CodeIgniter

  • အခုတလော ရုံးမှာ Restful API server ပိုင်းကို ရေးနေရတယ်။ အဲဒီမှာ CodeIgniter Routing Structure နဲ့ အဆင်မပြေတာကို တွေ့လာရတယ်။ Restful API တွေက Controller နဲ့ Model ပဲရှိတယ်။ view ဆိုတာက JSON သို့မဟုတ် XML return ပြန်တဲ့ page ပဲ ရှိတယ်။ အဲဒီတော့ API server ပိုင်းရေးတဲ့ အခါမှာ MVC pattern ဆိုတာက သိပ်အရေးပါတာမဟုတ်ဘူးဆိုတာကို သတိထားမိတယ်။ CodeIgniter ရဲ့ structure က http://www.domain.com/controller/action/parameter/parameter controller ကတော့ ရှင်းတယ်။ file တစ်ခု နဲ့ ရေးရလို့။ အဲလိုပဲ action…

  • CodeIgniter မှာ 403 Forbidden Error ကို ပြီးခဲ့တဲ့ အပတ်က Client ရဲ့ စက်မှာ တက်လာတယ်။ ကျွန်တော့် စက်မှာကတော့ ဘာမှမဖြစ်ဘူး။ ဘာဖြစ်လို့လည်းဆိုပြီး Googling လုပ်ကြည့်လိုက်တော့ permission ကြောင့်ပါ။ Apache က www-data ဆိုတဲ့ user နဲ့ အလုပ်လုပ်ပါတယ်။ Zip file ကို extract လုပ်လိုက်ချိန်မှာ File , Folder permission တွေအားလုံးက လက်ရှိ user ကပဲ read , write လုပ်လို့ရတဲ့ permission ဖြစ်သွားတယ်။ Linux မှာဆိုရင်တော့ file permission တွေအားလုံးကို 775 ပြောင်းပြီး file, folder…

  • ရန်ကုန်ကနေ CodeIgniter Tutorial Video ကို ကြည့်လို့မရဘူးဆိုတာနဲ့ http://video.saturngod.net မှာ ပြန်တင်ထားပေးပါတယ်။ အခုတော့ Day 1 ကနေ 5 အထိပဲ ပြီးသေးတယ်။ နောက်ပိုင်း Day 13 ထိ  ထပ်တင်သွားပါအုံးမယ်။ Download ချလို့ရအောင်လည်း link ပေးထားပါတယ်။

  • တော်တော်လေးကို ကောင်းတဲ့ tutorial လေးပါ။ video လည်း download ချလို့ရတယ်။ CI ကို စလေ့လာကစလူတွေအတွက် အသုံးဝင်တယ်။ http://net.tutsplus.com/videos/screencasts/codeigniter-from-scratch-day-8/ ကျွန်တော်လည်း ဒီနေ့မှ ကြည့်မိတယ်။ မဆိုးဘူးပဲ။ tutorial လုပ်တဲ့လူက CI ကို တော်တော် အတွေ့အကြုံရှိတဲ့ပုံပဲ။ တော်တောအတုယူဖို့ကောင်းတာတွေပါတယ်။ view ဆောက်ထားတာ စနစ်ကျတယ်။ ရှင်းပြတာတွေလည်း ကောင်းတယ်။ Day 1 ကနေ ပြန်ကြည့်လိုက်တော့မယ်။ အခု Day 8 ကို ကြည့်နေတာ။

  • အရင်တုန်းကတော့ PHP Framework အကြောင်းပြောခဲ့ဘူးတယ်။ MVC အကြောင်းလည်း ပြောခဲ့ဘူးတယ်။ အခု ကျွန်တော်တို့တွေ framework ကိုပြောင်းသုံးတော့မယ်။ ဘာပိုကောင်းတာတွေလဲဆိုတာကို သိပြီ။ ကျွန်တော်တို့framework ကိုပြောင်းသုံးသင့်မသင့် စဉ်းစားရအောင်။ ဘယ်သူတွေပြောင်းသင့်လဲ။ ပြောင်းသင့်တာကတော့ Professional PHP Web Developer တွေပဲဗျ။ ဟင် professional web developer တွေပဲလား။ basic သမားတွေက ဘာလို့ ပြောင်းလို့မရမှာလဲ။ အဲလို မေးလာရင်တော့ ပြောင်းချင်ရင် ရပါတယ်ဗျာ။ အဲလိုပြောင်းလိုက်တဲ့အခါမှာ အခြေခံပိုင်နိုင်ခြင်း မရှိသေးပဲ Framework ကိုပြောင်းလိုက်တဲ့အတွက် နောက်ပိုင်း framework ကို သဘောကျပြီး ဆက်သုံးဖြစ်လိမ့်မယ်။ အဲဒီအခါ PHP ရဲ့ code အချို့ကို မေ့ကုန်လိမ့်မယ်။ နောက်ထပ် framework ကို…