My Laptop Comeback

ကျွန်တော့် laptop လေးပြန်ရောက်လာပါပြီ။ အခုမှပဲ နေရထိုင်ရ သက်သာတော့တယ်။ Ubuntu ပြန်သုံးရလို့လေ။ ဒီနေ့မရလည်း ထားလိုက်တော့ သွားယူလိုက်တော့မယ်လို့ စဉ်းစားထားတာ။ ဖုန်းဆက်လို့သွားယူတော့

“singapore က ပစ္စည်းမှာရမယ်ဆို”

“ကျွန်တော်တို့တွေ ပြန်ကပ်လိုက်တယ်ဗျ။
ဖြည်းဖြည်း ဖွင့်ပိတ်ရင်တော့ ရတယ်”

“အော်… ဒါဆို ယူသွားလို့ရပြီပေါ့”

“ပစ္စည်းစစ်ပြီးရင် ယူသွားလို့ရပါပြီ”

“Service ခ ဘယ်လောက်ကျလဲမသိဘူး”

“ရပါတယ်… ပေးစရာမလိုပါဘူး”

မည်သို့ပင်ဖြစ်စေ…. အခုတော့ သုံးလို့ရနေပြီ… သို့သော်…laptop ကတော့ LCD ပြန်မပိတ်ရဲချေ…

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.