Rabbit

Rabbit ဆိုတာကတော့ နောက်ထပ် Unicode To Zawgyi , Zawgyi To Unicode converter တစ်ခုပါ။ Zawgyi To Unicode ကို ၂၀၁၁ တုန်းက ရေးထားခဲ့ဘူးတာပါ။ နောက်ပိုင်း Unicode ကနေ Zawgyi ပြောင်းတာ ရေးမယ် ရေးမယ် နဲ့ မရေးဖြစ်ခဲ့ပဲ ပြီးခဲ့တဲ့ ၃ ရက်လောက်ကမှ ရေးမယ်ဆိုပြီး ရေးလိုက်တာ ဒီနေ့ ပြီးသွားပါတယ်။

ကျွန်တော့်ရဲ့ converter က ၁၀၀% မှန် မယ်လို့ အာမ မခံ ပါဘူး။ အဓိက က ကျွန်တော် ဇော်ဂျီ ၂၀၀၉ ကို အဓိကထားပြီး ပြောင်းထားတာ ရယ် နောက်ပြီးတော့ သေသေချာချာ အကုန် မစစ်ရသေးတာရယ်ကြောင့်ပါ။ တကယ်လို့ မှားနေတာ ရှိရင် Github က issue မှာ issues တွေ ဖွင့်ထားခဲ့လို့ ရပါတယ်။ ကျွန်တော့် converter ထက် ပိုကောင်းပြီး တိကျတဲ့ converter ကတော့ ပုရပိုက် ပါ။ သို့ပေမယ့် GPL license ဖြစ်နေတာ ကြောင့် ကိုယ့်ဘာသာကိုယ် ပြန်ရေးဖြစ်တာပါ။ GPL ဟာ website တွေ အတွက် ပြဿနာ မဟုတ်ပေမယ့် App တွေ Program တွေမှာ ထည့်သုံးမယ်ဆိုရင် source code ကို open ပေးရပါတယ်။ ရောင်းသည် ဖြစ်စေ မရောင်းသည်ဖြစ်စေ Open ပေးမှ ဖြစ်ပါတယ်။ ဒါကြောင့် လက်ရှိ Android App တွေမှာ backend က program တွေ ဘက်မှာ အသုံးပြုဖို့ သိပ်အဆင်မပြေပါဘူး။ ဒါကြောင့် Rabbit ကို ပြန်ရေးဖြစ်တာပါ။ Rabbit ကိုတော့ WTFPL (Do What The Fuck You Want To Public License) ကို အသုံးပြုထားပါတယ်။

Website မှာ အသုံးပြုမယ်ဆိုရင်တော့ ပုရပိုက် ကို အသုံးပြုနိုင်ပါတယ်။ တကယ်လို့ APK တွေ backend program တွေ အတွက် ဆိုရင်တော့ Rabbit ကို အသုံးပြုနိုင်ပါတယ်။ သို့ပေမယ့် အမှားလေးတွေ ရှိနိုင်ပါတယ်။ တကယ်လို့ အမှားတွေ တွေ့ခဲ့ရင် ချက်ခြင်း issue တင်ပေးစေချင်ပါတယ်။ ဒါမှသာ အမှား ကင်းစင်သည့် converter ကို ကျွန်တော်တို့တွေ ဖန်တီး နိုင်ပါလိမ့်မယ်။

နောက်ပြီး Javascript သာမက အခြား language တွေကိုပါ အထောက်အပံ့ ပေးနိုင်ဖို့ ရည်ရွယ်ထားပါတယ်။ အခုတော့ Javascript နဲ့ Java ၂ ခု တည်းပဲ ပြီးသေးပါတယ်။ မကြာခင်မှာ Objective-C နဲ့ Swift အတွက် ရေးဖို့ အစီအစဉ် ရှိပါတယ်။

စမ်းသပ်ချင်တယ်ဆိုရင်တော့

1 Comment

Leave a Comment

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.