ကျွန်တော်တို့တွေ ပုံမှန် သုံးနေကျ software တွေ သုံးရတာ ပျင်းလာပြီ။ အသစ်သစ်တွေ စမ်းသုံးချင်တယ်။ Free & Opensource တွေ စမ်းသုံးချင်တယ်။ ဘယ်မှာ သွားရှာမလဲ။ လူတိုင်းလွယ်လွယ်ကူကူ ဖြေကြပါလိမ့်မယ်။ google မှာ ရိုက်ရှာပေါ့။ ဒါပေမယ့် google က ရလဒ်က စုစည်းထားတဲ့ ရလဒ်မဟုတ်ဘူးလေ။ ကျွန်တော်ကတော့ wikipedia မှာပဲ ရှာတယ်။ ကဲ… ထားပါတော့။ Web Browser ကို firefox ကြီးသုံးရတာ ပျင်းလာပြီ။ Opera ကိုလည်း သုံးဘူးတယ်။ IE ကလည်း မသုံးချင်ဘူး။ ဘာအသစ်တွေရှိသေးလဲ။ မသုံးရသေးတာ ဘာတွေရှိသေးလဲ။ Google မှာ ရှာလို့ကတော့ မူးနောက်သွားနိုင်ပါတယ်။
ကျွန်တော်ကတော့ wikipedia မှာ အရင်ဆုံး firefox ကို ရှာလိုက်တယ်။ အောက်ဆုံးက Categories မှာကြည့်လိုက်ပါ။ Free Web Browser ဆိုတာတွေ့ပါလိမ့်မယ်။ ကဲ.. အဲမှာ web browser အသစ်အသစ်တွေကို တွေ့ရမှာပါ။ ကျွန်တော်ကတော့ စမ်းကြည့်ပြီးပါပြီ။ overall ကြည့်လိုက်ရင် Firefox က အကောင်းဆုံးပါပဲ။ firefox ထက်မြန်တဲ့ browser တွေ တွေ့ရမှာပါ။ ဒါပေမယ့် Design , Addon , GUI ပိုင်းတွေမှာ အားနည်းနေတာတွေကို တွေ့မှာပါ။
အဲလိုပဲ ကျွန်တော် Download Manager တွေကို ရှာကြည့်ပါသေးတယ်။ Free ပေးထားတဲ့ download manager တွေကို တွေ့နိုင်မှာပါ။ ဒါပေမယ့် IDM ကတော့ အမြန်ဆုံးပဲဗျ။ free တွေရဲ့ feature က IDM လောက်မကောင်းဘူး။ ဘာပဲပြောပြော လိုချင်တဲ့ software တွေကို google ထက် wikipedia ကို ပိုရှာနိုင်တာ အမှန်ပဲလေ။
Leave a Reply