nothing
-
လူ့ဘဝမှာ အသက် ၈၀ လောက် နေရခဲ့ရင် အခုအချိန် ဘဝ တစ်ဝက် ရောက်ပြီ ဆိုရမှာပဲ။ ဒီအသက်အရွယ်မှာ သိလိုက်တာက များများအိပ်ဖို့ပဲ။ ငယ်ငယ်က အလုပ်ကို ၂ ည လောက် မအိပ်ပဲ လုပ်နိုင်တယ်။ စင်္ကာပူ အလုပ်ဝင်တုန်းက ၁ ည လုံး အိမ်မပြန်ပဲ ရုံးမှာ အိပ်ပြီး နောက်နေ့ deployment အတွက် လုပ်ခဲ့တာ တစ်ခေါက် နှစ်ခေါက် မကဘူး။ စင်္ကာပူမှာ လုပ်ခဲ့သည့် အချိန်တွေမှာ 2C2P က လွဲလို့ ကျန်သည့် company တွေ ရုံးမှာကော အိမ်မှာကော ညလုံးပေါက် လုပ်ခဲ့ရတာတွေ ကြီးပဲ။ အိပ်ချိန်ဆိုတာ အတော်ရှားတယ်။ လူက alert ဖြစ်နေပြီး အလုပ်လုပ်နေရတာ…
-
ဒီတစ်ခေါက် WWDC 2026 မှာ စိတ်ဝင်စားစရာ ကောင်းတာက Apple ရဲ့ Foundation Framework ပဲ။ မနှစ်ကတည်းက ပါပေမယ့် ဒီနှစ် မှာတော့ ပိုကောင်းလာတယ်။ Technical အပိုင်းအရ ပြောရရင် Apple က Model ၂ မျိုး ခွဲပေးထားတာပါ။ သာမန်နေ့စဉ်သုံးဖို့ 3B Dense Model (AFM 3 Core) အပြင်၊ ခက်ခဲတဲ့ task တွေ အတွက် Multimodal (Image Analyze) လုပ်ဖို့အတွက် 20B Sparse Model (AFM 3 Core Advanced) ကိုပါ ထည့်ပေးထားပါတယ်။ “ဖုန်းပေါ်မှာ 20B Model ကြီး ဘယ်လို…
-
ဘဝတစ်ခုကို အောင်မြင်ခြင်း၊ မအောင်မြင်ခြင်းဆိုတာ ငွေကြေးတစ်ခုတည်းနဲ့ တိုင်းတာလို့ မရသလို အခြားသူတွေရဲ့ အမြင်နဲ့လည်း တိုင်းတာလို့ မရဘူး။ ခေတ်ကာလတစ်ခုလုံးမှာ ချမ်းသာသူတွေကို မီဒီယာတွေက ပိုမိုဖော်ပြနေကြတာကြောင့် ချမ်းသာခြင်းဟာ အောင်မြင်မှုလို့ လူအများက ထင်လာကြတယ်။ အခုခေတ် တရုတ်ဇာတ်လမ်းတို အများစုမှာတောင် စည်းစိမ်နဲ့ အရှိန်အဝါ (Wealth & Status) ကို အောင်မြင်မှုအဖြစ် ပုံဖော်တာ မကြာခဏ တွေ့ရတယ်။ ဒါပေမယ့် အောင်မြင်မှုဆိုတာ နောက်ဆုံးတော့ ကိုယ့်စိတ်နဲ့ကိုယ် ကျေနပ်ရောင့်ရဲနိုင်ခြင်းနဲ့ပဲ ပိုဆိုင်လိမ့်မယ်။ အခြားသူတွေရဲ့ ဆုံးဖြတ်ချက်တွေက ကိုယ့်ဘဝရဲ့ အဓိပ္ပာယ်ကို အဆုံးအဖြတ်မပေးနိုင်ဘူး။ ဥပမာ — တစ်နေ့လုံး စက်ရုံထဲရုန်း၊ ညကျရင် ဘားမှာ အရက်သောက်၊ အိပ်ရာဝင်၊ နောက်နေ့ အလုပ်ပြန်သွားနဲ့ လည်နေတဲ့ ဘဝ။ နောက်တစ်ခုကတော့…
-
ပြီးခဲ့တဲ့ weekend က သူငယ်ချင်းအချို့နဲ့ စကားပြောမိတော့ တော်တော်များများလည်း ကိုယ်တွေ ကြုံနေရသလို ပြဿနာတွေ ကြုံနေရတာပဲ။ AI ခေတ်မှာ team ကို ဘယ်လို project management လုပ်မလဲဆိုတဲ့ နည်းလမ်းက အခုထိ တိတိကျကျ မထွက်လာသေးဘူးလို့ ခံစားရတယ်။ အကုန်လုံးက စမ်းသပ်နေကြဆဲပဲ။ ပြဿနာက ဘာလဲဆိုတော့ Product Manager role က အရင်ကထက် ပိုပြီး strong ဖြစ်လာတာပဲ။ အရင်က Product Manager က product scope ခွဲမယ်။ Plan လုပ်မယ်။ Task list ခွဲမယ်။ ပြီးရင် developer တွေကို assign ချမယ်။ Developer က code…
-
ဒီ weekend မှာ dev server အတွက် https://dokploy.com/ ကို ပြောင်းသုံးဖြစ်တာ အတော်အဆင်ပြေတယ်။ ဒါပေမယ့် လက်ရှိ app တွေကို အကုန် Dockerfil ပြန်ရေးရတာပဲ။ လွန်ခဲ့သည့် ၂ နှစ်လောက် က ဆိုရင်တော့ ပြောင်းဖို့ တွန့်ဆုတ် နေမှာ။ အခုတော့ Codex အစွမ်း နဲ့ Dockerfile ရေးရတာ အတော် ကို အဆင်ပြေတာ။ ဘာမှ လုပ်စရာမလိုပဲ project ကို Dockerfile ပြောင်းပြီး dokploy ကို github သုံးပြီး ပြောင်းတာ server က အတော် သေသပ်သွားတယ် ဆိုရမယ်။ အရင်က server တစ်ခု တည်းမှာ PHP…
-
Meta က လူ အယောက် ၈၀၀၀ လောက် ဖြုတ်လိုက်တယ် ဆိုတဲ့ သတင်းတွေ ဖတ်မိတယ်။ အဲဒီထဲမှာ Developer ဘယ်နှစ်ယောက်ပါမလဲတော့ သေချာ မသိဘူး။ ဒါပေမယ့် job market ထဲကို လူတွေ ထပ်ဝင်လာတာတော့ သေချာတယ်။ တခြား အလုပ်ရှာနေတဲ့သူတွေ အနေနဲ့လည်း ex-Meta သမားတွေ၊ ex-Big Tech သမားတွေ နဲ့ ပြိုင်ပြီး အလုပ်ရှာရမယ့် သဘော ဖြစ်သွားတယ်။ ဟိုးအရင်ကတည်းက ပြောခဲ့ဖူးတယ်။ Programming က သင်ရတာ အရမ်းခက်ခဲတဲ့ အထဲမှာ ပါမနေဘူး။ တခြား profession တချို့လို entry barrier အရမ်းမြင့်တဲ့ အလုပ်တော့ မဟုတ်ဘူး။ Laptop တစ်လုံး၊ internet တစ်ခု…
-
https://books.saturngod.net/ ကို update ပြန်လုပ်ထားတယ်။ ပြီးခဲ့သည့် event က စာအုပ်တွေ ရှာ မရ ဘူး ပြောလို့။ ပထမဆုံး စာအုပ် က Making Blog by Saturngod ဆိုသည့် စာအုပ်။ Web Blog, We Unite ဆိုပြီး 1 September 2007 မှာ MICT Park ထဲမှာ ပွဲလုပ်ဖြစ်ခဲ့တယ်။ အဲဒီပွဲမှာ ဝေခဲ့သည့် Blogspot နဲ့ blog လုပ်နည်း စာအုပ်။ အဲဒီပွဲကြောင့် လူတွေ အများကြီး နဲ့ သိခဲ့ပြီး ဘဝ မှာ အတော်လေး ကို အကျိုးရှိခဲ့သည့် ပွဲပါ။ မှတ်မှတ်ရရ UCSY မှာ…
-
ငယ်ငယ်က အမေ ပြောနေကျ စကားတစ်ခု ရှိတယ်။ “သား စဉ်းစားမရရင် အိပ်လိုက်။ အနည်းဆုံးတော့ အိပ်ရေးဝတာပေါ့” တဲ့။ Periodic Table အကြောင်း ရှာရင်း Mendeleev အကြောင်း ဖတ်မိတယ်။ သူ့အကြောင်းမှာ Periodic Table နဲ့ အိပ်မက် ဆက်စပ်နေတဲ့ ပြောစမှတ်တစ်ခု ရှိတယ်။ Mendeleev က Periodic Table ကို တစ်ညအိပ်မက်မက်ပြီး ချက်ချင်းရသွားတာတော့ မဟုတ်ဘူး။ သူက ဒြပ်စင်တွေကို ဘယ်လိုစီရမလဲဆိုတာ အချိန်အတော်ကြာ စဉ်းစားနေခဲ့တာ။ အဲဒီအချိန်မှာ Newlands, Meyer စတဲ့ တခြား scientist တွေလည်း element တွေရဲ့ pattern ကို ရှာနေကြတာရှိတယ်။ ဒါပေမယ့် Mendeleev ရဲ့ table…
