Noto San Zawgyi with English Glyph

စာအုပ်ထုတ်ဖို့ စာရိုက်ပြီးတော့ စာတွေ ပြန်စစ်တော့ အမှားတွေ အများကြီးပဲ ဖြစ်နေတယ်။ အဓိက ကတော့ ဝင်းပြောင်းလိုက်တာရယ် နောက်ပြီးတော့ Code ကို နားမလည်ပဲ ပြန်ရိုက်ထားတာကြောင့် spacing တွေ ပြဿနာဖြစ်နေတာ။ ဒါနဲ့ပဲ အစကနေ ပြန်စစ်ပြီး Unicode နဲ့ ရေးထားတာ ပြောင်းကြည့်ဖို့ လုပ်ဖြစ်တယ်။ Indesign ဖြစ်တော့ Unicode support လုပ်ပြီထင်ပြီး စမ်းကြည့်တော့ အလုပ်မလုပ်ဘူး ဖြစ်နေတယ်။ Unicode Support လုပ်ဖို့အတွက်က သီးသန့် unicode font ကို သုံးမှ ရမှာ ဆိုတော့ အဆင်မပြေပြန်ဘူး။ font design မများသလို အထူအပါးတွေကလည်း နည်းတယ်။ လက်ရှိ font design များတာကတော့ win ဖြစ်သည့်အတွက်ကြောင့် indesign အတွက်က win အဆင်ပြေဆုံးပဲ။ font design ထက် အထူ အပါးလေးတွေ အပြည့်အစုံဆိုရင်တော့ Noto San ကို အဆင်ပြေတယ်။ ဒါပေမယ့် Notosan Myanmar က Indesign မှာ သုံးလို့မရဘူး။ Noto San က Zawgyi version ရှိတယ်။ သို့ပေမယ့် english glyph မပါလာတော့ Indesign မှာ သုံးရတာ အဆင်မပြေပြန်ဘူ:။ ဒါနဲ့ Noto Tool ကို သုံးပြီးတော့ Zawgyi နဲ့ English ကိုပေါင်းသုံးလိုက်တော့ အဆင်ပြေသွားတယ်။

ပေါင်းထားသည့် font တွေကို လိုချင်ရင်တော့ အောက်က link မှာ download ချလို့ရပါတယ်။

https://github.com/saturngod/notosan-zawgyi

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.

Discover more from Saturngod

Subscribe now to keep reading and get access to the full archive.

Continue reading