random-ideas

  • ဒီနေ့မှ ပေါက်ပေါက်ရှာရှာ စဉ်းစားမိတယ်။ လက်ရှိ Solar System က Milky Way ကို အနီးစပ်ဆုံး 515,000 mph လောက်နဲ့ ပတ်နေတယ်။ NASA မှာတော့ 828,000 km/h လို့ရေးထားတယ်။ အဲဒီအရှိန်နဲ့တောင် Milky Way ကို တစ်ပတ်ပြည့်အောင်ပတ်ဖို့ နှစ်သန်း ၂၃၀ လောက် ကြာတယ်။ အဲဒီတော့ အတိတ်ကို ပြန်သွားမယ်ဆိုတာ ကမ္ဘာပေါ်က time machine တစ်လုံးထဲနဲ့ ပြန်သွားတာမျိုးလောက် မဟုတ်ဘူးလို့ စဉ်းစားမိတယ်။ ဘာကြောင့်လဲဆိုတော့ အခု စကားပြောနေတဲ့အချိန်နဲ့ စကားပြောပြီးသွားတဲ့အချိန်မှာတောင် ကမ္ဘာဟာ universe ထဲမှာ နေရာမတူတော့ဘူး။ ရွေ့သွားပြီ။ ကမ္ဘာက နေကိုပတ်တယ်။ နေက Solar System နဲ့အတူ Milky…