အခုတော့ လက်ရှိ private project တွေကို codaset ကနေ bitbucket ကို ပြောင်းလိုက်ပြီ။ codaset က git repo ပဲ။ beta version တုန်းက စမ်းထားလို့ free private repo ၂ ခု ရထားတယ်။ သို့ပေမယ် ထပ်လိုချင်ရင်တော့ ပိုက်ပိုက် ထပ်ပေးရမယ်။ အခုတော့ သူတို့ ဈေးနှုန်းပါ မြှင့်လိုက်ပြီဆိုတော့ ထပ်သုံးဖို့ အကြောင်း မရှိ။ ဒါကြောင့် bitbucket ကို ပြောင်းဖို့ ဆုံးဖြတ်လိုက်တာ။ bitbucket အဓိက အချက်က unlimited private repo free ရတာပဲ။ အဲဒါကို သဘောကျတယ်။ ပြဿနာက Mercurial ကို သုံးထားတာပဲ။ သူက Git နဲ့ မတူဘူး။ ဒါကြောင့် Mercurial ကို သီးသန့် ထပ်သွင်းရတယ်။ Mercurial က python နဲ့အဓိက ရေးပြီး diff အပိုင်းကို C နဲ့ ပြန်ရေးထားတာနဲ့ တူတယ်။
Bitbucket ကို သဘောကျသွားတဲ့ အပိုင်းက http push ရလို့ပဲ။ http push ရတော့ မြန်မာနိုင်ငံကလူတွေအတွက်လည်း အဆင်ပြေတယ်။ အင်တာနက် connection ကောင်းရင် repo အတွက် bitbucket ကို သုံးလို့ရတာပေါ့။ bitbucket ကို သုံးတော့မယ်ဆိုရင်တော့ hg command ကို သိထားဖို့လိုပါတယ်။
$hg init
ဘာမှ စမလုပ်ခင် အရင်ဆုံး init လုပ်ရတယ်။
$hg add .
$hg commit -m ‘first submit’
$hg push https://[email protected]/username/projectname
လက်ရှိ ရှိတဲ့ file တွေကို ပထမဆုံး push လုပ်လိုက်တာပါ။
file အသစ်တွေ ထပ်ထည့်တာ မရှိပဲ code ပဲ ပြောင်းတယ်ဆိုရင်တော့
$hg commit -m ‘first submit’
$hg push https://[email protected]/username/projectname
file အသစ်ထပ် ဖြည့်တယ်ဆိုရင်တော့ add ကို သုံးရပါလိမ့်မယ်။
$hg add .
သူများရေးထားတာကို ပြန်ပြီး ပေါင်းချင်တယ်ဆိုရင်တော့
$hg pull https://[email protected]/username/projectname
$hg update
ဆိုပြီး လုပ်ပေးရပါတယ်။ တစ်ခါတစ်လေ merge လုပ်တဲ့ အခါ conflit ဖြစ်တဲ့ code လေးတွေ ရှိတတ်ပါတယ်။ ဒါကြောင့် ကိုယ်တိုင် code မရေးခင်မှာ အရင်ဆုံး နောက်ဆုံး version ကို pull လုပ်ပြီး update လုပ်ပါ။ ပြီးမှ ထပ်ဖြည့် ရေးတာ ပိုအဆင်ပြေပါလိမ့်မယ်။


Leave a Reply