ကျွန်းသေးသေးလေးမှာ အလုပ်လုပ်တော့မယ်လို့ တကယ်ဆုံးဖြတ်ပြီးပြီလား။ တကယ်ကော ကိုယ့်ကိုယ်ကို ယုံကြည်မှုအပြည့်ရှိလား။ ကိုယ့်ရဲ့ အရည်အချင်း အတွေ့အကြုံတွေကို တခြားသူတွေ reference မပါခင် ကိုယ့်ဘာသာကိုယ် အပြည့်အဝ အာမခံနိုင်လား။ မြန်မာနိုင်ငံမှာ မနေချင်လို့ နိုင်ငံခြားထွက်မယ်ဆိုတဲ့ အူကြောင်ကြောင် အတွေးအခေါ်တွေကို ခဏလောက်မေ့ပြီး ဒီနိုင်ငံမှာ ဘာတွေလုပ်နေလဲ။ သူ့တို့ business flow က ဘာလဲ။ အဓိက ဘာ tool တွေ ကို အသုံးပြုလဲ။ ကိုယ်နဲ့ ကိုက်တာတွေ ရှိလားဆိုတာကိုကော လေ့လာပြီးပြီလား။
အရင်ဆုံးတော့ ဘာတွေ လုပ်ရမလဲဆိုတာကို ကျွန်တော်မပြောခင် အောက်က link တွေကို သွားဖတ်သင့်တယ်။
If you want to come to Singapore for IT career – 1
If you want to come to Singapore for IT career – 2
အဲဒါတွေကိုတော့ ကို Zack ရေးထားတာတွေပေါ့။ နောက်ပြီး IT Mg Mg ရေးထားတာလေးတွေကိုလည်း ဖတ်ကြည့်လိုက်ပါအုံး။
စင်္ကာပူကို လာမယ်ဆိုရင် အပိုင်း(၁)
စကာင်္ပူကို လာမယ်ဆိုရင် အပိုင်း(၂)
အဲဒါတွေကို အရင်ဖတ်လိုက်အုံးဗျာ။ ပြီးရင် ကျွန်တော်လိုတာလေးတွေ ထပ်ဖြည့်ရေးပေးမယ်။ အဲဒီ ၂ ခုနဲ့ တင်တော်တော်လေး ပြည့်စုံတယ်ဗျ။ ကျွန်တော်ကတော့ ကို Zack ကို ကိုဇင်မင်း (IT Mg Mg)ကိုကော ကျေးဇူးတင်ပါတယ်။ ဘာတွေ ပြင်ဆင်ရမလဲဆိုတာကို သူတို့တွေ သေသေချာချာ ရေးပေးထားပါတယ်။
Leave a Reply