Mangareader.net to ebook

Manga တွေကို Nook Simple Touch ထဲမှာ ထည့်ဖတ်ဖို့အတွက် epub file format သို့မဟုတ် PDF format မှ အဆင်ပြေပါလိမ့်မယ်။ iPad , iPhone တို့မှာလို app တွေ မရှိတဲ့အတွက် သီးသန့် image တစ်ခုခြင်းဆီကို download ချရပါတယ်။ ဒါနဲ့ github မှာရှာကြည့်လိုက်တော့ mdl ဆိုပြီး ruby နဲ့ ရေးထားတာ တွေ့ပါတယ်။

အစကတော့ အဲဒီ file နဲ့ epub လုပ်တာကို python နဲ့ ရေးထားပါတယ်။ သို့ပေမယ့် ruby က gem သီးသန့် ထပ်သွင်းရမှာ ဖြစ်တဲ့အတွက်ကြောင့် ruby script ကို ကြည့်ပြီးတော့ python နဲ့ ပြန်ရေးဖြစ်တယ်။ အခုနောက်ဆုံး version ကိုတော့ pdf ပါ support လုပ်အောင် ဖန်တီးပေးထားပါတယ်။

မူရင်း script အတိုင်း mangareader.net မှာ manga ရဲ့ ပတ်လမ်းကြောင်း ပေးလိုက်တာနဲ့ အဲဒီ chapter က စပြီး အဆုံးထိ download ချသွားပါလိမ့်မယ်။ connection တော့ အတော်အသင့် ကောင်းဖို့လိုပါတယ်။

အသုံးပြုဖို့အတွက် python 2.7 ကို သွင်းထားပေးဖို့ပဲ လိုပါတယ်။

https://github.com/saturngod/mangareader-to-ebook/blob/master/README.md မှာ သုံးပုံသုံးနည်း ကို ဖတ်ကြည့်လို့ရပါတယ်။

Script ကိုတော့ ဒီမှာ download ချနိုင်ပါတယ်။

4 Comments

  1. kyaw khine says:

    ရဘူးဗျ naruto ကိုဒေါင်းတာ ဒေါင်းလို့ရဘူး One Piece လည်းရဘူး ဘယ်လိုလုပ်ရမလဲဟင် သူတို့ လင့်တွေက အစပိုင်းမှာ ဒီလိုတွေချည်းပဲ http://www.mangareader.net/93-1-1/naruto/chapter-1.html ခုနောက်ပိုင်းမှသာ http://www.mangareader.net/naruto/570 ဒီလိုဖြစ်သွားတာ အဲ့ဒါကြောင့်လားသိဘူး

    1. saturngod says:

      It should be OK. Let me check again.

  2. zarlyan says:

    $python mdl.py http://www.mangareader.net/bleach/482 Bleach
    အဲလို ဘယ်နားမှာ ရိုက်ပြီး ဘယ်လို run ရမှာလဲ အစ်ကို script နဲ့ python 2.7 ကို download လုပ်ပြီးပါပြီ
    ဘယ်လို သုံးရမလဲဆိုတာ မရှင်းဘူးဖြစ်နေလို့ပါ
    download လုပ်ချင်လို့ ကူညီပေးပါဗျာ
    ကျေးဇူးတင်လျက်

    1. saturngod says:

      did you install python ?

      Try python on cmd.

      ( Run -> Type cmd -> Enter . Blank Screen will appear. Type python -> Enter )

      If you can type python , go to the download path that exist mdl.py

      Example :

      C:\> cd C:\mdl\
      C:\mdl\> python mdl.py http://www.mangareader.net/bleach/482 Bleach

Leave a Comment

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.