Ava framework ကို ရေးလိုက်တာ စနေ တနင်္ဂနွေ တစ်ခုလုံး ကုန်သွားတယ်။ လက်ရှိ ရေးထားတာက recursive ပြဿနာ ဖြစ်နေတာနဲ့ core တစ်ခုလုံး အစအဆုံး ပြန်ပြင်ရတယ်ဆို ပိုမှန်မယ်။ အခုကတော့ တော်တော် အဆင်ပြေသွားပြီ။ bluehost ကြောင့်လည်း အဲဒီ ပြဿနာ ရှိမှန်း သိလိုက်ရတာ။ အရင် အဟောင်းက memory တွေ အရမ်းသုံးတာ မသိလိုက်ဘူး။ အခု version မှာတော့ တတ်နိုင်သလောက် လျော့ချလိုက်တယ်။ အဲဒီ အကြောင်းကိုတော့ Ava light မှာတုန်းက ပြောပြီးပါပြီ။

အခုတော့ document စရေးနေပြီ။ ဘယ်တော့မှ ပြီးမလဲ မသိသေးဘူး။ Document ပြီးမှပဲ Ava ကို www.avaframework.com က home page မှာ update လုပ်ရမယ်။ အောင်စည်သူကျော် ကတော့ document မှာ English စာတွေကို ကူပြီး ပြန်ပြင်ပေးမယ်လို့ ပြောတယ်။ ကျွန်တော့်အတွက် တော်တော် အဆင်ပြေသွားပြီး အသက်ရှုချောင်သွားတယ်ဆို ပိုမှန်လိမ့်မယ်။ Document ကို သေသေချာချာ ပြန်ရေးရမှာ နည်းနည်းတော့ ပျင်းဖို့ ကောင်းပေမယ့် Document က အသက် ဆိုတာကို နားလည်ထားတော့လည်း ပြီးအောင် တော့ ရေးရမှာပဲ။ အခုကတော့ လိုအပ်တဲ့ ခေါင်းစဉ်တွေနဲ့ အကြမ်းလောက်တော့ စရေးနေပြီ။ MZ user ကိုလည်း လက်ရှိ framework ကို ပြောင်းပြီး update လုပ်လိုက်တော့ အရင်ကထက် ပိုပြီး မြန်လာတာတော့ အမှန်ပဲ။

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.

Discover more from Saturngod

Subscribe now to keep reading and get access to the full archive.

Continue reading