Project
-
Office 2007 မှ မြန်မာလိုပေါင်းလို့ရပေမယ့် office 2003 user တွေ အတွက်တော့ အခက်တွေ့နေတုန်းပဲ… ဒါကြောင့် mmexcel ကို ပိုကောင်းအောင် ပြန်လုပ်ထားပါတယ်။function တွေရိုက်စရာမလိုပဲ… toolbar ကနေ click လုပ်လိုက်ရုံနဲ့ရအောင် လုပ်ထားပါတယ်။ Download File : http://www.mediafire.com/?e1wkgjvtv1tManual File : http://www.mediafire.com/?2bmm3bhendh
-
Excel တွင် မြန်မာစာ နံပါတ်များကို ဇော်ဂျီ ၊ မြန်မာ၂ ၊ မိုင်မြန်မာ စသည်တို့ဖြင့် ပေါင်းနှုတ်မြှောက်စား နိုင်ပါပြီ။မြန်မာ၂ တွင် Myanmar2.2 ပြောင်းပြီးလုပ်နေစရာမလိုတော့ပါဘူး။ Myanmar2.2 က မြန်မာ နံပါတ်တွေက english နံပါတ်ကို font ပြောင်းထားတာ။ တကယ် Myanmar Unicode ကို သုံးပြီးလုပ်ထားတာမဟုတ်တာကို ကျွန်တော်တွေ့ရှိလိုက်ရပါတယ်။အခု ကျွန်တော် excel အတွက် Add In တစ်ခုရေးထားပါတယ်။မြန်မာစာ နံပါတ်တွေ ပေါင်းနှုတ်မြှောက်စားဖို့အတွက်ပေါ့။နောက်ပြီး opensouce ပါ။ကျွန်တော့်ထက်တော်တဲ့ ပညာရှင်တွေ မြန်မာနိုင်ငံမှာ အများကြီးပါ။သူတို့တွေ ဒီထက်ကောင်းအောင် လုပ်နိုင်မယ်လို့ ယုံကြည်ပါတယ်။အခု version မှာ အားနည်းချက်က မြန်မာစာ အနှုတ် ဂဏန်းကို excel တွင် ရိုက်လို့မရသေးတာပါ။ တကယ်တမ်းရေးကြည့်တော့…
-
ကျွန်တော် Myanmar Chat နောက်တစ်ခုပြီးသွားပြီ….အရင်တုန်းက MMchat က AJAX သုံးထားလို့ နှေးတယ်ဗျ…ကောင်းလည်းကောင်းတယ်…အခု ကျွန်တော် နောက်ထပ်တစ်ခုနဲ့ မိတ်ဆက်ပေးပါရစေ…နာမည်ကတော့ hellomm ပါ…သူကတော့ ရိုးရိုး php တစ်ခုနဲ့ပဲရေးထားတာ…သုံးရတာမြန်ပါတယ်…နောက်ပြီ Profile ပါပါတယ်… သုံးပျော်မယ်လို့ ထင်ပါတယ်.. လိပ်စာကတော့ http://hellomm.mysteryzillion.com ကျေးဇူးတင်လျက်…စေတန်
-
MMGLite ဟာ မြန်မာလို မေးပို့ မေးလက်ခံနိုင်ပါတယ်။ gmail အသုံးပြုသူများအတွက်သာဖြစ်ပါတယ်။ gmail သုံးသူ အချင်းချင်း မြန်မာလို စာပို စာလက်ခံနိုင်တယ်။ ဒါပေမယ့် HTML base မဟုတ်ပဲ text base ဖြစ်နေသေးတယ်။ သုံးရတာက မြန်မာ GUI ပဲ ။ glite ကို ပြန်ပြင်ထားတာ။ gmail အသုံးပြုသူတွေ အတွက်တော့ တော်တော်လေးကောင်းမယ်ထင်တယ်။ နောက်ပြီး Font Embed သုံးထားပြီ Zawgyi-one Keyboard မရှိပဲ မြန်မာလို ရိုက်နိုင်အောင်လုပ်ထားတယ်။ လက်ကွက်က ဝင်းအင်းဝနဲ့ အတူတူပါပဲ ။ နောက်ပြီး မြန်မာစာလုံး သစ္စာတို့ ဘာတို့ ကိုရိုက်လို့လွယ်အောင်လုပ်ထားပါသေးတယ်။ သုံးကြည့်လိုက်ပါ ။ လိပ်စာက http://mmglite.awardspace.com