singapore

  • လုပ်ငန်းခွင်

    ကျောင်းပြီးရင် အလုပ်လုပ်မယ်လို့ ဆိုပေမယ့် လုပ်ငန်းခွင်ဆိုတာ ဘယ်လို မျိုးလဲ ? အလုပ်ထဲမှာ ဘာတွေ လုပ်ရမလဲ ? စတာတွေက တွေးတော စရာတွေပါ။ အများသူငှာ ထင်တာကတော့ မတတ်ပေမယ့် လုပ်ငန်းခွင်ထဲ ရောက်ရင် တတ်သွားမှာပဲလို့ ဆိုကြတယ်။ မှန်တော့မှန်ပါတယ်။ သို့ပေမယ့် တွေးထင်သလို မလွယ်ဘူး။ အလုပ်လုပ်တဲ့ အခါမှာ ဘယ်သူမှ ကိုယ့်ကို မကူညီနိုင်ကြဘူး။ တော်တော်များများ တွေးထင်ကြတာက လုပ်ငန်းခွင်ထဲရောက်ရင် အပေါ်ကလူတွေက သင်ပေးမယ်လို့ ထင်တတ်ကြတယ်။ အဲလိုထင်ရင်တော့ တက်တက်စင်အောင် လွဲတာပဲ။ တကယ်တန်း လုပ်ငန်းခွင်ဆိုတာက ရေကူး သလိုပဲ။ မင်းရေကူးတတ်လားဆိုပြီး အင်တာဗျုးမယ်။ ကူးတတ်တယ်လို့ ပြောလိုက်ရင် ရေကန်ထဲ ပစ်ချလိုက်မယ်။ ကိုယ့်ဘာသာ ကူးတော့။ ဘယ်သူမှ လာမကယ်နိုင်ဘူး။ မကူးနိုင်ရင် နှစ်သွားမှာပဲ။…

  • အခုတလော blog ရေးတာကို ပေးမယ့် အချိန်အစား CSS စာအုပ်ပြီးအောင် ရေးဖို့ အချိန်ပေးမယ်လို့ ဆုံးဖြတ်ထားပြီး CSS စာအုပ်ပဲ ရေးဖြစ်နေတယ်။ blog post တွေမှာ ရေးချင်တာရှိသေးတယ်။ သို့ပေမယ့် CSS စာအုပ်က နှစ်ပေါက်နေပြီ။ အဲဒီ အကြွေး အရင်ကျေအောင် ဆပ်မယ်ဆိုပြီး ရေးတော့ ရေးနေတာပဲ။ HTML စာအုပ်တုန်းက စာမျက်နှာ ၅၀ လောက်ပဲ ရှိပေမယ့် CSS စာအုပ်က အခုရေးနေတာ ၆၀ ရှိနေပြီ။ ဒါတောင် တဝက်ပဲ ရောက်သေးတယ်။ W3Cschool ကို reference လုပ်ပြီး ကျောရိုး ယူပြီး ရေးနေတာကြောင့် detail နည်းနည်းကျတာလဲ ပါတယ်။ CSS စာအုပ်ပြီးရင်တော့ Blog ပြန်ရေးပါ့မယ်။…

  • တစ်ပတ်လောက် game development အတွက် စာတွေ ဖတ်လိုက်ရတယ်။ cocos2d ကိုလည်း အမြန် လေ့လာရတယ်။ အိမ်ပြန်ချိန် ည ၉ နာရီ ဖြစ်တာလည်း ၁ ပတ်ကျော်နေပြီ။ ၁ ပတ်အတွင်းမှာ တော်တော်လေး အပင်ပန်းခံလိုက်တာ game development အကြောင်းကို အနည်းငယ် တီးခေါက်မိသွားတယ်။ အများကြီးမသိသေးရင်တောင် အရင်ကထက်တော့ နည်းနည်း ပိုသိလာပြီလို့ ဆိုရမယ်။ ပြီးခဲ့တဲ့ ၂ ပတ်ကစပြီး လုံးဝ ကို မအားတာ။ ရုံးက dead line တွေကော bugs တွေကော နဲ့ ရှုပ်နေတာပဲ။ game သေးသေးလေး တစ်ခုကို ပြီးခဲ့တဲ့ အပတ်က စရေးခိုင်းတယ်။ ခက်တာက logic ရှိတယ်။ မရေးတတ်ပြန်ဘူး။…

  • singapore part 1 မှာတော့ ဒီမှာ ကျောင်းလာတက်မယ့် ကလေးတွေ အကြောင်းပြောခဲ့ပါတယ်။ အခု အပိုင်း ၂ မှာတော့ အလုပ်နဲ့ ပတ်သက်ပြီး ကျွန်တော့် အမြင်လေးတွေကို တင်ပြချင်ပါတယ်။ အဲ.. အလုပ်ဆိုလို့ ကျွန်တော် Job ? ဆိုတဲ့ post တစ်ခု ရေးခဲ့သလို ကျွန်းသေးသေးလေးကို ထွက်ခွာခြင်း ဆိုပြီးတော့လည်း ရေးခဲ့ဖူးတယ်။ အခု စလုံး ကို ရောက်လာတာ ၁ နှစ်ရှိသွားပြီဆိုတော့ အလုပ်အကြောင်းတော့ ဒီမှာ နှစ်ကြာနေတဲ့သူတွေလောက် မသိပေမယ့် အနည်းအကျဉ်းတော့ သိလာပါပြီ။ ဒါကြောင့် ဒီကို လာမယ့်သူတွေကို မနှစ်က စထွက်လာကစ ကျွန်းသေးသေးလေးကို ထွက်ခွာခြင်းထက် ပိုသိလာပြီပေါ့ဗျာ။

  • Singapore ?

    မနေ့က နိုင်ငံခြား ရောဂါ ဆိုပြီး ကိုမိုးစက်မှော် blog ကနေ ဖတ်လိုက်ရတယ်။ ဖတ်ကြည့်လိုက်တော့လည်း ဟုတ်နေသလိုလိုပါပဲ။ ဟုတ်နေသလိုလိုပါပဲလို့ ပြောရတာက ကျွန်တော့်ပတ်ဝန်းကျင်မှာ အဲလို ကိစ္စတွေ မကြုံဖူးလို့ပါ။ ကျွန်တော် Singapore မှာ နေတဲ့ အသိုင်းအဝိုင်းက ရုပ်ရှင်ကားထဲက စကားလုံးကို ဌားသုံးပြီးပြောရရင်တော့ ပညာတတ်အသိုင်းအဝန်းပေါ့။ တနည်းဆိုရရင် ဘွဲ့ရပြီး လုပ်ငန်းခွင်ထဲမှာ လုပ်ကိုင်နေတဲ့သူတွေ Master ဆက်တက်နေတဲ့သူတွေကြီးပါပဲ။ အင်္ဂလိပ်စာ မပြောတတ်တဲ့သူ မပါသလို ကိုယ့်အားကိုယ်ကိုးချင်စိတ် မရှိတဲ့သူတွေလည်း မပါဘူးလို့ ဆိုရမယ်။ ဒါကြောင့် ကျွန်တော် နိုင်ငံခြားရောဂါမှာ ပြောထားတာတွေ ဟုတ်သလား မဟုတ်လားတော့ သေချာမသိပါ။

  • အပြောင်းအရွှေ့ – ၂

    ကျွန်တော် အပိုင်း ၁ ကိုတော့ ရေးပြီးပါပြီ။ အပိုင်း ၁ မှာတော့ အလုပ်ရတဲ့ အကြောင်း ကို ရေးပြီးပါပြီ။ အဲ.. အလုပ်လည်း ရတယ်။ ဒီဘက်ကိုလည်း အလုပ်ထွက်မယ်လို့ ပြောလိုက်ပြီ။ ကျွန်တော့် အမှားက အဲမှာ စတာပဲ။ ဒီဘက်က EP status မသိရသေးခင် အလုပ်ထွက်ဖို့ အကြောင်းပြောလိုက်တာပဲ။ ပုံမှန် အားဖြင့် တော်တော်များများက EP status သိရမှ အလုပ်ထွက်စာတင်ကြပါတယ်။ ကျွန်တော်က ဒီဘက် ကနေ EP မလျှောက်ရသေးခင် ထွက်စာတင်လိုက်တော့ စိတ်မချရတဲ့ အခြေအနေကို ရောက်သွားတာပေါ့။

  • ကဲ… ကျွန်သေးသေးလေးကို သွားဖို့ အသင့်ဖြစ်ပြီ။ ကိုယ့်ကိုယ်လည်း ယုံကြည်တယ်။ ကိုယ့်ရဲ့ အတွေ့အကြုံ experience ကလည်း ၂ နှစ်လောက်ရှိတယ်။ recommendation တွေလည်း အပြည့်အစုံရှိတယ်။ reference တွေကလည်း ကောင်းပါ့။ တတ်တာတွေကလည်း နောက်ဆုံးပေါ် နည်းပညာတွေကြီးပဲ။ ဒါဆိုရင်တော့ စလုံးထွက်တာ မမှားဘူးပေါ့။

  • ကျွန်းသေးသေးလေးမှာ အလုပ်လုပ်တော့မယ်လို့ တကယ်ဆုံးဖြတ်ပြီးပြီလား။ တကယ်ကော ကိုယ့်ကိုယ်ကို ယုံကြည်မှုအပြည့်ရှိလား။ ကိုယ့်ရဲ့ အရည်အချင်း အတွေ့အကြုံတွေကို တခြားသူတွေ reference မပါခင် ကိုယ့်ဘာသာကိုယ် အပြည့်အဝ အာမခံနိုင်လား။ မြန်မာနိုင်ငံမှာ မနေချင်လို့ နိုင်ငံခြားထွက်မယ်ဆိုတဲ့ အူကြောင်ကြောင် အတွေးအခေါ်တွေကို ခဏလောက်မေ့ပြီး ဒီနိုင်ငံမှာ ဘာတွေလုပ်နေလဲ။ သူ့တို့ business flow က ဘာလဲ။ အဓိက ဘာ tool တွေ ကို အသုံးပြုလဲ။ ကိုယ်နဲ့ ကိုက်တာတွေ ရှိလားဆိုတာကိုကော လေ့လာပြီးပြီလား။