai-phpSDK အဲမှာ ရယူနိုင်ပါတယ်။ နောက်ပြီး api ကို သုံးပြီး greasemonkey script တစ်ခုရေးထားပါတယ်။ greasemonkey script ကို သွင်းထားရင် စာလုံးကို double click နှိပ်လိုက်ရင် ဖြစ်စေ select မှတ်လိုက်ရင်ဖြစ်စေ api ကနေ တဆင့် ရှာပြီး return ပြန်ပေးပါတယ်။ http://userscripts.org/scripts/show/75285 မှာ ရယူနိုင်ပါတယ်။ Important :: မလိုအပ်လျှင် ornagai greasemonkey script ကိုပိတ်ထားပါ။ jquery 1.4 ကိုသုံးထားတဲ့အတွက်ကြောင့်…

  • ကြာသာပတေးနေ့က ကိုသာသာ နဲ့ လူပျိုကြီးတို့နဲ့ စကားပြောရင် ornagai  udk RESTful API ထုတ်ပေးပါလားဆိုတာနဲ့ ဒီနေ့ စမ်းကြည့်လိုက်တယ်။ post method ကတော့ စမ်းပြီးပြီ အဆင်ပြေတယ်။ ဒါပေမယ့် အခုတော့ မထုတ်သေးဘူး။ App ID နဲ့ secret key ၂ ခုနဲ့ အလုပ်လုပ်မလားစဉ်းစားနေတာ။ အဲဒီအတွက် register page က ရေးရအုံးမယ်။ နောက်အပတ်လောက်မှပဲ လုပ်ဖြစ်မယ်ထင်တာပဲ။ အခု api ကို စမ်းချင်တဲ့ သူတွေက အောက်မှာ သွားဖတ်လို့ရပါတယ်။ နောက်ဆိုရင် api နဲ့ စာလုံး အသစ်ထည့်တာတွေပါလုပ်လို့ရတော့မှာပါ။ http://wiki.github.com/saturngod/ornagai-V2/api

  • Facebook f8 အကြောင်းရေးမယ် ရေးမယ်နဲ့ MZ newsletter က အချောသတ်တာ မပြီးသေးတာနဲ့ အချိန်ပေးလိုက်ရလို့ မရေးဖြစ်ဘူးဖြစ်သွားတယ်။ ပထမပိုင်းမှာ Mark Zuckerberg က အဖွင့် keynote နဲ့ စလိုက်တာပဲ။ ပွဲမစခင်မှာ ပြထားတဲ့ video လေးက စမ်းနေတယ်။ Graph တွေ ဆွဲနေတဲ့ပုံတွေ တစ်ယောက်နဲ့ တစ်ယောက် ချိတ်ဆက်နေတဲ့ ပုံတွေ video ပြကတည်းက တစ်ခုခုတော့ တစ်ခုခုပဲလို့ တွေးမိလိုက်တယ်။ ပြီးခဲ့တဲ့ နှစ်တွေကလည်း facebook connect ကို ကြေငြာခဲ့သလို ဒီတစ်ယောက်တော့ နောက်ထပ် API အသစ်တစ်ခုခုတော့ ထုတ်တော့မလား လို့ စဉ်းစားမိတယ်။

  • 25 ရက်နေ့မှာ MZ ပွဲ စပါတော့မယ်။ လက်ရှိ ဆွေးနွေးပေးမယ့် ခေါင်းစဉ်တွေကတော့ Self Learning – ကိုပီဇီ (Myanmartutorials.com) How to study in Myanmar – ကိုရာဗီ == Break == Web Development – ကိုအိမောင် (Durosoft) Ubuntu Linux – ကိုကိုရဲ Date: Sunday, April 25, 2010 Time: 10:00am – 5:00pm Location: Egress Hall Room, Yangon, Myanmar

  • ညကတော့ facebook f8 ကြည့်လိုက်တာ အိပ်ရေးပျက်သွားတယ်။ အိမ်ပြန်ရောက်မှပဲမနေ့ညက ပွဲအကြောင်းလေးပြန်ရေးအုံးမယ်။ live ကြည့်ရတာဆိုတော့ တော်တော်မိုက်တယ်။

  • ornagai ကို tsv နဲ့ babylon တို့အတွက်တော့ မထုတ်ရသေးဘူး။ ဒီနေ့ index ထောက်တာ စောစောပြီးရင် babylon , tsv , stardict တို့အတွက် ထုတ်ပေးဖို့ပဲ။ ဒါပေမယ့် index ထောက်ဖို့ရေးရတာ တော်တော်ကြာသွားတယ်။ Nexus One မှာတော့ မြန်ပေမယ့် ကျွန်တော် စမ်းတဲ့ HTC G1 မှာတော့ တော်တော်နှေးတယ်။ data တင်ပဲ 6.5 MB ရှိတယ်။ Ornagai Android ကိုသွင်းမယ်ဆိုရင်တော့ 7 MB လောက်တော့ နေရာယူလိမ့်မယ်။ English Myanmar ပဲ ပါပါတယ်။ ဇော်ဂျီကို font မရှိပဲ ဖတ်လို့ရတယ်။ CPU speed ကတော့…