ဒီနေ့မှ ပေါက်ပေါက်ရှာရှာ စဉ်းစားမိတယ်။
လက်ရှိ Solar System က Milky Way ကို အနီးစပ်ဆုံး 515,000 mph လောက်နဲ့ ပတ်နေတယ်။ NASA မှာတော့ 828,000 km/h လို့ရေးထားတယ်။ အဲဒီအရှိန်နဲ့တောင် Milky Way ကို တစ်ပတ်ပြည့်အောင်ပတ်ဖို့ နှစ်သန်း ၂၃၀ လောက် ကြာတယ်။
အဲဒီတော့ အတိတ်ကို ပြန်သွားမယ်ဆိုတာ ကမ္ဘာပေါ်က time machine တစ်လုံးထဲနဲ့ ပြန်သွားတာမျိုးလောက် မဟုတ်ဘူးလို့ စဉ်းစားမိတယ်။ ဘာကြောင့်လဲဆိုတော့ အခု စကားပြောနေတဲ့အချိန်နဲ့ စကားပြောပြီးသွားတဲ့အချိန်မှာတောင် ကမ္ဘာဟာ universe ထဲမှာ နေရာမတူတော့ဘူး။ ရွေ့သွားပြီ။ ကမ္ဘာက နေကိုပတ်တယ်။ နေက Solar System နဲ့အတူ Milky Way ကိုပတ်တယ်။ Milky Way ကိုယ်တိုင်လည်း ရွေ့နေတယ်။
ကိုယ်တွေက အဲဒီရွေ့နေတဲ့ system ထဲမှာ အတူနေတော့ ရွေ့နေမှန်း မသိတာ။ သွားနေတာ နည်းတဲ့အရှိန်လည်း မဟုတ်ဘူး။ အဲဒါကို ရပ်ပြီး အနောက်ပြန်ဆုတ်တယ်ဆိုတာ စိတ်ကူးအနေနဲ့တောင် မလွယ်ဘူး။ universe တစ်ခုလုံးကို rewind လုပ်ရသလို ဖြစ်နေတယ်။
ဒါပေမယ့် အတိတ်ကို CCTV ကြည့်သလို “ကြည့်” ဖို့ဆိုရင်တော့ principle အနေနဲ့ စိတ်ဝင်စားဖို့ကောင်းတယ်။ လွန်ခဲ့တဲ့ နှစ် ၂၀၀၀ က ကမ္ဘာကိုကြည့်ချင်ရင် အလင်းနှစ် ၂၀၀၀ ဝေးတဲ့နေရာကနေ ကမ္ဘာကိုပြန်ကြည့်ရင် အဲဒီအချိန်က ထွက်သွားတဲ့အလင်းကို မြင်ရမယ်။ နက္ခတ္တဗေဒမှာလည်း ဝေးတဲ့ကြယ်တွေ၊ galaxy တွေကို ကြည့်တာဟာ သူတို့ရဲ့အတိတ်ကို ကြည့်နေတာနဲ့တူတယ်။
ဒါပေမယ့် ဒါက theory အနေနဲ့ပဲ။ CCTV လို လူတစ်ယောက် ဘာလုပ်နေလဲ၊ အဆောက်အဦးထဲမှာ ဘာဖြစ်နေလဲ ဆိုတာမျိုးတော့ မဖြစ်နိုင်သလောက်ပဲ။ အလင်းက ရောက်နေတယ်ဆိုပေမယ့် detail ပြန်ဖတ်နိုင်ဖို့ telescope, resolution, photon amount တွေက မဖြစ်နိုင်လောက်အောင် ခက်တယ်။
Wormhole တစ်ခုနဲ့ အလင်းနှစ် ၂၀၀၀ ဝေးတဲ့နေရာကို ချက်ချင်းသွားပြီး ကမ္ဘာကိုပြန်ကြည့်နိုင်မယ်ဆိုရင်တော့ idea အနေနဲ့ လွန်ခဲ့တဲ့ နှစ် ၂၀၀၀ က ကမ္ဘာအလင်းကို မြင်နိုင်မယ်။ ဒါပေမယ့် wormhole ကိုယ်တိုင်ကလည်း theoretical ပဲ။ လက်တွေ့ရှိတယ်လို့ မပြထားသေးဘူး။ ရှိခဲ့ရင်တောင် stable ဖြစ်အောင်ထားဖို့ negative energy လိုမျိုး physics မှာ အရမ်းခက်တဲ့ requirement တွေလိုတယ်။
နောက်တစ်ချက်က everything is simulation ဖြစ်ခဲ့ရင်တော့ state ကို restore လုပ်လို့ရနိုင်မယ်။ ဒါပေမယ့် restore လုပ်လိုက်ရင် knowledge လည်း ပျောက်သွားမယ်။ ကိုယ်က time travel လုပ်ခဲ့တယ်ဆိုတာကိုတောင် မမှတ်မိတော့ဘူး။ အဲဒါကြောင့် restore state လို့ခေါ်လို့ရပေမယ့် travel လို့တော့ ခေါ်ရခက်တယ်။
နောက်တစ်ခုက coma state ပဲ။ Coma ဖြစ်နေတဲ့အချိန်မှာ brain က simulation world တစ်ခု ဖန်တီးပေးနိုင်တယ်ဆိုတဲ့ idea ပေါ့။ Universe တစ်ခုလုံးကို ဖန်တီးတာမဟုတ်ဘဲ ကိုယ့် memory ပေါ်မှာ ကိုယ့်အတွေ့အကြုံအပိုင်းကိုပဲ load တင်ထားတာ။ Game တွေလိုပဲ။ ကိုယ့်မျက်စိနဲ့မြင်ရတဲ့အပိုင်းကိုပဲ object load ခေါ်ထားတာ။ မမြင်ရတဲ့အပိုင်းတွေက တကယ်ရှိချင်မှရှိမယ်။
အဲဒီအချိန်မှာ brain က simulation world တစ်ခု ဖန်တီးပြီး ကိုယ်က အချိန်နောက်ပြန်သွားတယ်လို့ ထင်အောင်လုပ်နိုင်တယ်။ အဲဒီ world ထဲမှာပဲ နေထိုင်၊ အသက်ကြီး၊ သေဆုံးသွားနိုင်တယ်။ အထဲမှာလည်း သေ၊ အပြင်မှာလည်း သေပေါ့။ Brain ဖန်တီးထားတဲ့ simulation ဖြစ်တဲ့အတွက် အထဲက ၁၀ နှစ်က အပြင်မှာ ၁၀ မိနစ်လောက်ပဲ ရှိချင်ရှိနိုင်တယ်။
လက်ရှိ လူသားမျိုးနွယ် နားလည်ထားတဲ့ physics အရတော့ movies တွေထဲကလို အတိတ်ကို ကိုယ်ခန္ဓာနဲ့ပြန်သွားပြီး history ကိုပြောင်းတာမျိုးက လက်တွေ့ဖြစ်နိုင်တဲ့နည်းလမ်း မရှိသေးဘူးလို့ ပြောရမယ်။ Future ကို time dilation နဲ့ တစ်မျိုးသွားနိုင်တယ်ဆိုတာက science ထဲမှာရှိတယ်။ ဒါပေမယ့် past ကို ပြန်သွားတာကတော့ theoretical idea တွေပဲရှိပြီး လက်တွေ့အနေနဲ့တော့ မဖြစ်နိုင်သလောက်ပဲ။
