Bagan ASR

ASR ဆိုတာကတော့ Automatic Speech Recognition (Speech to Text) ပါ။ Bagan ကနေ ပြီးတော့ Myanmar ASR ကို လုပ်နေတာ အတော်လေးကို ကြာနေပါပြီ။ ၁ နှစ်ကျော်လောက်တော့ ရှိပြီ ထင်တယ်။ အခုတော့ ၂၀% ပြီးပြီ ဖြစ်သည့် အတွက်ကြောင့် demo စမ်းလို့ ရပါတယ်။ Demo ကို https://research.baganintel.ai/asr မှာ စမ်းနိုင်ပါတယ်။

လက်ရှိ စမ်းသလောက်တော့ စာလုံးတော်တော်များများ မသိသေးဘူး။ Mobile နဲ့ က ပိုအဆင်ပြေတယ်။ Laptop နဲ့က mic က noise တွေ များနေတာ ကြောင့် အဆင်မပြေဘူး။ နောက်ပြီး အနားမှာ ပြန်ကာ ဖွင့်ထားရင် ထွက်လာသည့် result ကတော့ မမှန်တော့ပါဘူး။ Bagan CTO ကိုစိုး နဲ့ ပြောကြည့်တော့ မကြာခင်မှာ noise canceling ပါသည့် feature နဲ့ ပိုကောင်းသည့် ASR ကို update လုပ်ပေးမယ်လို့ ဆိုပါတယ်။ Update ရမှ ထပ်ပြီး ပြန်စမ်းပါအုံးမယ်။

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.

Discover more from Saturngod

Subscribe now to keep reading and get access to the full archive.

Continue reading