edu.mysteryzillion.com

MZ ရဲ့ project အသစ်လေးပေါ့။ online ပေါ်ကနေ စာသင်ကြမယ်။ အခုမှ စမ်းသပ်လိုက်တာပါ။ လုပ်ချင်နေတာတော့ကြာပြီ။ လုပ်နိုင်ဖို့ အင်အားမရသေးလို့ပါ။ အခုတော့ MZ ရဲ့ အင်အားနဲ့ စတင်လိုက်ပါပြီ။ ကျွန်တော် ဖြစ်ချင်နေတာကြာလှပါပြီ။ ဖြစ်ချင်လွန်းလို့ MZ ကိုတည်ထောင်လိုက်တာ online edu ပိုင်းမဟုတ်ပဲ help center သဘောမျိုးဖြစ်သွားခဲ့တယ် :D ။ အခုတော့ edu ပိုင်းသီးသန့်လေး ဖန်တီးပြီး စတင်လိုက်ပါပြီ။ ၂၆ ရက်နေ့ Just Knowledge ဆိုတဲ့ course စမယ်။ အခုကတည်းက စပြီး register လုပ်ပြီး roll သွင်းထားလို့ရပြီ။ လိပ်စာကတော့ http://edu.mysteryzillion.com ကျွန်တော်ကတော့ ကျွန်တော် အရင်က post မှာပြောခဲ့တဲ့အတိုင်း…More

Search In MZ

သူများတွေတော့ မသိဘူး… ကျွန်တော်ကတော့ Computer နဲ့ ပတ်သက်ပြီး ရှာစရာရှိရင် MZ မှာ အရင်ရှာကြည့်တယ်။ အထူးသဖြင့် Anti virus တွေပေါ့။ Flashyfix ဆိုတာကို google မှာ ရှာကြည့်လိုက်။ MZ ထိပ်ဆုံးပဲ။ ကြွားတာမဟုတ်ပါ။ MZ မှာ အများအားဖြင့် virus ကိစ္စတွေပဲ ဆွေးနွေးကြတာများလို့ပါ။ အများအားဖြင့် virus အသစ်ပေါ်လာတိုင်း သတ်ပုံသတ်နည်းတွေ ညတွင်းချင်းတောင် ရနိုင်တယ်လေ။ ဒါကြောင့် MZ ကို အားကိုးရတာပေါ့ :D ။ အဲဒီအတွက် ရှာဖို့ forum ကိုဝင်ရတာ ကြာတယ်။ ဒါနဲ့ http://www.mysteryzillion.com/search/ ဆိုပြီး လုပ်ထားလိုက်တယ်။ Google Custom search ပေါ့။ ဖြစ်နိုင်ရင် firefox…More

Sahana ဆိုတဲ့ opensource

ဒီနေ့ အလုပ်ကိစ္စတွေ ရှုပ်တဲ့ကြားကနေ အားချိန်ပေးပြီး ညနေ ၅ နာရီမထိုးမှီ အရောက် MICT ကို အရောက်သွားခဲ့ပါတယ်… ဒီနေ့တော့ sahana.org.mm ကိုအပြီးလုပ်မယ်.. သန်ဘန်ခါ ညနေလောက် OSM ကိုအပြီးလုပ်မယ်… sahana နဲ့ OSM ကိုပေါင်းဖို့က အချိန်တစ်ရက်ပေါ့.. အဲလိုမှန်းထားခဲ့ပါတယ်… ဒီနေ့ sahana version အဟောင်းက error ရှိတယ်လို့ Bagannet က server အတွက် ကျွန်တော်နဲ့ အတူကူညီတဲ့ MIT က ATN(အောင်သူငြိမ်း) က ပြောပါတယ်… ကျွန်တော်ကလည်း နောက်ဆုံး version တင်ဖို့လုပ်ထားပါတယ်… ဒါနဲ့ စတင်မယ်ဆိုပြီး ညနေ 5 နာရီက စပြီး sahana server ကို စတင်…More

Opensource တဲ့လား

အခုတော့ နားလည်သွားပြီ… opensource ဆိုတာကြီးကို ကောင်းကောင်းသဘောပေါက်သွားပြီ.. opensource က ကျွန်တော်လက်ခံထားတဲ့ ပုံစံမဟုတ်ဘူးပဲဗျ.. သူတို့က source ပဲပေးလိုက်တယ်.. technology detail တွေ documentation တွေ မပါဘူး… internet မှာ ရှိပေမယ့် အပြည့်အစုံမရှိဘူး.. OSM ကို လုပ်လိုက်တာ ၁ လတောင်ပြည့်သွားတယ်.. မအောင်မြင်ဘူး.. သူတို့ပေးထားတဲ့ documentation ကပြည့်စုံမှုမရှိဘူး.. လုပ်နေကြလူတွေအတွက် ပြည့်စုံပေမယ့် လုပ်နေကြမဟုတ်တဲ့လူတွေ အတွက် အရမ်းခက်ခဲတာကို တွေ့ရတယ်ဗျာ… Joomla ကတော့ လွယ်တယ်… ဒါပေမယ့် reverse engineering လုပ်မယ်ဆိုရင်တော့ မလွယ်ဘူးဗျ… ကြိုက်တဲ့ opensource ကြည့်ဗျာ.. RE အတွက် ခက်ခဲတာတွေ့ရမယ်ဗျ… ဝယ်သုံးရတဲ့ဟာတွေကတော့ RE အတွက် လွယ်တယ်..…More

Review Library

ကျွန်တော်တို့ရဲ့ site အသစ်တစ်ခုပါ။ အခုမှ စတင်နေဆဲပါ။ http://review.mmopenlibrary.com မှာ လွှင့်တင်ထားပြီးပါပြီ။ အခုတော့ အချက်အလက်တွေ နည်းပါးနေသေးတယ်။ ဖြည်းဖြည်းနဲ့ လာမှာပေါ့ဗျာ… :DMore

In this days

http://glite.mysteryzillion.com ကတော့ ပြန်ရသွားပြီ… မန်းလေးက သူငယ်ချင်းတစ်ယောက် ကူညီပေးလိုက်တာ.. သူ့ရဲ့ libgmailer ကိုသုံးမှရလိုက်တယ်… အခုတလော sahana ကို လေ့လာဖြစ်တယ်.. တော်တော်လေးကိုကောင်းပါတယ်.. Disaster Management System တစ်ခုပါ… အသုံးဝင်မယ်လို့ထင်တယ်… လူတိုင်းအတွက်တော့ မဟုတ်ဘူးပေါ့… အဲဒီအကြောင်းကို ITpro မှာလည်း ပြောထားတာတွေ့နိုင်ပါတယ်.. ကျွန်တော် Glite က text editor ကို ပြင်ဖို့ကြိုးစားနေတာ… ဒီမှာကတော့ connection ကောင်းပါရဲ့ ဒါပေမယ့်.. မလှည့်နိုင်ဘူး.. ဘာပြီးရင်ဘာ… ဘာပြီးရင်ဘာ download ချရမယ်.. ဘာလုပ်ရမယ်… တောက်လျောက်စဉ်းစားနေရတော့ ပင်ပန်းတာအမှန်ပဲ… ထိုင်နေရင်းနဲ့ ပင်ပန်းတာ.. ညဆိုလည်း ၁ နာရီ ၂ နာရီလောက်ထိ မအိပ်ဖြစ်သေးဘူး.. လုပ်စရာလေးတွေ လက်စသပ်နေရသေးတယ်.. နောက်ထပ်…More

MZ Dictionary Alpha 1.1 ထွက်ရှိ

Alpha 1.1 ထွက်ပါပြီ… http://www.mysteryzillion.com/forums/downloads.php?do=file&id=4 မှာ download ချလို့ရပါတယ်.. အဲ… အဟောင်းကိုတော့ ပြန်ဖျက်ဖို့လိုတယ်ဗျ.. C:\Program Files\Babylon\Babylon-Pro\Gloss အဲဒီအောက်မှာ MZ dictionary ဆိုတာရှိတယ်.. အဲဒါကို ဖျက်ပြီးမှ အသစ်သွင်းပေါ့.. နောက်မို့ဆို ၂ ခုပေါ်နေလိမ့်မယ်… ဒါကြောင့်ပါ… http://mzdictionary.googlecode.com/svn/trunk/A-Z.xls အဲမှာတော့ A-Z စာရင်းပေါ့…. နည်းသေးတယ်.. ကျွန်တော်တို့တွေ ထပ်ဖြည့်မှာပါ.. အခုတလော လုံးဝကို မအားသေးလို့ပါ..More

Living with MMGLite

MMGlite တည်ရှိတာလည်း ၁ နှစ်တောင် ကျော်သွားပါပြီ။ တဖြည်းဖြည်းနဲ့ support လုပ်လာတာ မသိမှန်းမသိပဲ အချိန်ကြာလာပြီဆိုတာ ဒီနေ့မှ သိလိုက်ရတယ်။ ဒီနေ့မှ ထပ်ရေးဖြစ်တာလေးတွေကို news အနေနဲ့ ဖော်ပြလိုက်မှ Sep 29 2006 က စခဲ့တယ်ဆိုတာကို သိရတော့တယ်။ အမှန်တိုင်းတော့ အဲဒီ မတိုင်ခင်က စခဲ့တာပါ။ လူတွေ မသိခင် ကြိတ်စမ်းခဲ့တာ။ mmglite စတာကို မှတ်မိသေးတယ်။ planet မှာ glite ကို ဇော်ဂျီ support လုပ်လို့ရအောင် ရေးပေးကြပါလို့ တောင်းဆိုသေးတယ်။ လုပ်ပေးတယ်။ ဒါပေမယ့် အားမရဘူး။ ကျွန်တော်ဖြစ်စေချင်တာက မြန်မာတွေအတွက် ဖြစ်စေချင်တယ်။ လုပ်ပေးတဲ့ glite တောင် မမှတ်မိတော့ဘူး။ အဲမှာ စာရိုက်ရင် မြန်မာလိုရတယ်။…More