အခုတလော ရုံးမှာ designer နဲ့ တော်တော် စကားပြောရတယ်။ ပြဿနာက ဘာလည်းဆိုတော့ လက်ရှိ Designer က India ရုံးခွဲမှာ အလုပ်လုပ်နေပြီးတော့ ဒီကနေ Skype နဲ့ လှမ်းပြီးတော့ ခိုင်းနေရတယ်။ အလုပ်တော့ ဖြစ်ပေမယ့် အလုပ်မတွင်ဘူး။ ဘာပြဿနာလည်းဆိုတော့ ဆွဲလိုက်တဲ့ လက်ရာတွေက India လက်ရာတွေ India အရောင်တွေ ထွက်ထွက်လာတာပဲ။ ဒီတော့ ကျွန်တော်တို့ ကိုယ်တိုင် ကျွန်တော်တို့ လိုချင်တာတွေကို အဆင့်ဆင့်ပြောနေရတဲ့ ပြဿနာပဲ။
ဥပမာပြောရရင် India က Designer ကို မင်း A ကနေ Z အထိ လုပ်လိုက်ကွာလို့ ဆိုလိုက်ရင် A နဲ့ စပြီး Z နဲ့ ဆုံးတော့ ဆုံးမယ်။ ဒါပေမယ့် ကြားထဲက ဟာတွေက ဖျောက်တောက် တွေ ဖြစ်ကုန်ကော။ ဒီတော့ A ပြီးရင် B လာတယ်။ B ပြီးရင် C လာတယ်။ အဲလိုမျိုး အတိအကျပြောပြီး လုပ်ခိုင်းရင်တော့ လိုချင်တဲ့ အတိုင်းထွက်လာတယ်။ ဒီတော့ အချိန်အရမ်းကုန်တယ်။ ဒီတော့ creative ဖြစ်အောင် စဉ်းစားပြီး တစ်ခုခု လေး လုပ်ခဲ့ကွာဆိုရင် India လက်ရာ အစစ် အမှန် ထွက်လာပါလေရောဗျာ။ India အရောင် India Design တွေက ကျွန်တော်တို့ လိုချင်တဲ့ အရာတွေ မဟုတ်ဘူး။ ကျွန်တော်တို့က Singapore ဈေးကွက်နဲ့ US ဈေးကွက်ကို အဓိက သွားချင်တယ်။ Design တွေက Dribble ကလိုမျိုး design တွေ လိုချင်တယ်။ Designer ကို ဘယ်လိုပြောပြော သူ့မူရင်း လက်ရာတွေက် ပြင်ဖို့ တော်တော်ခက်တယ်။ ဒါကို လက်ခံပါတယ်။ ဒါကြောင့်လည်း လိုချင်တဲ့ ပုံအတိုင်းရအောင် ရုံးက သူဌေးက တဆင့်ခြင်း train လုပ်ပြီး ကြိုးစားနေတယ်လို့ မြင်တာပဲ။
သို့ပေမယ့် Dribble က designer တစ်ယောက်ကို အပ်လိုက်တာ နေ့တဝက်မှာ အကြမ်းဆွဲတဲ့ လက်ရာတစ်ခုက လက်ရှိ designer ရဲ့ လက်ရာနဲ့ အကွာကြီးကွာတယ်။ လက်ရှိ Designer က မကောင်းလို့လား။ ညံ့လို့လား။ အဲလိုလည်း မဟုတ်သေးဘူး။ သူ့ portfolio က ကောင်းသလို သူ့ graphic ပိုင်းမှာလည်း နှစ်ကြာနေပါပြီ။ ၈ နှစ် ဝန်းကျင်လောက်ရှိပြီနဲ့တူတယ်။ အဓိက သူ့ ပြဿနာက သူ့ အိန္ဒိယ design တွေ ပုံတွေထဲကနေ မထွက်နိုင်တာပဲ။ တနည်းပြောရင် သူ ၈ နှစ်လောက် ကျင်လည်ခဲ့တဲ့ ပတ်ဝန်းကျင် အတွေးအခေါ်တွေထဲကနေ ရှုန်းမထွက်ချင်တော့တာ။ Dribble တို့ designmoo တို့ လက်ရာတွေ လှတာကို သူလက်ခံတယ်။ အဲဒီ အတိုင်းဆွဲဆိုရင်လည်း ဆွဲနိုင်ပါတယ်။ ကိုယ်ပိုင် ဟန်နဲ့ ဆွဲဆိုရင်တော့ မရတော့ဘူး။ သူ့မူရင်း india ပုံစံပဲ ထွက်လာတယ်။
ကျွန်တော် စဉ်းစားမိတယ်။ ကျွန်တော်တို့ဟာ ကျွန်တော်တို့ ယဉ်ကျေးမှုတွေ လက်ရာတွေကို မြတ်နိုးတွယ်တာပြီး ဖက်တွယ်ထားရင် ကိုယ့်ရဲ့ ဖန်တီးနိုင်စွမ်းတွေ တွေးခေါ်မှုတွေကို ကန့်သတ်မိနေပြီလား။ လက်ရှိ ကိုယ့်ယဉ်ကျေးမှုကို သဘောကျတယ်။ ကိုယ့်နိုင်ငံ လက်ရာတွေကို သဘောကျတယ်။ ဒီအထိ အဆင်ပြေသေးပေမယ့် ဒါကိုမှ အကောင်းဆုံးလို့ ထင်လိုက်တဲ့ အခါမှာ အစွန်းတဖက်ရောက်သွားပြီး ကိုယ့်ထောင်ချောက်ထဲ ကိုယ်ပိတ်မိနေသလို ဖြစ်သွားနိုင်တယ်။ အနုပညာသမားပဲ ဖြစ်ဖြစ် ဘယ်သူပဲ ဖြစ်ဖြစ် ကိုယ့် ယဉ်ကျေးမှုထဲမှာ နှစ်မြောမိသွားပြီဆိုရင်တော့ တခြားလှပတဲ့ အရာတွေ ကို ဖန်တီး နိုင်စွမ်းတွေ ကျဆင်းလာလိမ့်မယ်။ ဘယ်လိုပဲ အသစ်တွေ ဖန်တီးဖန်တီး ဒီလက်ရာတွေထဲမှာပဲ ပိတ်မိနေလိမ့်မယ်။ Graphic အကြောင်းကိုတော့ ကျွန်တော် သိပ်နားမလည်သလို အနုပညာ အကြောင်းကိုလည်း သိပ်မသိပါဘူး။
သို့ပေမယ့် လက်ရှိ ဖြစ်နေတဲ့ Trend ကို နားလည်ဖို့လိုတယ်။ Professional နဲ့ အသက်မွေးဝမ်းကြောင်းပြုနေတဲ့သူတွေက professional ဆန်ရမယ်။ လက်ရှိ trend မှာ ပြောင်းလဲနေတဲ့ web 2.0 design တွေ color pattern တွေကို လျစ်လျူရှု လို့ မရဘူး။ ကျွန်တော် တို့ မြန်မာတွေမှာ သုံးနေကျ အရောင်တွေ ရှိတတ်ပါတယ်။ အထူးသဖြင့် ရွှေရောင်ပေါ့။ သို့ပေမယ့် ဒါတွေကို လက်ရှိ web trend color တွေနဲ့ ရောထွေးလို့ မရဘူး။ App Design တွေနဲ့ ပေါင်းစီးဖို့ အတွက် အချိန်တွေ ယူရမယ်။ ကျွန်တော့် အတွက်ကတော့ အိန္ဒိယမှာ သုံးတဲ့ အရောင်တွေကို ကျွန်တော့် App ထည့်သုံးဖို့ရာ ခက်တယ်။ သူတို့ရဲ့ အရောင်တော်တော်များများဟာ တောက်ပ မှုကို ဦးစားပေးထားသလိုပဲ။ ကျွန်တော်ကတော့ နုနု မှိုင်းမှိုင်းလေးတွေ သဘောကျတာကြောင့်လည်း ပါလိမ့်မယ်။
လူတစ်ယောက်ရဲ့ အတွေးအခေါ်နဲ့ လက်ရာတွေကို ပြုပြင်ဖို့က အလွန်ခက်ပါတယ်။ သို့ပေမယ့် လက်လွှတ်စပယ် အသုံးမကျဘူးလို့ ပြောမရဘူး။ သူ အရင်လုပ်ခဲ့တဲ့ အလုပ်မှာတော့ သူက ဆရာပါပဲ။ အရင် လုပ်ခဲ့တဲ့ အလုပ်ရဲ့ အဓိက market က India ဖြစ်တဲ့အတွက်ကြောင့် သူ့ လက်ရာတွေက အောင်မြင်မှုတွေ ရတာ ဖြစ်ပါလိမ့်မယ်။ သို့ပေမယ့် ဖြစ်တဲ့အတွက်ကြောင့် သူ့ လက်ရာတွေက အောင်မြင်မှုတွေ ရတာ ဖြစ်ပါလိမ့်မယ်။ သို့ပေမယ့် အနောက်တိုင်း ဘက်ကို သွားမယ်ဆိုရင်တော့ ဒါတွေကို သူ့အနေနဲ့ ပြင်နိုင်အောင် ကြိုးစားသင့်တယ်။
ဘာနဲ့ သွားတူသလဲဆိုတော့ torres တစ်ယောက် chelsea မှာ ဂိုး မသွင်းနိုင်သလိုပဲ။ ကျွန်တော်လည်း အခုရက်ပိုင်း အဲလို ခံစားနေရတယ်။ ကျွန်တော့် အနေနဲ့ web လောကမှာ နှစ်တွေ အကြာကြီး နေပြီးမှ mobile လောကကို ပြောင်းလာပြီး ၁ နှစ်အတွင်းမှာ တိုးတက်သင့်သလောက် တိုးတက်လာတယ်လို့ မခံစားရဘူး။ C++ အခြေခံ အားနည်းခဲ့တဲ့အတွက် memory ပိုင်းတွေမှာ စီမံခံခွဲမှု အရမ်းကို ညံ့ဖျင်းတယ်။ PHP ကို အသုံးများပြီး memory allocate လုပ်တာနဲ့ release လုပ်တာကို စဉ်းစားစရာ မလိုပဲ နေခဲ့တာ များလာတော့ memory ပိုင်းမှာ ဆုံးဖြတ်မှုတွေ အားနည်းလာတယ်။ ကြိုးစားပြီးတော့ လေ့လာခဲ့ပေမယ့် ကိုယ့်ကိုယ်ကို web development လုပ်တုန်းကလို ကျေနပ်အားရမှု မရနိုင်သေးဘူး။ လေ့လာမှုပိုင်းက web ပိုင်းထက်စာရင် ကျွန်တော့် အတွက် ပိုရှုပ်နေသလိုပဲ။ ကျွန်တော့် ခေါင်းထဲမှာ Node.js , PHP စတာတွေက လေ့လာမှုတွေကို ပိတ်ဆို့ထားသလို ခံစားရတယ်။ ဒါတွေကို ဖျောက်ထွက်ဖို့လည်း ကြိုးစားရအုံးမယ်။
တကယ်လို့ ဖြစ်နိုင်ရင် coding ရေးတာတွေကို လက်လွှတ်ပြီး နေနိုင်အောင် ကြိုးစားရမယ်။ သို့ပေမယ့်လည်း javascript နဲ့ ရေးထားတဲ့ code အဆန်းလေးတွေ library အသစ်လေးတွေဆိုရင် မဆန်းပဲ မနေနိုင်ဘူး။ PHP နဲ့ လုပ်ထားတဲ့ opensource web app တွေဆို သွင်းပြီးတော့ စမ်းလိုက်ချင်တယ်။ ဒါတွေကို လျော့ပြီး English စာ များများဖတ်အောင် ကိုယ့်ကိုယ်ကို ပြန်လုပ်ရမယ်။ mobile development လုပ်နေပေမယ့် တစ်ခါတစ်လေ ကိုယ့်ကိုယ်ကို web development နဲ့ ပိတ်လှောင် အကျဉ်းချထားမိသလိုပါပဲဗျာ။
Leave a Reply