CodeIgniter မှာ 403 Forbidden Error ကို ပြီးခဲ့တဲ့ အပတ်က Client ရဲ့ စက်မှာ တက်လာတယ်။ ကျွန်တော့် စက်မှာကတော့ ဘာမှမဖြစ်ဘူး။ ဘာဖြစ်လို့လည်းဆိုပြီး Googling လုပ်ကြည့်လိုက်တော့ permission ကြောင့်ပါ။ Apache က www-data ဆိုတဲ့ user နဲ့ အလုပ်လုပ်ပါတယ်။ Zip file ကို extract လုပ်လိုက်ချိန်မှာ File , Folder permission တွေအားလုံးက လက်ရှိ user ကပဲ read , write လုပ်လို့ရတဲ့ permission ဖြစ်သွားတယ်။ Linux မှာဆိုရင်တော့ file permission တွေအားလုံးကို 775 ပြောင်းပြီး file, folder group ကို www-data ပြောင်းပေးလိုက်ရင် ရသွားတယ်။ Windows မှာတော့ ကျွန်တော်မသိ။ Windows Server တွေမှာဆိုရင် 403 Forbidden ခဏခဏဖြစ်တတ်ပါတယ်။ အဲဒီ အခါ File , Folder ကို read, write permission ပြန်ပေးရတာမျိုးတွေ ရှိပါတယ်။

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.