MZ နဲ့ edu ရပြီနော်

မနေ့ညကတည်းက စည်သူလုပ်နေတာ မနက် ၈ နာရီခွဲတော့ ထခေါ်တယ်။ MZ အတွက် အကုန်လုပ်ပြီးပြီ။ Database က MySQl 5 ကနေ 4 ကိုပြန်ပြောင်းပြီးတင်ရတယ်။ အခု mysteryzillion.org ရပြီ။ လာခဲ့ပါအုံးဆိုလို့ ကျွန်တော်လည်း ၉ နာရီ အရောက်ပြေးလိုက်ရတယ်။ ရောက်တာနဲ့ MZ stable stage ရောက်အောင် file တွေပြင် template ဝယ်ဖို့ကြိုးစားနဲ့ ၁၂ ကျော်ကျော်လောက်မှ စတင်တည်ငြိမ်လာပြီး ၂ နာရီလောက်မှာ ရောက်သွားတယ်။ ဝယ်ထားတဲ့ template ကတော့ ၁၂ နာရီစောင့်မှ ရမယ်ဆိုလို့ စောင့်နေရတယ်။ $30 တောင် template အတွက်ပေးရပါတယ်။ နောက်တော့ ကျွန်တော် edu အတွက် ဆက်လုပ်တယ်။…More

palnet ကြီးပြန်တက်ပြီ

တက်လိုကျလိုက်နဲ့ ရလောက်ပြီထင်တယ်။ တရုတ်ကလုပ်တယ်လို့ ထင်ရပါတယ်။ ဒါပေမယ့် တိတိကျကျတော့ မရသေးဘူး။ အခုတော့ ပြန်တက်သွားပြီ။ ဘာပဲပြောပြော မြန်မာတွေ အရင်ကလို နှေးနှေးကွေးကွေးမဟုတ်ပဲ အခုလို မြန်မြန်ဆန်ဆန် လုပ်နိုင်လာတာ ဂုဏ်ယူစရာတစ်ခုပါ။  ပြန်ပြီး ကောင်းမကောင်း စမ်းလိုက်အုံးမယ်။ :)More

MZ ရပြီ

MZ ကို technical-7 က ကိုမင်းကျော် ရဲ့ ကျေးဇူးကြောင့် ရရှိသွားပါပြီ။ ကျေးဇူးအထူးတင်ရှိပြီး technical-7 ကိုလည်း လေးစားပါတယ်။More

Using Zawgyi

အခုမှ အင်တာနက် စသုံးတဲ့လူတွေ ခဏခဏမေးကြတယ်.. ဇော်ဂျီဘယ်လိုထည့်ရမလဲ.. စာဘယ်လိုရိုက်ရမလဲ.. gtalk မှာ မြန်မာစာ ပေါ်မလာဘူး.. အဲဒါတွေ အတွက်… MZ Download Center မှာ Using Zawgyi ebook ရပါပြီ…More

Ubuntu 8.04 ထွက်ပြီ

ကဲ… ဒီနေ့တော့ ထွက်ပါပြီဗျာ.. စောင့်လိုက်ရတာ.. download ကို မနက်ဆိုင်မှာ သွားချရမယ်… ဒါမှမဟုတ် တစ်ယောက်ယောက်ကို download ချခိုင်းရမယ်.. အခုတော့ အခွေကို request လုပ်ထားတယ်… Vista SP1 လည်း ရန်ကုန်မှာ မထွက်သေးဘူးလားမသိဘူး… Ubuntu 8.04 မှာ Firefox Beta 5 နဲ့ wubi-installer ဆိုတာ ပါလာပါတယ်… wubi-installer ဆိုတာကတော့ windows ကနေ Ubuntu ကို install လုပ်ပြီး Uninstall လုပ်လို့ရတယ်လို့ ပြောတာပဲ… မစမ်းရသေးတော့ မသိသေးဘူး… download ချဖို့ကြိုးစားရပါအုံးမယ်ဗျာ… အခွေကတော့ မှာထားပြီးပြီ.. ဘယ်တော့ရောက်မလဲမသိဘူး.. wubi ဆိုတာကတော့ ဒီမှာ ကြည့် http://www.mysteryzillion.com/wiki/index.php?title=Wubi_%28Ubuntu%29More

Joomla! သင်ချင်လား

Joomla! ကို တတ်ချင်ရင်တော့ ကိုယ်တင်လေ့လာလရင်ဖြစ်ပါတယ်… စာအုပ်တွေကိုတော့ http://www.mmopenlibrary.com/?s=Joomla အဲမှာရယူနိုင်ပါတယ်… တကယ်လို့ သင်တန်းပဲတက်ချင်ရင်တော့ မြို့ထဲ ၃၉ လမ်း ( မဟာဗန္ဓုလလမ်း နဲ့ ကုန်သည်လမ်းကြား ) က M2 Computer Center မှာ သင်လို့ရပါတယ်။ ဖုန်းနံပါတ်ကတော့ 0951-20492 ကိုဆက်သွယ်နိုင်ပါတယ်… PS: Blog တွင် ကြော်ငြာများလက်ခံပါသည် =PMore

Burglish Textpad

ကျွန်တော် ကိုယ်တိုင်က မြန်မာစာကို မြန်မာလိုရိုက်ရတာပဲ သဘောကျပါတယ်..ဒါပေမယ့် ကိုယ့်သဘောကျအတိုင်း လုပ်နေလို့လည်းမဖြစ်ဘူးလေ…ငါ ဒီလိုရိုက်လို့ မင်းတို့လည်း ဒီလိုပဲ ရိုက်သင့်တယ်လို့ တရားသေပြောလို့မရဘူး..လူဆိုတာတစ်ယောက်တစ်မျိုးရှိကြမြဲပဲ… burglish ရိုက်တဲ့လူတွေကလည်း burglish ရိုက်မှာပဲ..ဒါပေမယ့် burglish ရိုက်ပေမယ့် မြန်မာစာကို မမေ့စေချင်ဘူး..ဒါကြောင့် burglish texpad လေးကို စမ်းကြည့်စေချင်တယ်…မဆိုးဘူးဗျ.. မိုက်တာတော့ မိုက်တယ်..နောက်ပြီး ဝိဇ္ဖာဆိုရှိသေးတယ်…အဲဒါက windows မှာတောင် သုံးလို့ရတယ်..သေးလည်းသေးတယ်.. သုံးရတာလည်း ပေါ့တယ်..စမ်းချင်တဲ့ burglish သမားတွေ စမ်းကြည့်ကြပေါ့… အဆင်ပြေမယ်ဆို web ပေါ်မှာ burglish တွေထက်စာရင် မြန်မာစာလေး တွေ့ရလိမ့်မယ်လို့ မျှော်လင့်ပါတယ်ဗျာ.. http://burglish.googlecode.com/svn/trunk/desktop/bgl_textpad/bgl_textpad.exehttp://waitzar.googlecode.com/files/WaitZar_WIP_1.3.zip  More

MZ Dictionary Alpha Version 1

လိုအပ်ချက်တွေက ကမ်းကုန်ပါပဲဗျာ။ ဘာဖြစ်လို့မှန်းကိုမသိတာ။ စာလုံးတွေ တော်တော်လိုသေးတယ်။ အခုတော့ babylon အတွက် bgl ထုတ်ပေးထားပါတယ်။ ကျွန်တော်တို့ ဒီလ အကုန်မှာ beta ထွက်အောင် ကြိုးစားကြည့်မယ်။ ထပ်ဖြည့်ရမှာ တော်တော်များတယ်ဗျ။ http://www.mysteryzillion.com/forums…p?do=file&id=4More