Traditional Launcher in Windows

Launcher တွေ Dock တွေက windows အတွက် အများကြီးရှိပါတယ်။ ဒါပေမယ့် ကျွန်တော့် စိတ်ကြိုက်တော့ မတွေ့ဘူးဗျ။ ကျွန်တော့် အကြိုက်ဆုံး Launcher ကတော့ ဝေဖြိုးပြောပြတဲ့ run ကနေ သွားတာပဲဗျ။ ကျွန်တော် အရင်ကတည်းက run ကနေပဲ သွားတာ။ ဝေဖြိုးရေးတာ တွေ့တာနဲ့ပဲ ကျွန်တော်လည်း ပြန်မျှဝေလိုက်ရတာ။

Run ကနေပြီးတော့ winword လို့ရိုက်တာနဲ့ microsoft word ပွင့်သွားတယ်လေ။ နောက်ပြီး calc ရိုက်လိုက်ရင် calculator တက်လာတယ်။ Run ကိုသွားဖို့ကလည်း Win key + R တွဲနှိပ်လိုက်ရုံပဲလေ။ ကိုယ့်စိတ်ကြိုက် run လေးတွေ ထည့်ချင်ရင်တော့

Run (win+E) -> regedit ကိုသွားပါ။ ပြီးရင်

HKEY_LOCAL_MACHINE\SOFTWARE\Microsoft\Windows\CurrentVersion\App Paths

အဲဒီကို ရောက်အောင် သွားလိုက်ပါ။ ကိုယ်ထည့်ချင်တာက IDM ဆိုပြီး ရိုက်ထည့်လိုက်ရင် Internet Download Manager တက်လာစေချင်တယ်ဆိုပါစို့။ App Paths ကို right click -> New -> Key ကိုနှိပ်လိုက်ပါ။ IDM.exe လို့ရိုက်လိုက်ပါ။ IDM.exe လို့ပေးတာက IDM လို့ရိုက်ထည့်ရင် တက်စေချင်လို့ပါ။ IDM.exe folder လေးကို နှိပ်လိုက်ရင် ညာဘက်မှာ Default ကို double click လုပ်။ Value မှာ IDM Path ဖြစ်တဲ့ C:\Program Files\Internet Download Manager\IDMan.exe ကို ထည့်ပေးလိုက်။ OK လုပ်။

ပြီးရင်တော့ run ကနေ IDM လို့ရိုက်ကြည့်လိုက်ပါ။ IDM တက်လာပါလိမ့်မယ်။

3 Comments

  1. googooster says:

    ကောင်းလိုက်တာဗျာ။ registry နဲ့ ဆိုတော့ ပိုမြင့်တာပေါ့။ အရင် ကျွန်တော်လုပ်တာက Photoshop shortcut ကို ‘ps’ လို့ ပြောင်းပြီး Windows folder ထဲကို copy လုပ်တာပဲ။ ကိုစေတန်ရဲ့ နည်းက ပိုမိုက်တယ်။ :)

  2. ayechanthu says:

    ဒါဆို တော်တော်အဆင်ပြေတာပဲ။ ပြန်မျှပေးတာကိုပဲ ကျေးဇူး။

  3. kotharthar says:

    ကျွန်တော်ကတော့ Launchy.net က Launchy ကိုပဲသုံးပါတယ်။
    အခု Linux Version ပါထွက်လာတော့ ကျွန်တော့်အတွက် Linux ရော၊ Windows မှာပါ သုံးနိုင်လို့ Start Menu ဆိုတာ ရှိမှန်းတောင် မသိတော့ဘူး။

Leave a Comment

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.