Mangareader.net to ebook

Manga တွေကို Nook Simple Touch ထဲမှာ ထည့်ဖတ်ဖို့အတွက် epub file format သို့မဟုတ် PDF format မှ အဆင်ပြေပါလိမ့်မယ်။ iPad , iPhone တို့မှာလို app တွေ မရှိတဲ့အတွက် သီးသန့် image တစ်ခုခြင်းဆီကို download ချရပါတယ်။ ဒါနဲ့ github မှာရှာကြည့်လိုက်တော့ mdl ဆိုပြီး ruby နဲ့ ရေးထားတာ တွေ့ပါတယ်။

အစကတော့ အဲဒီ file နဲ့ epub လုပ်တာကို python နဲ့ ရေးထားပါတယ်။ သို့ပေမယ့် ruby က gem သီးသန့် ထပ်သွင်းရမှာ ဖြစ်တဲ့အတွက်ကြောင့် ruby script ကို ကြည့်ပြီးတော့ python နဲ့ ပြန်ရေးဖြစ်တယ်။ အခုနောက်ဆုံး version ကိုတော့ pdf ပါ support လုပ်အောင် ဖန်တီးပေးထားပါတယ်။

မူရင်း script အတိုင်း mangareader.net မှာ manga ရဲ့ ပတ်လမ်းကြောင်း ပေးလိုက်တာနဲ့ အဲဒီ chapter က စပြီး အဆုံးထိ download ချသွားပါလိမ့်မယ်။ connection တော့ အတော်အသင့် ကောင်းဖို့လိုပါတယ်။

အသုံးပြုဖို့အတွက် python 2.7 ကို သွင်းထားပေးဖို့ပဲ လိုပါတယ်။

https://github.com/saturngod/mangareader-to-ebook/blob/master/README.md မှာ သုံးပုံသုံးနည်း ကို ဖတ်ကြည့်လို့ရပါတယ်။

Script ကိုတော့ ဒီမှာ download ချနိုင်ပါတယ်။

4 responses to “Mangareader.net to ebook”

  1. ရဘူးဗျ naruto ကိုဒေါင်းတာ ဒေါင်းလို့ရဘူး One Piece လည်းရဘူး ဘယ်လိုလုပ်ရမလဲဟင် သူတို့ လင့်တွေက အစပိုင်းမှာ ဒီလိုတွေချည်းပဲ http://www.mangareader.net/93-1-1/naruto/chapter-1.html ခုနောက်ပိုင်းမှသာ http://www.mangareader.net/naruto/570 ဒီလိုဖြစ်သွားတာ အဲ့ဒါကြောင့်လားသိဘူး

    1. It should be OK. Let me check again.

  2. $python mdl.py http://www.mangareader.net/bleach/482 Bleach
    အဲလို ဘယ်နားမှာ ရိုက်ပြီး ဘယ်လို run ရမှာလဲ အစ်ကို script နဲ့ python 2.7 ကို download လုပ်ပြီးပါပြီ
    ဘယ်လို သုံးရမလဲဆိုတာ မရှင်းဘူးဖြစ်နေလို့ပါ
    download လုပ်ချင်လို့ ကူညီပေးပါဗျာ
    ကျေးဇူးတင်လျက်

    1. did you install python ?

      Try python on cmd.

      ( Run -> Type cmd -> Enter . Blank Screen will appear. Type python -> Enter )

      If you can type python , go to the download path that exist mdl.py

      Example :

      C:\> cd C:\mdl\
      C:\mdl\> python mdl.py http://www.mangareader.net/bleach/482 Bleach

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.

Discover more from Saturngod

Subscribe now to keep reading and get access to the full archive.

Continue reading