Apache

  • Nginx (engine X)

    ဒီနေ့ ရုံးမသွားရတာနဲ့ လုပ်မယ် လုပ်မယ်နဲ့ မလုပ်ဖြစ်တဲ့ Nginx ကို စမ်းဖြစ်တယ်။ Nginx ဆိုတာကတော့ Light Weight HTTP Server ပေါ့။ Apache လို မျိုး HTTP server လို့ ဆိုရမှာပေါ့။ Nginx ကို Engine X လို့ အသံထွက်တယ်။ Django ကို ကိုယ့် server မှာ run မယ်ဆိုပြီး ကြည့်လိုက်တော့ Apache နဲ့ အဆင်ပြေတဲ့ mod_python နဲ့ စမ်းပေမယ့် စိတ်တိုင်းမကျဘူး။ နှေးပြီးတော့ တစ်ခါတစ်ခါ ထထ ကြောင်တတ်တယ်။ PHP နဲ့ အတူ ယှဉ်ပြီး run ရတာ အဆင်မပြေဘူး။ ဒါနဲ့…

  • VPS မှာ ဘာ OS သွင်းမှာလဲ အရင် ဆုံးဖြတ်ပါ။ ကျွန်တော်ကတော့ Ubuntu ပဲ အသုံးပြုပါတယ်။ PHP , Apache2, MySQL တွေ သွင်းပြီးသွားရင်တော့ apache နဲ့ domain ကို ချိတ်ပေးဖို့ လိုပါတယ်။ Apache ကို အသုံးပြုရင် virtual host ထည့်တတ်ပါတယ်။ ကျွန်တော်ကတော့ default ကိုပဲ copy ကူးပြီး နည်းနည်းပြင်လိုက်တယ်။ $cp /etc/apache2/sites-available/default /etc/apache2/sites-available/example.com $ vi example.com vi နဲ့ virtual host ကို ဒီလို ပြင်တယ်။

  • ကျွန်တော်တို့ အရင်က .com ကနေ .org ပြောင်းသွားတော့ link အဟောင်းတွေ အရမ်းပဲ ပြဿနာများခဲ့ပါတယ်။ .com domain ကို sithu hosting မှာ တင်ခဲ့ပြီး ကျွန်တော်လည်း ဘာမှ မလုပ်ဖြစ်ခဲ့ပါဘူး။ အခုတော့ .com ကို ကျွန်တော့် hosting မှာ တင်ပြီးဖြစ်ပါတယ်။ sithu account ရှိတဲ့ dot5hosting က 1 year ပြည့်သွားတဲ့အတွက် @mysteryzillion.com တွေ သုံးမရဖြစ်ကုန်တယ်။ အခု ပြန်လည်ပြင်ဆင်ပြီးပါပြီ။ old site ကနေ new site ကို .htaccess file လေးရေးပြီး redirect လုပ်လို့ရပါတယ်။ google ကနေ ပဲ ရှာပြီး…

  • ကျွန်တော် တော်တော်လေးကို မူးနောက်သွားတယ်။ firefox မှာဗျာ။ apache က run နေတယ်။ ဒါပေမယ့် offline ပဲဖြစ်နေတယ်။ အဲ.. အင်တာနက် connection ရရင်တော့ အလုပ်လုပ်တယ်။ တော်တော်လေးကို ခေါင်းစားသွားတယ်။ နောက်ပြီး connectionမရတော့ရင် localhost က အလုပ်မလုပ်တော့ဘူး။ ဒါနဲ့ googling လုပ်ရတော့တာပဲ။ တွေ့သမျှတွေ အကုန်စမ်းတယ်။ အလုပ်မလုပ်ဘူး။ ဒါနဲ့ နောက်တစ်နည်း ထပ်စဉ်းစားရတယ်။ googling လုပ်ပြီးရတဲ့ နည်းလည်းကုန်ပြီ။ ဒီတော့ firefox ကဖြစ်တာလား။ apache ကဖြစ်တာလား။ ဒါပဲ စမ်းဖို့ ကျန်တော့တယ်။ ဒါနဲ့ စက်ထဲမှာ ရှိတဲ့ opera နဲ့ http://localhost ဆိုပြီး ခေါ်လိုက်တယ်။ အဲ.. အလုပ်လုပ်ပါတယ်ဗျာ။