Ava 1.1

Ava framework ကို ကိုယ့်ဘာသာကိုယ်သုံးရင်းနဲ့ လိုအပ်တာတွေကို ဖြည့်လာတာ version 1.1 တောင် ရောက်လာပါပြီ။ version 1.1 မှာ ဘာတွေ အသစ်ထပ်ဖြည့်ထားလဲဆိုတော့ – bugs fixed plugin load more than one – change Load Model only need first character is lowercase (eg: support userRouting now) – re-add Model in model class (e.g: userRouting.php , class name is userRoutingModel) – re-add Controller in controller…More

Making Rest API – Part 2

Part 1 ကို အရင် ဖတ်ရန် Ava framework ကို ဒီမှာ download ချလိုက်ပါ။ ရလာတဲ့ zip file ကို localhost အောက်မှာ testRest ဆိုပြီး ပေးထားပါတယ်။ zip file ထဲက file တွေအားလုံးကို testRest အောက်ကို ပို့လိုက်ပါတယ်။ ပြီးရင် http://localhost/testRest ဆိုပြီး ခေါ်ကြည့်ရင် အောက်ကလို မြင်ရပါမယ်။ ကဲ .. ကျွန်တော်တို့တွေ စရေးလို့ရပါပြီ။ /system/application/controller အောက်က file တွေကို ဖျက်လိုက်ပါ။ /system/application/model အောက်က file နှင့် /system/application/view အောက်က file တွေပါ အပါအဝင်ပေါ့။ ပြီးရင် /system/config/development.php မှာ…More

Making Rest API – Part 1

ကျွန်တော် PHP နဲ့ REST API အကြောင်းကို တစ်ခေါက်ရေးဖူးပါတယ်။ အဲဒီမှာ CodeIgniter ပြဿနာကို ရေးခဲ့ဖူးပါတယ်။ Slim Framework အကြောင်းကိုလည်း ပြောခဲ့ပါတယ်။ သို့ပေမယ့် Slim Framework ပြဿနာက ကျွန်တော်တို့ routing ပတ်လမ်းကြောင်းတွေ အများကြီး ရေးနေရမှာပဲ။ file တွေ အများကြီးကို ခေါ်ပြီးတော့ run ရမှာဖြစ်တဲ့အတွက်ကြောင့် သဘောမကျလှဘူး။ ဒါနဲ့ CodeIgniter routing နဲ့ Sinatrarb routing ပေါင်းပြီးတော့ Ava framework မှာ ထည့်သွင်းလိုက်ပါတယ်။ ကျွန်တော်တို့ Rest API တစ်ခုကို ရေးကြည့်ရအောင်။ Example အနေနဲ့ blog API တစ်ခု တည်ဆောက်ပါမယ်။ GET ,…More

Ava is ready

Ava framework ကို ရေးလိုက်တာ စနေ တနင်္ဂနွေ တစ်ခုလုံး ကုန်သွားတယ်။ လက်ရှိ ရေးထားတာက recursive ပြဿနာ ဖြစ်နေတာနဲ့ core တစ်ခုလုံး အစအဆုံး ပြန်ပြင်ရတယ်ဆို ပိုမှန်မယ်။ အခုကတော့ တော်တော် အဆင်ပြေသွားပြီ။ bluehost ကြောင့်လည်း အဲဒီ ပြဿနာ ရှိမှန်း သိလိုက်ရတာ။ အရင် အဟောင်းက memory တွေ အရမ်းသုံးတာ မသိလိုက်ဘူး။ အခု version မှာတော့ တတ်နိုင်သလောက် လျော့ချလိုက်တယ်။ အဲဒီ အကြောင်းကိုတော့ Ava light မှာတုန်းက ပြောပြီးပါပြီ။More

Ava Lite

Ava framework ကို ရေးပြီးတာတော့ ကြာပြီ။ ဒါပေမယ့် bluehost မှာ တင်တော့ ပြဿနာ တက်တာပဲ။ ဘာလို့လည်းဆိုတော့ memory usages အရမ်းများနေလို့။ ဘာကြောင့်များတာလဲလို့ code ကို ကြည့်လိုက်တော့ class ကို recursive ဖြစ်နေတာတွေ့ ရတယ်။ [php] $this->load=$this; [/php] အဲဒါက အဓိက ပြဿနာပဲ။ အဲဒီ recursive က dead lock ဖြစ်သွားပြီး memory limit ပြည့်သွားတာ။ အစက hosting ကို သွားပြီး အပြစ်တင်သေးတယ်။ ဒါပေမယ့် ကိုယ့်ဘာသာ code ကို သေချာပြန်စစ်တော့ အဲဒီ နေရာက ပြဿနာ တက်ပါလေရော။ ပြန်ပြင်မယ်ဆိုတော့လည်း လက်ရှိ…More