Vista SP2 ထွက်အုံးမည်

Microsoft ဆိုတဲ့အတိုင်း Service Pack တွေအမြဲထွက်နေကြပါပဲ။ အခု နာမည်ကြီးနေတဲ့ Windows 7 မတိုင်ခင်မှာ Vista SP2 ကိုထုတ်မယ်လို့ ဖတ်လိုက်ရတယ်။ Vista SP1 ကတော့ မူရင်း Vista ထက်ပိုမြန်ပါတယ်။ ပိုပြီး သုံးလို့ကောင်းလာတာ အမှန်ပဲ။ အခု SP2 က ဘာတွေ ထူးခြားလာမလဲဆိုတာတော့ သေသေချာချာ မသိရသေးဘူး။More

Comming Soon…Firefox 3.1

ပွဲကတော့ ကောင်းပြီ… Firefox 3.1 ကို ထပ်မံစောင့်ဆိုင်းကြိုဆိုလိုက်ပါတယ်..More

MZ သည် စီးပွားရေးမလုပ်

လှိုင်သာယာဘက်မှာ network ပိုင်းလာဆင်တဲ့ အဖွဲ့ တစ်ဖွဲ့ က Mysteryzillion အဖွဲ့ကပါ ဆိုပြီးပြောသွားကြောင်း ပြီးတော့ network ပိုင်းဆိုင်ရာတွေမှာ သူတို့ ဆင်ပေးပြီးနောက်ပိုင်း အခက်ခဲတွေ ပိုတွေ့လာရကြောင်း MZ ကလုပ်စားနေတာဖြစ်ကြောင်း သတင်းတွေ ထွက်လာပါတယ်။ MYSTERY ZILLION နှင့် ပတ်သက်၍ ကျွန်တော်တို့တွေ အခု သတင်းတွေ ကြားနေရပါတယ်။ ကြားလိုက်ရရခြင်း အတော့ ကိုစိတ်မကောင်းဖြစ်သွားတယ်။ MZ အမည်နဲ့ စီးပွားရေး လုပ်စားနေကြပါတယ်တဲ့။ ကျွန်တော်တို့ MZ က လုံးဝ စီးပွားရေး မလုပ်ပါ။ Network လဲ လိုက်မဆင်ပေးပါ။ ကွန်ပျူတာလဲ မပြင်ပါ။ အဲ ကျွန်တော်တို့ MZ Admin တွေ ကို အကူအညီတောင်းလို့ အိမ်ကိုလာပို့ကြတဲ့ စက်တွေ…More

Gtalk တွေ ဝင်ရခက်နေ

ဒီနေ့ မနက်ကတည်းကနေ GTALK တွေ ဝင်ရခက်နေတယ်ဗျာ။ gmail က မနက်ပိုင်းက ဝင်မရပေမယ့် နေ့လည်လောက်တော့ ပြန်ဝင်လို့ရတယ်။ gtalk ကတော့ အခုထက်ထိ မရသေးဘူးဗျ။ Bagan က ဘာတွေလုပ်နေမှန်းမသိဘူး။ ဒါပေမယ့် web ကနေ တော့ ရတယ်။ ခက်တာက မြန်မာလိုရိုက်လို့မရဘူးလေ။ gmail က gtalk ကလည်း မတက်ဘူး။ talk.google.com ကနေပဲ သုံးမှရတယ်လေ။ တော်တော်ကိုလေတယ်။ google ကဖြစ်တာလား။ မြန်မာကဖြစ်တာလားတော့မသိဘူး။ ၉၀% သေချာတာကတော့ မြန်မာက ဖြစ်နေတာပဲ။ gtalk မသုံးတော့လည်း နားအေးပါးအေး အလုပ်လေးတွေတော့ လုပ်ဖြစ်သွားတာပေါ့။More

IT စကားဝိုင်း ပြန်လည်ကျင်းပမည်

PC Magazine အမြဲ ကျင်းပနေကျ IT စကားဝိုင်းကို အရင်ကလို မဟုတ်ပဲ တကယ့်စကားဝိုင်းလို ပြန်လည်ကျင်းပတော့မှာပါ။ ကျင်းပမယ့် နေ့ရက်ကတော့ နောက်လ ၈ ရက်နေ့ပါ။ အဓိကတော့ myanmar wiki နဲ့ မြန်မာ unicode အကြောင်းပြောဆို ဆွေးနွေးကြမယ်လို့သိရပါတယ်။ MIT ဝင်းထဲမှာပဲ ကျင်းပဖြစ်မှာပါ။More

Chrome Available on Ubuntu

I will write soon. Now, I need to go some where. I don’t recommend chrome in Ubuntu. It’s will release by Crossover not Google. Chrome is open source and they can make Chrome for Linux and Mac.More

HaHa U-Ni (Beta)

my.wikipedia.org ကိုကြည့်ရတာ အဆင်မပြေဘူး။ ကိုယ့်စက်ထဲမှာ rendering မရှိဘူး။ နောက်ပြီး font လည်းမရှိဘူး။ စိတ်မပျက်ပါနဲ့။ Unicode 5.1 နဲ့ရေးထားတဲ့ site တွေကို ကြည့်ရတာ အဆင်မပြေဘူးလို့ ငြီးနေလား။ Zawgyi Fun Group ဖြစ်တဲ့ zawgyi.info ကနေ hahauni ဆိုတဲ့ program လေးကို သုံးလိုက်ပါ။ HaHa ဦးနီနော်… Haha ယူနီ ဟုတ်ဘူး။ နောက်မို့ဆို unicode တွေကို ရွှဲ့ပါတယ်လို့ ပြောနေအုံးမယ်။ hahauni မှာ website လိပ်စာထည့်လိုက်။ unicode 5.1 page တွေကို zawgyi နဲ့ပြောင်းပြပေးလိမ့်မယ်။ google chrome နဲ့သုံးဖို့တော့ အကြံပေးချင်တယ်။ google chrome…More