VPS မှာ ဘာ OS သွင်းမှာလဲ အရင် ဆုံးဖြတ်ပါ။ ကျွန်တော်ကတော့ Ubuntu ပဲ အသုံးပြုပါတယ်။ PHP , Apache2, MySQL တွေ သွင်းပြီးသွားရင်တော့ apache နဲ့ domain ကို ချိတ်ပေးဖို့ လိုပါတယ်။
Apache ကို အသုံးပြုရင် virtual host ထည့်တတ်ပါတယ်။
ကျွန်တော်ကတော့ default ကိုပဲ copy ကူးပြီး နည်းနည်းပြင်လိုက်တယ်။
$cp /etc/apache2/sites-available/default /etc/apache2/sites-available/example.com
$ vi example.com
vi နဲ့ virtual host ကို ဒီလို ပြင်တယ်။
[code lang=”batch”]
<VirtualHost *:80>
ServerAdmin webmaster@localhost
ServerName www.example.com
ServerAlias example.com
DocumentRoot /var/www/example
<Directory /var/www/example/>
Options Indexes FollowSymLinks MultiViews
AllowOverride All
Order allow,deny
allow from all
</Directory>
[/code]
Document Root ကို DocumentRoot /var/www/example မှာပေးထားပါတယ်။ example.com က /var/www/example ကို point လုပ်ထားပါတယ်။ AllowOverride All လုပ်ထားဖို့ လိုပါတယ်။ ဒါမှသာ .htaccess က အလုပ်လုပ်ပါလိမ့်မယ်။
$a2enmod rewrite
rewrite module ကို Load လုပ်လိုက်တာပါ။ ပြီးရင် reload လုပ်ပေးရုံပါပဲ။
$sudo /etc/init.d/apache2 restart
ဒါဆိုရင် server ပိုင်းမှာ ပြီးပါပြီ။ VPS ရဲ့ IP က 10.9.3.200 ပဲ ထားပါဆို့။ အဲဒါကို Domain ဝယ်ထားတဲ့နေရာမှာ A record ကို သွားပြီး ချိတ်ပေးရပါမယ်။
A record မှာ
host : @
Point to : 10.9.3.200
TTL : 1 Hour
နဲ့ နောက်ထပ် record တစ်ခု
host : www
Point to : 10.9.3.200
TTL : 1 Hour
ကို ထည့်ပေးပြီး CName Record မှာ www ကို ထည့်ထားရင် ဖျက်လိုက်ပါ။ Godaddy မှာ ဝယ်ထားရင်တော့ A record ထည့်ပုံ အသေးစိတ်ကို ဒီမှာ ဖတ်ကြည့်လို့ရပါတယ်။ နောက်ထပ် ၄ နာရီလောက်စာရင် domain နဲ့ server ချိတ်ဆက်မိသွားပါမယ်။
Amazon EC2 စကိုင်တုန်းက ၂ ရက်လောက် ကြာလိုက်တယ်။ VirtualHost ကို မကိုင်တတ်လို့ တော်တော်လည်သွားတယ်။ ဒီနေ့ Rackspace server config လုပ်လိုက်တာ ခဏလေးပဲ။ ဘာဆို ဘာမှ မကြာလိုက်ဘူး။ Apache Rewrite module ကို Load လုပ်ပေးဖို့ မေ့သွားလို့ .htaccess က အလုပ်မလုပ်ဘူး ဖြစ်သွားတယ်။ Module ကို Load လုပ်ပေးလိုက်ကော ချက်ခြင်းကို အဆင်ပြေသွားတယ်။ စုစုပေါင်း ၄ နာရီလောက်ပဲ ကြာတယ်။
Amazone EC2 တုန်းက A records ကို မသိလို့ တော်တော်လိမ့်ပိတ် ခံလိုက်ရတယ်။ ဟိုဘက်က Server Administrator ဆဲတာလည်း ခံလိုက်ရတယ်။ အဲတုန်းက ရေးထားတဲ့ post တောင် ရှိသေးတယ်။ အခုတစ်ခေါက်ကတော့ ဘာဆို ဘာပြဿနာမှ မတက်ပဲ ပြီးသွားတာပဲ။
Leave a Reply